Digital Marketing အလုပ်နဲ့အသက်မွေးမယ်ဆိုရင်မရှိသင့်တဲ့အရာများ

ခုခေတ်မှာ Digital Marketing နယ်ပယ်ကိုလူအများအပြားစိတ်ဝင်စားလာပြီး Digital Marketer တစ်ယောက်အဖြစ်ရပ်တည်လိုသူတွေများပြားလာပါတယ်။ Digital Marketing Field ထဲကိုဝင်မယ်၊ Digital Marketing အလုပ်နဲ့ကိုယ့် Career ကိုစတင်မယ်ဆိုရင်ရှောင်သင့်တဲ့အရေးအကြီးဆုံးအချက်တွေရှိပါတယ်။ အဲဒါတွေကတော့…

ရှင်းလင်းတဲ့ရည်မှန်းချက်မရှိခြင်း
ကိုယ်ကဘာလိုချင်တာလဲ၊ ကိုယ့်အောင်မြင်မှုကိုဘယ်လိုတိုင်းတာမှာလဲဆိုတဲ့အချက်ကအလုပ်နယ်ပယ်တိုင်းမှာ ရှင်းရှင်းလင်းလင်းသိထားရမယ့်အရာဖြစ်ပါတယ်။ Digital Marketing မှာဆိုရင်လည်း SEO၊ PPC ၊ Social media ၊ Content ၊ Email စသဖြင့်ကဏ္ဍတွေအများကြီးရှိပါတယ်။တစ်ခုချင်းစီမှာ လိုအပ်တဲ့ Skill တွေမတူသလို နည်းဗျူဟာတွေလည်းကွဲပြားပါတယ်။ တစ်ချိန်တည်းမှာကိုယ်ကဒီအရာအားလုံးကို ကျွမ်းကျင်နေဖို့ဆိုတာ မဖြစ်နိုင်ပါဘူးနော်။ ဒါ့ကြောင့်ကိုယ်ကဘယ်အပိုင်းကို Focus ထားပြီးသွားမှာလဲဆိုတာကို ဆုံး ဖြတ်ထားပြီးဖြစ်ဖို့လိုပါတယ်။ တကယ်လို့ကိုယ်က SEO ကျွမ်းကျင်သူဖြစ်ချင်တယ်ဆိုရင် လေ့ကျင့်မှုအပိုင်း၊ Tools နဲ့ Search Engine
အတွက်ကျွမ်းကျင်မှုရှိအောင် အဓိကလုပ်ဆောင်ရမှာပါ။

Skill အသစ်တွေသင်ယူမှုမရှိခြင်း
Digital Marketing နယ်ပယ်ထဲမှာနေမယ်ဆိုရင်တော့ အသစ်အသစ်တွေကိုသင်ယူဖို့ပျင်းနေလို့မရပါဘူး။တစ်ရက်လေ့လာဖို့ပျင်းနေခဲ့ရင် တစ်ရက်နောက်ကျကျန်နေခဲ့မှာပဲဖြစ်ပါတယ်။အပြောင်းအလဲမြန်ဆန်ပြီး ယှဉ်ပြိုင်မှုပြင်းထန်တဲ့နယ်ပယ်ဖြစ်လို့ ခေတ်ရေစီးကဘယ် လိုသွားနေလဲ၊ဒီနေ့ဘာတွေအသစ်ဖြစ်ပေါ်သလဲဆိုတာကို အမီလိုက်နိုင်ဖို့လိုပါတယ်။ ဒါကြောင့်တကယ်စိတ်ဝင်စားမှုပြင်းထန်မှပဲ ဒီနယ် ပယ်မှာရပ်တည်နိုင်မှာဖြစ်ပါတယ်။

Portfolio ကောင်းကောင်းမတည်ဆောက်ခြင်း
Digital Marketer တစ်ယောက်အနေနဲ့ ကိုယ့် Portfolio ကိုလှလှပပသပ်သပ်ရပ်ရပ်တည်ဆောက်ထားနိုင်ရပါမယ်။ ကျွမ်းကျင်မှုတွေ၊ လေ့လာနေဆဲပညာရပ်တွေဆိုတာကိုယ့် Portfolio မှာအမြဲလိုပါဝင်နေရမှာပါ။ Social Media မျိုးစုံကိုလည်းသုံးဖူးရမှာဖြစ်သလို ဘယ်
Platform မှာပဲဖြစ်ဖြစ် Client က ကိုယ့်ကိုအလွယ်တကူရှာဖွေတွေ့ရှိနိုင်ဖို့လိုပါတယ်။ Portfolio ကောင်းကောင်းတည်ဆောက်ထားပြီး Social Media ကိုထိထိရောက်ရောက်အသုံးချတတ်မယ်ဆိုရင် Client တွေများများရလာဖို့သေချာပါတယ်။

စမ်းသပ်မှုအားနည်းခြင်း
Digital Marketing ဆိုတာကတစ်ခုတည်းနဲ့ဘယ်ပုံစံခွက်ထဲဖြစ်ဖြစ်ဝင်တယ်ဆိုတဲ့အရာမျိုးလုံးဝမဟုတ်ပါဘူး။အခုတစ်ကြိမ်မှာအဆင် ပြေပေမယ့်နောက်တစ်ကြိမ်မှာ အဆင်မပြေတော့တာမျိုးဖြစ်နိုင်ပါတယ်။ဒါ့ကြောင့် အပြောင်းအလဲတွေလုပ်ပြီးအမြဲတမ်းစမ်းသပ်နေရမှာဖြစ်ပါတယ်။ ခေါင်းစဉ် ၊ ပုံ နဲ့ စာသား၊ Keywords ၊ Audience နဲ့ Channel စတာတွေကိုအမြဲလိုပြောင်းလဲအသုံးချကြည့်ရမှာပါ။ Feedback တွေစုဆောင်းဖို့၊ Data Analyze လုပ်ဖို့ကိုလည်းပျင်းနေလို့မရပါဘူးနော်။ Facebook ရဲ့စည်းကမ်းချက်တွေ ၊ SEO စည်းမျဉ်းတွေ၊ PPC Policies တွေကိုလည်းနားလည်သိရှိထားဖို့အရေးကြီးပါတယ်။

ပြုလွယ်ပြောင်းလွယ်မရှိခြင်း
လှေကြီးထိုးရိုးရိုးသမား၊ စာအုပ်ကြီးသမားတွေနဲ့ Digital Marketing နယ်ပယ်ကအဆင်ပြေမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ Market နဲ့ Audience ရဲ့မတူညီတဲ့လိုအပ်ချက်တွေကို အကောင်းဆုံးဖြည့်ဆည်းရမှာ မို့လို့ပါ။ စိန်ခေါ်မှုတွေကိုလက်ခံနိုင်ပြီးဆန်းသစ်တဲ့စိတ်ကူး၊ မတူညီတဲ့ချဉ်းကပ်မှုရှိရပါမယ်။ မတူညီတဲ့တောင်းဆိုမှုတွေကိုနားလည်ပေးနိုင်ရမှာဖြစ်ပါတယ်။ ပြုလွယ်ပြောင်းလွယ်မဖြစ်ရင်၊ အလွယ်တကူသင်ယူနိုင်စွမ်းမရှိရင်ဒီနယ်ပယ်မှာအခက်အခဲတွေရင်ဆိုင်ရနိုင်ပါတယ်။ဒါတွေကတော့ Digital Marketing နဲ့အသက်မွေးမယ်ဆိုရင် အဓိကသိထားသင့်တဲ့အခြေခံအကျဆုံးအချက်တွေပဲဖြစ်ပါတယ်။ အားလုံးပဲကိုယ်ချစ်တဲ့ Career နဲ့ဝင်ငွေတွေအများကြီးရှာ ဖွေနိုင်ကြပါစေ။

Ju Ju

zawgyi

ခုေခတ္မွာ Digital Marketing နယ္ပယ္ကိုလူအမ်ားအျပားစိတ္ဝင္စားလာၿပီး Digital Marketer တစ္ေယာက္အျဖစ္ရပ္တည္လိုသူေတြမ်ားျပားလာပါတယ္။ Digital Marketing Field ထဲကိုဝင္မယ္၊ Digital Marketing အလုပ္နဲ႔ကိုယ့္ Career ကိုစတင္မယ္ဆိုရင္ေရွာင္သင့္တဲ့အေရးအႀကီးဆုံးအခ်က္ေတြရွိပါတယ္။ အဲဒါေတြကေတာ့…

ရွင္းလင္းတဲ့ရည္မွန္းခ်က္မရွိျခင္း
ကိုယ္ကဘာလိုခ်င္တာလဲ၊ ကိုယ့္ေအာင္ျမင္မႈကိုဘယ္လိုတိုင္းတာမွာလဲဆိုတဲ့အခ်က္ကအလုပ္နယ္ပယ္တိုင္းမွာ ရွင္းရွင္းလင္းလင္းသိထားရမယ့္အရာျဖစ္ပါတယ္။ Digital Marketing မွာဆိုရင္လည္း SEO၊ PPC ၊ Social media ၊ Content ၊ Email စသျဖင့္က႑ေတြအမ်ားႀကီးရွိပါတယ္။တစ္ခုခ်င္းစီမွာ လိုအပ္တဲ့ Skill ေတြမတူသလို နည္းဗ်ဴဟာေတြလည္းကြဲျပားပါတယ္။ တစ္ခ်ိန္တည္းမွာကိုယ္ကဒီအရာအားလုံးကို ကြၽမ္းက်င္ေနဖို႔ဆိုတာ မျဖစ္ႏိုင္ပါဘူးေနာ္။ ဒါ့ေၾကာင့္ကိုယ္ကဘယ္အပိုင္းကို Focus ထားၿပီးသြားမွာလဲဆိုတာကို ဆုံး ျဖတ္ထားၿပီးျဖစ္ဖို႔လိုပါတယ္။ တကယ္လို႔ကိုယ္က SEO ကြၽမ္းက်င္သူျဖစ္ခ်င္တယ္ဆိုရင္ ေလ့က်င့္မႈအပိုင္း၊ Tools နဲ႔ Search Engine
အတြက္ကြၽမ္းက်င္မႈရွိေအာင္ အဓိကလုပ္ေဆာင္ရမွာပါ။

Skill အသစ္ေတြသင္ယူမႈမရွိျခင္း
Digital Marketing နယ္ပယ္ထဲမွာေနမယ္ဆိုရင္ေတာ့ အသစ္အသစ္ေတြကိုသင္ယူဖို႔ပ်င္းေနလို႔မရပါဘူး။တစ္ရက္ေလ့လာဖို႔ပ်င္းေနခဲ့ရင္ တစ္ရက္ေနာက္က်က်န္ေနခဲ့မွာပဲျဖစ္ပါတယ္။အေျပာင္းအလဲျမန္ဆန္ၿပီး ယွဥ္ၿပိဳင္မႈျပင္းထန္တဲ့နယ္ပယ္ျဖစ္လို႔ ေခတ္ေရစီးကဘယ္ လိုသြားေနလဲ၊ဒီေန႔ဘာေတြအသစ္ျဖစ္ေပၚသလဲဆိုတာကို အမီလိုက္ႏိုင္ဖို႔လိုပါတယ္။ ဒါေၾကာင့္တကယ္စိတ္ဝင္စားမႈျပင္းထန္မွပဲ ဒီနယ္ ပယ္မွာရပ္တည္ႏိုင္မွာျဖစ္ပါတယ္။

Portfolio ေကာင္းေကာင္းမတည္ေဆာက္ျခင္း
Digital Marketer တစ္ေယာက္အေနနဲ႔ ကိုယ့္ Portfolio ကိုလွလွပပသပ္သပ္ရပ္ရပ္တည္ေဆာက္ထားႏိုင္ရပါမယ္။ ကြၽမ္းက်င္မႈေတြ၊ ေလ့လာေနဆဲပညာရပ္ေတြဆိုတာကိုယ့္ Portfolio မွာအၿမဲလိုပါဝင္ေနရမွာပါ။ Social Media မ်ိဳးစုံကိုလည္းသုံးဖူးရမွာျဖစ္သလို ဘယ္
Platform မွာပဲျဖစ္ျဖစ္ Client က ကိုယ့္ကိုအလြယ္တကူရွာေဖြေတြ႕ရွိႏိုင္ဖို႔လိုပါတယ္။ Portfolio ေကာင္းေကာင္းတည္ေဆာက္ထားၿပီး Social Media ကိုထိထိေရာက္ေရာက္အသုံးခ်တတ္မယ္ဆိုရင္ Client ေတြမ်ားမ်ားရလာဖို႔ေသခ်ာပါတယ္။

စမ္းသပ္မႈအားနည္းျခင္း
Digital Marketing ဆိုတာကတစ္ခုတည္းနဲ႔ဘယ္ပုံစံခြက္ထဲျဖစ္ျဖစ္ဝင္တယ္ဆိုတဲ့အရာမ်ိဳးလုံးဝမဟုတ္ပါဘူး။အခုတစ္ႀကိမ္မွာအဆင္ ေျပေပမယ့္ေနာက္တစ္ႀကိမ္မွာ အဆင္မေျပေတာ့တာမ်ိဳးျဖစ္ႏိုင္ပါတယ္။ဒါ့ေၾကာင့္ အေျပာင္းအလဲေတြလုပ္ၿပီးအၿမဲတမ္းစမ္းသပ္ေနရမွာျဖစ္ပါတယ္။ ေခါင္းစဥ္ ၊ ပုံ နဲ႔ စာသား၊ Keywords ၊ Audience နဲ႔ Channel စတာေတြကိုအၿမဲလိုေျပာင္းလဲအသုံးခ်ၾကည့္ရမွာပါ။ Feedback ေတြစုေဆာင္းဖို႔၊ Data Analyze လုပ္ဖို႔ကိုလည္းပ်င္းေနလို႔မရပါဘူးေနာ္။ Facebook ရဲ႕စည္းကမ္းခ်က္ေတြ ၊ SEO စည္းမ်ဥ္းေတြ၊ PPC Policies ေတြကိုလည္းနားလည္သိရွိထားဖို႔အေရးႀကီးပါတယ္။

ျပဳလြယ္ေျပာင္းလြယ္မရွိျခင္း
ေလွႀကီးထိုး႐ိုး႐ိုးသမား၊ စာအုပ္ႀကီးသမားေတြနဲ႔ Digital Marketing နယ္ပယ္ကအဆင္ေျပမွာမဟုတ္ပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ Market နဲ႔ Audience ရဲ႕မတူညီတဲ့လိုအပ္ခ်က္ေတြကို အေကာင္းဆုံးျဖည့္ဆည္းရမွာ မို႔လို႔ပါ။ စိန္ေခၚမႈေတြကိုလက္ခံႏိုင္ၿပီးဆန္းသစ္တဲ့စိတ္ကူး၊ မတူညီတဲ့ခ်ဥ္းကပ္မႈရွိရပါမယ္။ မတူညီတဲ့ေတာင္းဆိုမႈေတြကိုနားလည္ေပးႏိုင္ရမွာျဖစ္ပါတယ္။ ျပဳလြယ္ေျပာင္းလြယ္မျဖစ္ရင္၊ အလြယ္တကူသင္ယူႏိုင္စြမ္းမရွိရင္ဒီနယ္ပယ္မွာအခက္အခဲေတြရင္ဆိုင္ရႏိုင္ပါတယ္။ဒါေတြကေတာ့ Digital Marketing နဲ႔အသက္ေမြးမယ္ဆိုရင္ အဓိကသိထားသင့္တဲ့အေျခခံအက်ဆုံးအခ်က္ေတြပဲျဖစ္ပါတယ္။ အားလုံးပဲကိုယ္ခ်စ္တဲ့ Career နဲ႔ဝင္ေငြေတြအမ်ားႀကီးရွာ ေဖြႏိုင္ၾကပါေစ။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*