နိုင်ငံခြား တရာ့တဆယ်မှာ ပြသမယ့် BLACKPINK ရဲ့ BORN PINK

BLACKPINK အဖွဲ့ရဲ့ ပွဲဦးထွက် ရှစ်နှစ်ပြည့်နှစ်ပတ်လည်မှာတော့ BLACKPINK WORLD TOUR (BORN PINK) in CINEMAS အမည်ရှိ ဖျော်ဖြေပွဲ ရုပ်ရှင်ကို ကမ္ဘာတဝန်းရှိရုပ်ရှင်ရုံများမှာ ဖြန့်ချိတော့မှာဖြစ်ကြောင်း YG Entertainment ကနေဇွန်လ ၂၁ရက်နေ့မှာ
ကြေညာခဲ့ပါတယ်။ဇွန်လ 21 ရက်နေ့တွင် YG Entertainment မှ BLACKPINK သည် BLACKPINK WORLD TOUR [BORN PINK] IN CINEMAS" အမည်ရှိ ဖျော်ဖြေပွဲ ဇာတ်ကားသစ်ကို ကမ္ဘာတစ်ဝှမ်းရှိရုပ်ရှင်ရုံများတွင် ဖြန့်ချိတော့မည်ဖြစ်ကြောင်း တရားဝင်ကြေငြာခဲ့သည်။

ဒီဖျော်ဖြေပွဲရုပ်ရှင်ကို နိုင်ငံပေါင်း ၁၁၀မှာ ရုံတင်ပြသမှာဖြစ်ပြီး ၉၂မိနစ်ကြာချိန်ရှိပါတယ်။ YG Entertainment ကတော့ ဒီရုပ်ရှင်နဲ့ပတ် သက်ပြီး အခုလိုပြောထားပါတယ်။အံ့မခန်းထုတ်လုပ်မှုနဲ့ အထင်ကြီးလောက်စရာ စင်မြင့်တွေအပြင်၊ ဖျော်ဖြေပွဲမှာသာမြင်တွေ့ရနိုင်တဲ့ ပြန်လည်စီစဉ်ထားတဲ့ နာမည်ကြီးသီချင်းတွေရဲ့ ဖျော်ဖြေမှုတွေကိုခံစားနိုင်မှာပါလို့ ပြောထားတာပါ။ဒီဖျော်ဖြေပွဲရုပ်ရှင်ကို ကိုရီးယား၊ အမေရိကန်၊ အင်္ဂလန်နဲ့အခြားနိုင်ငံမှားမှာ ဇူလိုင် ၃၁ရက်နေ့မှာစတင်ပြသတော့မှာဖြစ်ပါတယ်။ရုပ်ရှင်လက်မှတ်များကို ဇွန် ၂၇ ရက် နံနက် ၁၁ နာရီမှာ စတင်ရောင်းချမှာဖြစ်ပါတယ်။အမျိုးသမီးအဖွဲ့အတွက် ကမ္ဘာ့အကြီးဆုံး ရုပ်ရှင်ရုံအဖြစ် ရုံတင်ပြသတော့မှာလည်းဖြစ်ပါတယ်။

MYit

zawgyi

BLACKPINK အဖြဲ႕ရဲ႕ ပြဲဦးထြက္ ရွစ္ႏွစ္ျပည့္ႏွစ္ပတ္လည္မွာေတာ့ BLACKPINK WORLD TOUR (BORN PINK) in CINEMAS အမည္ရွိ ေဖ်ာ္ေျဖပြဲ ႐ုပ္ရွင္ကို ကမာၻတဝန္းရွိ႐ုပ္ရွင္႐ုံမ်ားမွာ ျဖန႔္ခ်ိေတာ့မွာျဖစ္ေၾကာင္း YG Entertainment ကေနဇြန္လ ၂၁ရက္ေန႔မွာ
ေၾကညာခဲ့ပါတယ္။ဇြန္လ 21 ရက္ေန႔တြင္ YG Entertainment မွ BLACKPINK သည္ BLACKPINK WORLD TOUR [BORN PINK] IN CINEMAS" အမည္ရွိ ေဖ်ာ္ေျဖပြဲ ဇာတ္ကားသစ္ကို ကမာၻတစ္ဝွမ္းရွိ႐ုပ္ရွင္႐ုံမ်ားတြင္ ျဖန႔္ခ်ိေတာ့မည္ျဖစ္ေၾကာင္း တရားဝင္ေၾကျငာခဲ့သည္။

ဒီေဖ်ာ္ေျဖပြဲ႐ုပ္ရွင္ကို ႏိုင္ငံေပါင္း ၁၁၀မွာ ႐ုံတင္ျပသမွာျဖစ္ၿပီး ၉၂မိနစ္ၾကာခ်ိန္ရွိပါတယ္။ YG Entertainment ကေတာ့ ဒီ႐ုပ္ရွင္နဲ႔ပတ္ သက္ၿပီး အခုလိုေျပာထားပါတယ္။အံ့မခန္းထုတ္လုပ္မႈနဲ႔ အထင္ႀကီးေလာက္စရာ စင္ျမင့္ေတြအျပင္၊ ေဖ်ာ္ေျဖပြဲမွာသာျမင္ေတြ႕ရႏိုင္တဲ့ ျပန္လည္စီစဥ္ထားတဲ့ နာမည္ႀကီးသီခ်င္းေတြရဲ႕ ေဖ်ာ္ေျဖမႈေတြကိုခံစားႏိုင္မွာပါလို႔ ေျပာထားတာပါ။ဒီေဖ်ာ္ေျဖပြဲ႐ုပ္ရွင္ကို ကိုရီးယား၊ အေမရိကန္၊ အဂၤလန္နဲ႔အျခားႏိုင္ငံမွားမွာ ဇူလိုင္ ၃၁ရက္ေန႔မွာစတင္ျပသေတာ့မွာျဖစ္ပါတယ္။႐ုပ္ရွင္လက္မွတ္မ်ားကို ဇြန္ ၂၇ ရက္ နံနက္ ၁၁ နာရီမွာ စတင္ေရာင္းခ်မွာျဖစ္ပါတယ္။အမ်ိဳးသမီးအဖြဲ႕အတြက္ ကမာၻ႔အႀကီးဆုံး ႐ုပ္ရွင္႐ုံအျဖစ္ ႐ုံတင္ျပသေတာ့မွာလည္းျဖစ္ပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*