၂၀၂၄ World Tour စတင်တော့မယ့် Nicki Minaj

ရက်ပ်ဘုရင်မကြီး Nicki Minaj အနေနဲ့ သူမရဲ့ ၅ ချပ်မြောက် စတူဒီယိုအယ်လ်ဘမ် Pink Friday 2 ကိုဒီဇင်ဘာလ(၈) ရက်နေ့ကဖြန့်ချိခဲ့ပြီးဖြစ်ပါတယ်။ ဒီအယ်လ်ဘမ်ကို နိုဝင်ဘာ ၁၇ ရက်နေ့ကထွက်ရှိဖို့လျာထားခဲ့ပေမယ့် အခုလိုနောက်ကျပြီးမှထွက်လာခဲ့တာပဲဖြစ်ပါတယ်။ဒီအယ်လ်ဘမ်ထွက်ရှိပြီး မကြာခင်မှာပဲသူမက Pink Friday 2 World Tour နာမည်နဲ့ကမ္ဘာလှည့်ဖျော်ဖြေပွဲပြုလုပ်မယ်လို့ကြေ ညာခဲ့ပါတယ်။

သူမရဲ့ World Tour ကို ၂၀၂၄ ခုနစ်၊ မတ်လ ၁ ရက်နေ့မှာ ကယ်လ်ဖိုးနီးယားပြည်နယ်ကနေစတင်မှာဖြစ်ပြီး တောင်အမေရိကရဲ့မြို့ပေါင်းများစွာကို ၂၈ ရက်ကြာ လှည့်လည်ဖျော်ဖြေမှာဖြစ်ပါတယ်။အဲဒီနောက်မှာတော့ မြောက်အမေရိကကိုသွားရောက်မှာဖြစ်ပြီး မေလ ၁၂ ရက်နေ့မှာ Austin၊Texas ပြည်နယ်ကနေ U.K. နဲ့ Europe ဘက်ကိုဆက်လက်သွားရောက်မှာဖြစ်တယ်လို့ သိရပါတယ်။သူမရဲ့ဖျော်ဖြေပွဲလက်မှတ်တွေကို ဒီဇင်ဘာလ ၁၂ နဲ့ ၁၅ ရက်တွေမှာ စတင်ရောင်းချမှာဖြစ်ပါတယ်။

Ju Ju

zawgyi



Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*