ဇာတ်ကားသစ်မိတ်ဆက်ပွဲမှာအရာဝတ္ထုတစ်ခုနဲ့ ပစ်ပေါက်တာခံလိုက်ရတဲ့ ဖလောရင့်စ်ဖျူး

Oppenheimer ရဲ့သရုပ်ဆောင်မင်းသမီး ဖလောရင့်စ်ဖျူးတစ်ယောက် ဘရာဇီးနိုင်ငံမှာပြုလုပ်တဲ့ဇာတ်ကားသစ်မိတ်ဆက်ပွဲကိုတက်ရောက်ရင်း မျက်နှာကိုတစ်စုံတစ်ခုနဲ့ပစ်ပေါက်တာခံလိုက်ရပါတယ်။သူမဟာ ဘရာဇီးနိုင်ငံ၊ Sao Paolo မှာကျင်းပတဲ့ Dune: Part Two ရုပ်ရှင်ကားအခမ်းအနားကိုတွဲဖက်သရုပ်ဆောင်တွေဖြစ်ကြတဲ့ Timothee Chalamat၊ Austin Butler ၊ Zendaya တို့နဲ့အတူတက်ရောက်ခဲ့တာပါ။ သရုပ်ဆောင်တွေစုပြီး ဓာတ်ပုံရိုက်ခံနေချိန်မှာသူမမျက်နှာကိုတစ်စုံတစ်ခုနဲ့ ပစ်ပေါက်ခံလိုက်ရတာဖြစ်ပါတယ်။ ဒီလိုပစ်ပေါက်ခံရတဲ့ဗီဒီယိုဟာလူမှုကွန်ရက်ပေါ်ပျံ့နှံ့လာခဲ့ပြီး ဗီဒီယိုထဲမှာတော့ အရာဝတ္ထုတစ်ခုဟာသူမပါးပေါ်တည့်တည့်ထိမှန်လာခဲ့ပြီး ကြမ်း ပြင်ပေါ်ပြုတ်ကျသွားခဲ့တာပါ။ ဒီလိုပစ်ပေါက်မခံရခင်သူမက Dune: Part Two ဇာတ်ကားနဲ့ပတ်သက်ပြီးအမှတ်တရစကားတွေ ပြောနေခဲ့တာဖြစ်ပါတယ်။

ပထမ Dune ဇာတ်ကားဟာ ၂၀၂၁ ခုနစ်ကထွက်ရှိခဲ့ပြီး Dune: Part Two ကိုတော့ ၂၀၂၄ ခုနစ်၊ မတ်လ ၁ရက်နေ့မှာရုံတင်ပြသမယ်လို့သိရပါတယ်။ဒီလိုစင်အောက်ကနေပစ္စည်းတစ်ခုနဲ့ ပစ်ပေါက်တဲ့ဖြစ်ရပ်မျိုးတွေဟာ အရင်ကအဆိုတော်တွေ၊ဂီတပညာရှင်တွေပဲကြုံခဲ့ရတာဖြစ်ပေမယ့် အခုဆိုရင်တော့သရုပ်ဆောင် အနုပညာရှင်တွေပါတွေ့ကြုံလာရတာဖြစ်ပါတယ်။ဒီနှစ်ဇွန်လမှာ အဆိုတော် Bebe Rexha ဟာလည်းစင်အောက်ကနေဖုန်းနဲ့ပစ်ပေါက်တာခံခဲ့ရပါသေးတယ်။

Ju Ju

zawgyi

Oppenheimer ရဲ႕သ႐ုပ္ေဆာင္မင္းသမီး ဖေလာရင့္စ္ဖ်ဴးတစ္ေယာက္ ဘရာဇီးႏိုင္ငံမွာျပဳလုပ္တဲ့ဇာတ္ကားသစ္မိတ္ဆက္ပြဲကိုတက္ေရာက္ရင္း မ်က္ႏွာကိုတစ္စုံတစ္ခုနဲ႔ပစ္ေပါက္တာခံလိုက္ရပါတယ္။သူမဟာ ဘရာဇီးႏိုင္ငံ၊ Sao Paolo မွာက်င္းပတဲ့ Dune: Part Two ႐ုပ္ရွင္ကားအခမ္းအနားကိုတြဲဖက္သ႐ုပ္ေဆာင္ေတြျဖစ္ၾကတဲ့ Timothee Chalamat၊ Austin Butler ၊ Zendaya တို႔နဲ႔အတူတက္ေရာက္ခဲ့တာပါ။ သ႐ုပ္ေဆာင္ေတြစုၿပီး ဓာတ္ပုံ႐ိုက္ခံေနခ်ိန္မွာသူမမ်က္ႏွာကိုတစ္စုံတစ္ခုနဲ႔ ပစ္ေပါက္ခံလိုက္ရတာျဖစ္ပါတယ္။ ဒီလိုပစ္ေပါက္ခံရတဲ့ဗီဒီယိုဟာလူမႈကြန္ရက္ေပၚပ်ံ႕ႏွံ႔လာခဲ့ၿပီး ဗီဒီယိုထဲမွာေတာ့ အရာဝတၳဳတစ္ခုဟာသူမပါးေပၚတည့္တည့္ထိမွန္လာခဲ့ၿပီး ၾကမ္း ျပင္ေပၚျပဳတ္က်သြားခဲ့တာပါ။ ဒီလိုပစ္ေပါက္မခံရခင္သူမက Dune: Part Two ဇာတ္ကားနဲ႔ပတ္သက္ၿပီးအမွတ္တရစကားေတြ ေျပာေနခဲ့တာျဖစ္ပါတယ္။

ပထမ Dune ဇာတ္ကားဟာ ၂၀၂၁ ခုနစ္ကထြက္ရွိခဲ့ၿပီး Dune: Part Two ကိုေတာ့ ၂၀၂၄ ခုနစ္၊ မတ္လ ၁ရက္ေန႔မွာ႐ုံတင္ျပသမယ္လို႔သိရပါတယ္။ဒီလိုစင္ေအာက္ကေနပစၥည္းတစ္ခုနဲ႔ ပစ္ေပါက္တဲ့ျဖစ္ရပ္မ်ိဳးေတြဟာ အရင္ကအဆိုေတာ္ေတြ၊ဂီတပညာရွင္ေတြပဲႀကဳံခဲ့ရတာျဖစ္ေပမယ့္ အခုဆိုရင္ေတာ့သ႐ုပ္ေဆာင္ အႏုပညာရွင္ေတြပါေတြ႕ႀကဳံလာရတာျဖစ္ပါတယ္။ဒီႏွစ္ဇြန္လမွာ အဆိုေတာ္ Bebe Rexha ဟာလည္းစင္ေအာက္ကေနဖုန္းနဲ႔ပစ္ေပါက္တာခံခဲ့ရပါေသးတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*