ကိုယ့်ကိုတိုးတက်ပြောင်းလဲစေမယ့်ရေတိုရည်မှန်းချက်များ
ရေတိုရည်မှန်းချက် Short-term Goals တွေချမှတ်တတ်ခြင်းက ကိုယ့်ရဲ့ Careerနဲ့ပတ်သက်တဲ့ရေရှည်မျှော်မှန်းချက်ကို အမှန်တကယ်ပြည့်ဝစေနိုင်ပါတယ်။ရေရှည်ရည်မှန်းချက်တွေအောင်မြင်ဖို့အတွက်ရေတိုရည်မှန်းချက်လေးတွေကိုပြီးမြောက်အောင်လုပ်နိုင်ဖို့ကအရေး ကြီးပါတယ်။ရည်မှန်းချက်သေးသေးလေးတွေကို အများကြီးချမှတ်ပြီးအောင်မြင်အောင်လုပ်ဆောင်တာကစိတ်အားတက်ကြွအောင်လှုံ့ ဆော်ပေးနိုင်သလို Professional Goalအတွက်လည်းအထောက်အကူပေးပါတယ်။
ရေတိုရည်မှန်းချက်သေးသေးလေးတွေအမြဲချမှတ်လေ့ရှိတယ်ဆိုတာက ကိုယ်ဟာနောက် Target တစ်ခုကိုအမြဲတမ်းအာရုံစိုက်နေတယ်ဆိုတာကိုပြသခြင်းပါပဲ။ရေတိုရည်မှန်းချက်ဆိုတာ ဘယ်လိုပုံစံရည်မှန်းချက်တွေလဲ၊ ဒါတွေက Careerအတွက်ဘာ့ကြောင့်အရေးကြီးတာလဲဆိုတာကိုပြောပြချင်ပါတယ်။အလုပ်အတွက် ရေတိုရည်မှန်းချက်ချမှတ်တဲ့နေရာမှာ 4 မျိုးရှိပါတယ်။အဲဒါတွေက Career Short-term Goals ၊ Financial Short-term Goals ၊ Academic Short-term Goals နဲ့ Health Short-term Goals တွေပဲဖြစ်ပါတယ်။
Career Short-term Goals တွေကတော့ ကိုယ့်ရဲ့ Professional Life ကို ကောင်းမွန်တဲ့အကျိုးတွေတိုက်ရိုက်သက်ရောက်စေပါတယ်။ Career Short-term Goals တွေထဲမှာကြီးမားတဲ့လုပ်ဆောင်မှုတွေလုပ်မှဆိုတာမျိုးမဟုတ်ဘဲ အလုပ်ကိုစောစောလာပြီးအလုပ်စားပွဲကိုရှင်းလင်းတာကလည်း ရေတိုရည်မှန်းချက်ထဲပါဝင်ပါတယ်။ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ဆက်ဆံရေးပိုကောင်းအောင်လုပ်မယ်၊ Customer တွေကိုအကောင်းဆုံးဝန်ဆောင်မှုပေးမယ်၊ Network ကောင်းအောင်တည်ဆောက်မယ်စတဲ့အချက်တွေကလည်း Career Short-term Goals ထဲမှာပါဝင်ပါတယ်။
လုပ်ငန်းခွင်ထဲကလူတွေအနေနဲ့ Career Short-term Goals လေးတွေတည်ဆောက်မယ်ဆိုရင် ဒီအချက် 5 ချက်ကိုနမူနာထားနိုင်ပါတယ်။ Certificate သို့မဟုတ် Degree တစ်ခုခုယူခြင်းအမြဲတမ်းပြောင်းလဲတိုးတက်နေတဲ့ဒီခေတ်ကြီးထဲမှာ ရှင်သန်ရပ်တည်မယ်ဆိုရင်
လေ့လာသင်ယူမှုကိုရပ်တန့်ပစ်လိုက်လို့မရပါဘူး။ ကိုယ့်အလုပ်အတွက်လိုအပ်တဲ့ Certificate တွေယူတာ၊ဘာသာစကားသင်တန်းတစ် ခုခုတက်တာ၊ အလုပ်အတွက်အရေးပါတဲ့ Course တစ်ခုခုကိုသင်ယူတာမျိုးတွေက ရေတိုရည်မှန်းချက်တစ်ခုအနေနဲ့အရေးပါပါတယ်။
Communication Skill နဲ့ Networking Skill ကိုတည်ဆောက်ခြင်းအပေါ်မှာပြောခဲ့သလိုပဲ လုပ်ဖော်ကိုင်ဖက်အားလုံးနဲ့ပိုကောင်းတဲ့ဆက်သွယ်ပြောဆိုမှုရအောင်လုပ်တာ၊ Networking Skill ပိုတက်လာအောင်လုပ်တာတွေကို Short-term Goal တစ်ခုအနေနဲ့လုပ်‌ ဆောင်နိုင်ပါတယ်။
အလုပ်ပြောင်းတာအလုပ်သစ်ကိုပြောင်းရွှေ့လုပ်ကိုင်တာကလည်း ကိုယ့်ရဲ့ရေတိုရည်မှန်းချက်ထဲကိုထည့်နိုင်ပါတယ်။ကိုယ့်ရဲ့ Career လမ်းကြောင်းကောင်းသထက်ပိုကောင်းဖို့အခွင့်အလမ်းတွေကိုမျက်ခြည်မပြတ်ကြည့်ပြီး ရွှေ့ပြောင်းနိုင်ရမှာပဲဖြစ်ပါတယ်။အချိန်မဖြုန်းတာအလုပ်ချိန်အတွင်းမှာတတ်နိုင်သမျှ အလုပ်များများပြီးအောင်လုပ်မယ်၊အချိန်ကိုမဖြုန်းတီးမိအောင်နေမယ်ဆိုတာကလည်း ကိုယ့် Career အတွက်အထောက်အကူပေးတဲ့ရေတိုရည်မှန်းချက်တစ်ခုပဲဖြစ်ပါတယ်။Work- Life Balance ဖြစ်အောင်နေတာအလုပ်ကိုပေါ့ပေ့ါတန်တန်လုပ်တာကမကောင်းသလိုအလုပ်ချည်းပဲဖိလုပ်နေတာကလည်းမကောင်းပါဘူး။
ဒါ့ကြောင့် အလုပ်လည်းကြိုးစားမယ်၊ကိုယ့်အတွက်လည်းကိုယ်ဂရုစိုက်မယ်၊ ဘဝကိုအဓိပ္ပါယ်ရှိရှိ၊ ပြည့်ပြည့်ဝဝဖြတ်သန်းမယ်ဆိုတာကလည်းရေတိုရည်မှန်းချက်ချမှတ်ပြီးမဖြစ်မနေလုပ်ဆောင်သင့်ပါတယ်။ဒါလေးတွေကတော့ နမူနာ Ideas လေးတွေဖြစ်ပါတယ်။ ရေတိုရည်မှန်းချက်အတွက် အကျိုးလည်းရှိ၊ကိုယ်လည်းလက်တွေ့လုပ်ဆောင်နိုင်တဲ့အရာလေးတွေကိုအကောင်အထည်ဖော်နိုင်အောင်ကြိုးစားသင့်ပါတယ်။ အဓိကကတော့ ကိုယ့် Career အတွက်အချိန်ကိုမဖြုန်းပစ်ဘဲ အမြဲတမ်းစဉ်းစားပြင်ဆင်နေဖို့ ၊ကိုယ့်ကိုယ်ကိုယ်သွေးနေဖို့အရေးကြီးတယ်ဆိုတာလေးကို မျှဝေပေးချင်တာဖြစ်ပါတယ်။
Ju Ju
zawgyi
Ju Ju
Be the first to comment
Leave a Reply
Your email address will not be published.
*