ဝေဖန်ပိုင်းခြားနိုင်တဲ့ စွမ်းရည်ဆိုတာ ဘာလဲ

ဝေဖန်ပိုင်းခြားနိုင်တဲ့ တွေးခေါ်မှုစွမ်းရည်ဆိုတာ ဘာလဲ။ Critical Thinking လို့အားလုံးသိထားကြပြီးသားပါ။ အချက်အလက်များကိုခွဲခြမ်းစိတ်ဖြာဖို့၊ ဆင်ခြင်တုံတရားနဲ့ဖြေရှင်းဖို့အတွက် သင်အသုံးပြုနိုင်တဲ့ စွမ်းရည်လို့ အကြမ်းဖျင်းပြောလို့ရပါတယ်။ဒီဝေဖန်ပိုင်းခြားနိုင်တဲ့ စွမ်းရည်က သင့်အတွက် ထိရောက်တဲ့ ပြဿနာဖြေရှင်းခြင်းနဲ့ဆုံးဖြတ်ချက်ချခြင်းတို့ကို လှုံ့ဆော်ပေးတဲ့ စိတ်ပိုင်းဆိုင်ရာဉာဏ်ရည်ဉာဏ်သွေးအမျိုးအစားတခုဖြစ်ပါတယ်။ဝေဖန်ပိုင်းခြားနိုင်တဲ့ တွေးခေါ်မှုစွမ်းရည်တိုးတက်ဖို့ သင်ကြိုးစားကြည့်ဖူးပါသလား၊ဒီအချက်တွေက သင့်ကို အကူအညီဖြစ်စေပါလိမ့်မယ်။ ဒီစွမ်းရည်ကပျော့ပြောင်းတဲ့စွမ်းရည်တွေဖြစ်ကြပြီး အလေ့အကျင့်လုပ်ယူလို့ရနိုင်ပါတယ်။

ခွဲခြမ်းစိတ်ဖြာတွေးခေါ်ခြင်း

ခွဲခြမ်းစိတ်ဖြာတဲ့ မျက်လုံးများနဲ့ ပြဿနာများကို ချဉ်းကပ်ရာမှာ ရှုပ်ထွေးတဲ့ပြဿနာများကိုခွဲခြမ်းပြီး သူတို့ရဲ့အရေးပါမှုကို ဆန်းစစ်ခြင်းပါဝင်ပါတယ်။ ဥပမာအနေနဲ့ခေတ်ရေစီးကြောင်းအရ သင့်ထုတ်ကုန်ကမ်းလှမ်းချက်များကို မြှင့်တင်ဖို့အတွက်သင့်ဖောက်သည်တွေရဲ့ feedback ကို ဖော်ဆောင်ပေးနိုင်ပါတယ်။ ဒါကပြဿနာများကိုချဉ်းကပ်ရာမှာ ခွဲခြမ်းစိတ်ဖြာတွေးခေါ်ခြင်းအတွက်အထောက်အကူဖြစ်စေပါတယ်။

ပွင့်လင်းမြင်သာမှု

အတိတ်က သိမြင်မှုဆိုင်ရာ ဘက်လိုက်မှုတွေကို တွန်းလှန်ပြီး မတူညီတဲ့ အမြင်များနဲ့အပြုသဘောဆောင်တဲ့ အကြံပြုချက်များကိုလက်ခံ ပါ။ ဆန်းသစ်တီထွင်မှုကိုအားပေးပြီးတော့ အကြံဉာဏ်အသစ်များကြားရဖို့ ပွင့်လင်းမြင်သာမှုရှိဖို့လိုပါတယ်။ ပြီးတော့မတူညီတဲ့အမြင်တွေကို လက်ခံဖို့၊ လေးစားဖို့လိုပါတယ်။ ဒါမှသာကိုယ်နဲ့မတူတဲ့အတွေးအမြင်တွေကို ကြားရနိုင်မှာပါ။ ကိုယ့်ဘက်က အစကတည်းက
မတူညီတဲ့အတွေးအမြင်တွေကို လက်မခံဘူးဆိုရင် ဒီမတူညီမှုတွေကို သိမြင်ခွင့်၊ကြားခွင့်မရနိုင်တော့ပါဘူး။ ပွင့်လင်းမြင်သာမှုရှိတဲ့ အ လုပ်ပတ်ဝန်းကျင်ဖြစ်ဖို့အတွက်ကိုယ်ကိုယ်တိုင်ကအစ မတူညီမှုတွေကို လေးစားဖို့ အသိအမှတ်ပြုပေးဖို့လိုပါတယ်။

တီထွင်ဖန်တီးတွေးခေါ်မှု

တီထွင်ဖန်တီးတွေးခေါ်မှုက ကုန်ထုတ်စွမ်းအားနဲ့ ဝန်ထမ်းတွေရဲ့စိတ်ဓာတ်ကိုမြှင့်တင်ပေးဖို့အတွက် ထိရောက်တဲ့ အချက်တခုဖြစ်ပါတယ်။ ဖောက်ထွက်ခြင်းကအလုပ်ပတ်ဝန်းကျင်အတွက် မိုတီဖြစ်နိုင်ပါတယ်။ လူက အမြဲတွေးခေါ်ဖန်တီးနေမှသာမတုံးမှာလို့ ပြောဖူးကြတာ ကြားဖူးပါလိမ့်မယ်။ ဟုတ်ပါတယ်။ ဘာကိုမှမတွေးခေါ်ဘူးဆိုရင်ကြာလာတဲ့အခါ အကြံတုံး ဉာဏ်တုံးဖြစ်သွားတတ်ပါတယ်။ ပြ ဿနာများကိုဖြေရှင်းဖို့အတွက်အကြံဉာဏ်များကို တွေးခေါ်ဖန်တီးနိုင်ပါတယ်။

ကိုယ့်ကိုယ်ကိုယ်ပြန်လည်သုံးသပ်ခြင်း

မိမိကိုယ်ကို ပြန်လည်သုံးသပ်ခြင်းက သင့်ကို ပိုမိုကောင်းမွန်တဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့တွေးခေါ်မှုဆိုင်ရာ လုပ်ငန်းစဉ်တွေကို ဖြစ်စေပါတယ်။ ကိုယ့်ကိုယ့်ကိုယ်ပဲဖြစ်ဖြစ်လုပ်ငန်းခွင်ထဲက လုပ်ဖော်ကိုင်ဖက်ကိုပဲဖြစ်ဖြစ် ပထမအမြင်နဲ့ မဆုံးဖြတ်ပါနဲ့။ပြန်လည်သုံးသပ်ဆင် ခြင်ပါ။ ပထမအမြင်က ဘက်လိုက်မှုတွေ၊ အဆိုးမြင်မှုတွေကိုဖန်တီးပေးနိုင်ပါတယ်။ ဒါကြောင့် သင့်အပြုအမူကို ဆင်ခြင်သုံးသပ်ပြီး ဆက်ဆံရေးကိုတိုးတက်အောင်လုပ်ဆောင်ပါ။

အကဲဖြတ်ခြင်း

အကဲဖြတ်ခြင်းစွမ်းရည်က အခြေအနေတခုရဲ့ ကောင်းကျိုးဆိုးကျိုးများကိုကိုင်တွယ်ဖြေရှင်းရာမှာ ယုတ္တိဗေဒကျဖို့ ကူညီပေးပါတယ်။ လုပ်ငန်းတခုလုပ်တဲ့အခါမှာအရေးကြီးတဲ့အရာနဲ့ ဦးစားပေးရမယ့်အရာကို အကဲဖြတ်နိုင်တာကလည်းသင့်ကိုပိုမိုကောင်းမွန်တဲ့ ဆုံးဖြတ် ချက်များချနိုင်ဖို့ ကူညီပေးပါလိမ့်မယ်။ဒါတွေအားလုံးက ဝေဖန်ပိုင်းခြားခြင်းဆိုင်ရာစွမ်းရည်နဲ့သက်ဆိုင်တဲ့ Soft Skills တွေပဲဖြစ်ပါတယ်။ ဒီစွမ်းရည်တွေကို တချို့တွေက မွေးရာပါ ပါလာကြပေမဲ့တချို့တွေအတွက်တော့ မွေးမြူပြီးပြုစုပျိုးထောင်ပေးရပါမယ်။

MYit

zawgyi

ေဝဖန္ပိုင္းျခားႏိုင္တဲ့ ေတြးေခၚမႈစြမ္းရည္ဆိုတာ ဘာလဲ။ Critical Thinking လို႔အားလုံးသိထားၾကၿပီးသားပါ။ အခ်က္အလက္မ်ားကိုခြဲျခမ္းစိတ္ျဖာဖို႔၊ ဆင္ျခင္တုံတရားနဲ႔ေျဖရွင္းဖို႔အတြက္ သင္အသုံးျပဳႏိုင္တဲ့ စြမ္းရည္လို႔ အၾကမ္းဖ်င္းေျပာလို႔ရပါတယ္။ဒီေဝဖန္ပိုင္းျခားႏိုင္တဲ့ စြမ္းရည္က သင့္အတြက္ ထိေရာက္တဲ့ ျပႆနာေျဖရွင္းျခင္းနဲ႔ဆုံးျဖတ္ခ်က္ခ်ျခင္းတို႔ကို လႈံ႕ေဆာ္ေပးတဲ့ စိတ္ပိုင္းဆိုင္ရာဉာဏ္ရည္ဉာဏ္ေသြးအမ်ိဳးအစားတခုျဖစ္ပါတယ္။ေဝဖန္ပိုင္းျခားႏိုင္တဲ့ ေတြးေခၚမႈစြမ္းရည္တိုးတက္ဖို႔ သင္ႀကိဳးစားၾကည့္ဖူးပါသလား၊ဒီအခ်က္ေတြက သင့္ကို အကူအညီျဖစ္ေစပါလိမ့္မယ္။ ဒီစြမ္းရည္ကေပ်ာ့ေျပာင္းတဲ့စြမ္းရည္ေတြျဖစ္ၾကၿပီး အေလ့အက်င့္လုပ္ယူလို႔ရႏိုင္ပါတယ္။

ခြဲျခမ္းစိတ္ျဖာေတြးေခၚျခင္း

ခြဲျခမ္းစိတ္ျဖာတဲ့ မ်က္လုံးမ်ားနဲ႔ ျပႆနာမ်ားကို ခ်ဥ္းကပ္ရာမွာ ရႈပ္ေထြးတဲ့ျပႆနာမ်ားကိုခြဲျခမ္းၿပီး သူတို႔ရဲ႕အေရးပါမႈကို ဆန္းစစ္ျခင္းပါဝင္ပါတယ္။ ဥပမာအေနနဲ႔ေခတ္ေရစီးေၾကာင္းအရ သင့္ထုတ္ကုန္ကမ္းလွမ္းခ်က္မ်ားကို ျမႇင့္တင္ဖို႔အတြက္သင့္ေဖာက္သည္ေတြရဲ႕ feedback ကို ေဖာ္ေဆာင္ေပးႏိုင္ပါတယ္။ ဒါကျပႆနာမ်ားကိုခ်ဥ္းကပ္ရာမွာ ခြဲျခမ္းစိတ္ျဖာေတြးေခၚျခင္းအတြက္အေထာက္အကူျဖစ္ေစပါတယ္။

ပြင့္လင္းျမင္သာမႈ

အတိတ္က သိျမင္မႈဆိုင္ရာ ဘက္လိုက္မႈေတြကို တြန္းလွန္ၿပီး မတူညီတဲ့ အျမင္မ်ားနဲ႔အျပဳသေဘာေဆာင္တဲ့ အႀကံျပဳခ်က္မ်ားကိုလက္ခံ ပါ။ ဆန္းသစ္တီထြင္မႈကိုအားေပးၿပီးေတာ့ အႀကံဉာဏ္အသစ္မ်ားၾကားရဖို႔ ပြင့္လင္းျမင္သာမႈရွိဖို႔လိုပါတယ္။ ၿပီးေတာ့မတူညီတဲ့အျမင္ေတြကို လက္ခံဖို႔၊ ေလးစားဖို႔လိုပါတယ္။ ဒါမွသာကိုယ္နဲ႔မတူတဲ့အေတြးအျမင္ေတြကို ၾကားရႏိုင္မွာပါ။ ကိုယ့္ဘက္က အစကတည္းက
မတူညီတဲ့အေတြးအျမင္ေတြကို လက္မခံဘူးဆိုရင္ ဒီမတူညီမႈေတြကို သိျမင္ခြင့္၊ၾကားခြင့္မရႏိုင္ေတာ့ပါဘူး။ ပြင့္လင္းျမင္သာမႈရွိတဲ့ အ လုပ္ပတ္ဝန္းက်င္ျဖစ္ဖို႔အတြက္ကိုယ္ကိုယ္တိုင္ကအစ မတူညီမႈေတြကို ေလးစားဖို႔ အသိအမွတ္ျပဳေပးဖို႔လိုပါတယ္။

တီထြင္ဖန္တီးေတြးေခၚမႈ

တီထြင္ဖန္တီးေတြးေခၚမႈက ကုန္ထုတ္စြမ္းအားနဲ႔ ဝန္ထမ္းေတြရဲ႕စိတ္ဓာတ္ကိုျမႇင့္တင္ေပးဖို႔အတြက္ ထိေရာက္တဲ့ အခ်က္တခုျဖစ္ပါတယ္။ ေဖာက္ထြက္ျခင္းကအလုပ္ပတ္ဝန္းက်င္အတြက္ မိုတီျဖစ္ႏိုင္ပါတယ္။ လူက အၿမဲေတြးေခၚဖန္တီးေနမွသာမတုံးမွာလို႔ ေျပာဖူးၾကတာ ၾကားဖူးပါလိမ့္မယ္။ ဟုတ္ပါတယ္။ ဘာကိုမွမေတြးေခၚဘူးဆိုရင္ၾကာလာတဲ့အခါ အႀကံတုံး ဉာဏ္တုံးျဖစ္သြားတတ္ပါတယ္။ ျပ ႆနာမ်ားကိုေျဖရွင္းဖို႔အတြက္အႀကံဉာဏ္မ်ားကို ေတြးေခၚဖန္တီးႏိုင္ပါတယ္။

ကိုယ့္ကိုယ္ကိုယ္ျပန္လည္သုံးသပ္ျခင္း

မိမိကိုယ္ကို ျပန္လည္သုံးသပ္ျခင္းက သင့္ကို ပိုမိုေကာင္းမြန္တဲ့ ပူးေပါင္းေဆာင္႐ြက္မႈနဲ႔ေတြးေခၚမႈဆိုင္ရာ လုပ္ငန္းစဥ္ေတြကို ျဖစ္ေစပါတယ္။ ကိုယ့္ကိုယ့္ကိုယ္ပဲျဖစ္ျဖစ္လုပ္ငန္းခြင္ထဲက လုပ္ေဖာ္ကိုင္ဖက္ကိုပဲျဖစ္ျဖစ္ ပထမအျမင္နဲ႔ မဆုံးျဖတ္ပါနဲ႔။ျပန္လည္သုံးသပ္ဆင္ ျခင္ပါ။ ပထမအျမင္က ဘက္လိုက္မႈေတြ၊ အဆိုးျမင္မႈေတြကိုဖန္တီးေပးႏိုင္ပါတယ္။ ဒါေၾကာင့္ သင့္အျပဳအမူကို ဆင္ျခင္သုံးသပ္ၿပီး ဆက္ဆံေရးကိုတိုးတက္ေအာင္လုပ္ေဆာင္ပါ။

အကဲျဖတ္ျခင္း

အကဲျဖတ္ျခင္းစြမ္းရည္က အေျခအေနတခုရဲ႕ ေကာင္းက်ိဳးဆိုးက်ိဳးမ်ားကိုကိုင္တြယ္ေျဖရွင္းရာမွာ ယုတၱိေဗဒက်ဖို႔ ကူညီေပးပါတယ္။ လုပ္ငန္းတခုလုပ္တဲ့အခါမွာအေရးႀကီးတဲ့အရာနဲ႔ ဦးစားေပးရမယ့္အရာကို အကဲျဖတ္ႏိုင္တာကလည္းသင့္ကိုပိုမိုေကာင္းမြန္တဲ့ ဆုံးျဖတ္ ခ်က္မ်ားခ်ႏိုင္ဖို႔ ကူညီေပးပါလိမ့္မယ္။ဒါေတြအားလုံးက ေဝဖန္ပိုင္းျခားျခင္းဆိုင္ရာစြမ္းရည္နဲ႔သက္ဆိုင္တဲ့ Soft Skills ေတြပဲျဖစ္ပါတယ္။ ဒီစြမ္းရည္ေတြကို တခ်ိဳ႕ေတြက ေမြးရာပါ ပါလာၾကေပမဲ့တခ်ိဳ႕ေတြအတြက္ေတာ့ ေမြးျမဴၿပီးျပဳစုပ်ိဳးေထာင္ေပးရပါမယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*