စိတ်ဖိစီးမှုများတဲ့ ရာသီခွင် (၄)ခု

စိတ်ဖိစီးမှုကို ကိုင်တွယ်ပုံက လူတဦးချင်းစီမှာ ကွာခြားပါတယ်။ ဒီရာသီခွင်တွေကတော့ရာသီခွင်အားလုံးထဲမှာ စိတ်ဖိစီးမှုအများဆုံး ရာသီခွင်တွေဖြစ်ကြပါတယ်။

Scorpio
အောက်တိုဘာ ၂၃ ကနေ နိုဝင်ဘာ ၂၁ အတွင်းမွေးဖွားတဲ့သူတွေကို Scorpios လို့ခေါ်ကြပါတယ်။ သူတို့ရဲ့စိတ်အားထက်သန်မှုနဲ့ခံနိုင်ရည်က မယုံနိုင်လောက်အောင် ရှိပေမဲ့တဖက်မှာလည်း စိတ်ခံစားမှုဆိုင်ရာမှာ ပြင်းထန်ကြပါတယ်။ သူတို့ကပုံမှန်ထက်ကျော်လွန်တဲ့အခြေ အနေများမှာ စိတ်ဖိစီးမှုကို ခံစားကြရပါတယ်။ ဒါကြောင့်တခါတလေစိတ်တည်ငြိမ်ဖို့ တရားထိုင်တာတွေပြုလုပ်နိုင်ပါတယ်။

Virgo
ဩဂုတ် ၂၃ ကနေ စက်တင်ဘာ ၂၂ အတွင်းမွေးဖွားတဲ့ Virgos တွေကအသေးစိတ်အချက်အလက်များကို စိတ်အားထက်သန်ပြီး ပြီးပြည့် စုံမှုကို မြတ်နိုးကြပါတယ်။ဒါကြောင့်ပဲ သူတို့လိုချင်တဲ့ ပြီးပြည့်စုံမှုက သူတို့ကစိတ်ဖိစီးမှုရဲ့အရင်းအမြစ်ဖြစ်လာစေပါတယ်။ အလုပ်များကိုဦးစားပေးတာ၊တာဝန်လွှဲအပ်တာတွေ၊ သင်ယူတာတွေကြောင့် စိတ်ဖိစီးမှုကိုပိုမိုဖြစ်စေပါတယ်။

Cancer
ဇွန်လ ၂၁ ရက်ကနေ ဇူလိုင် ၂၂ ရက်အတွင်း မွေးဖွားတဲ့ ဒီရာသီခွင်တွေကတော့တခြားသူတွေရဲ့စိတ်ခံစားချက်ကို အလိုလိုနားလည်နိုင်စွမ်းရှိကြပါတယ်။ သူတို့ကပတ်ဝန်းကျင်ကလူတွေရဲ့ စွမ်းအင်ကို စုပ်ယူလေ့ရှိပြီး စိတ်ပိုင်းဆိုင်ရာနွမ်းနယ်မှုကိုဖြစ်စေပါတယ်။ ဥပမာအနား ပတ်ဝန်းကျင်မှာ အဆင်မပြေတဲ့သူတွေရှိရင်လည်း သူတို့ကကူပြီးစိတ်ညစ်ပေး၊ ကိုယ်ချင်းစာပေးနဲ့ ကိုယ်တိုင်ဖြစ်ရသလိုပဲ စိတ်ဖိစီးတတ်ကြပါတယ်။ဒါကြောင့် အကန့်အသတ်တခုထားပြီး ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာကိုခံနိုင်ရည်ရှိအောင်တည်ဆောက်ထားသင့်ပါတယ်။

Capricorn
ဒီဇင်ဘာ ၂၂ ကနေ ဇန်နဝါရီ ၁၉ ကြားမွေးဖွားတဲ့ရာသီခွင်တွေကိုမကာရရာသီဖွားများလို့ခေါ်ပါတယ်။ သူတို့တွေက သိကြတဲ့အတိုင်း
ရည်မှန်းချက်ကြီးသူများဖြစ်တဲ့အလျောက် တခုခုဆိုရင်သူများထက်စိတ်ဖိစီးမှုပိုခံရလေ့ရှိပါတယ်။ သူတို့တွေက အောင်မြင်မှုနောက်ကို
မဆုတ်မနစ်လိုက်တတ်တာကြောင့်လည်း စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေနိုင်ပါတယ်။

MYit

zawgyi

စိတ္ဖိစီးမႈကို ကိုင္တြယ္ပုံက လူတဦးခ်င္းစီမွာ ကြာျခားပါတယ္။ ဒီရာသီခြင္ေတြကေတာ့ရာသီခြင္အားလုံးထဲမွာ စိတ္ဖိစီးမႈအမ်ားဆုံး ရာသီခြင္ေတြျဖစ္ၾကပါတယ္။

Scorpio
ေအာက္တိုဘာ ၂၃ ကေန ႏိုဝင္ဘာ ၂၁ အတြင္းေမြးဖြားတဲ့သူေတြကို Scorpios လို႔ေခၚၾကပါတယ္။ သူတို႔ရဲ႕စိတ္အားထက္သန္မႈနဲ႔ခံႏိုင္ရည္က မယုံႏိုင္ေလာက္ေအာင္ ရွိေပမဲ့တဖက္မွာလည္း စိတ္ခံစားမႈဆိုင္ရာမွာ ျပင္းထန္ၾကပါတယ္။ သူတို႔ကပုံမွန္ထက္ေက်ာ္လြန္တဲ့အေျခ အေနမ်ားမွာ စိတ္ဖိစီးမႈကို ခံစားၾကရပါတယ္။ ဒါေၾကာင့္တခါတေလစိတ္တည္ၿငိမ္ဖို႔ တရားထိုင္တာေတြျပဳလုပ္ႏိုင္ပါတယ္။

Virgo
ဩဂုတ္ ၂၃ ကေန စက္တင္ဘာ ၂၂ အတြင္းေမြးဖြားတဲ့ Virgos ေတြကအေသးစိတ္အခ်က္အလက္မ်ားကို စိတ္အားထက္သန္ၿပီး ၿပီးျပည့္ စုံမႈကို ျမတ္ႏိုးၾကပါတယ္။ဒါေၾကာင့္ပဲ သူတို႔လိုခ်င္တဲ့ ၿပီးျပည့္စုံမႈက သူတို႔ကစိတ္ဖိစီးမႈရဲ႕အရင္းအျမစ္ျဖစ္လာေစပါတယ္။ အလုပ္မ်ားကိုဦးစားေပးတာ၊တာဝန္လႊဲအပ္တာေတြ၊ သင္ယူတာေတြေၾကာင့္ စိတ္ဖိစီးမႈကိုပိုမိုျဖစ္ေစပါတယ္။

Cancer
ဇြန္လ ၂၁ ရက္ကေန ဇူလိုင္ ၂၂ ရက္အတြင္း ေမြးဖြားတဲ့ ဒီရာသီခြင္ေတြကေတာ့တျခားသူေတြရဲ႕စိတ္ခံစားခ်က္ကို အလိုလိုနားလည္ႏိုင္စြမ္းရွိၾကပါတယ္။ သူတို႔ကပတ္ဝန္းက်င္ကလူေတြရဲ႕ စြမ္းအင္ကို စုပ္ယူေလ့ရွိၿပီး စိတ္ပိုင္းဆိုင္ရာႏြမ္းနယ္မႈကိုျဖစ္ေစပါတယ္။ ဥပမာအနား ပတ္ဝန္းက်င္မွာ အဆင္မေျပတဲ့သူေတြရွိရင္လည္း သူတို႔ကကူၿပီးစိတ္ညစ္ေပး၊ ကိုယ္ခ်င္းစာေပးနဲ႔ ကိုယ္တိုင္ျဖစ္ရသလိုပဲ စိတ္ဖိစီးတတ္ၾကပါတယ္။ဒါေၾကာင့္ အကန႔္အသတ္တခုထားၿပီး ကိုယ့္ရဲ႕စိတ္ပိုင္းဆိုင္ရာကိုခံႏိုင္ရည္ရွိေအာင္တည္ေဆာက္ထားသင့္ပါတယ္။

Capricorn
ဒီဇင္ဘာ ၂၂ ကေန ဇန္နဝါရီ ၁၉ ၾကားေမြးဖြားတဲ့ရာသီခြင္ေတြကိုမကာရရာသီဖြားမ်ားလို႔ေခၚပါတယ္။ သူတို႔ေတြက သိၾကတဲ့အတိုင္း
ရည္မွန္းခ်က္ႀကီးသူမ်ားျဖစ္တဲ့အေလ်ာက္ တခုခုဆိုရင္သူမ်ားထက္စိတ္ဖိစီးမႈပိုခံရေလ့ရွိပါတယ္။ သူတို႔ေတြက ေအာင္ျမင္မႈေနာက္ကို
မဆုတ္မနစ္လိုက္တတ္တာေၾကာင့္လည္း စိတ္ပိုင္းဆိုင္ရာကို ထိခိုက္ေစႏိုင္ပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*