ကိုယ့်ကိုမုန်းတဲ့လုပ်ဖော်ကိုင်ဖက်နဲ့ရင်ဆိုင်ရတဲ့အခါ

ကိုယ်နဲ့အလုပ်အတူတူလုပ်နေတဲ့လုပ်ဖော်ကိုင်ဖက်တစ်ယောက်ဟာအကြောင်းပြချက်ကြီးကြီးမားမားမရှိပေမယ့်လည်း ကိုယ့်ကိုမုန်းနေနိုင်ပါတယ်။ တချို့က သူတို့ Type မဟုတ်ရင် အလိုလိုကြည့်မရဖြစ်တတ်ကြသလိုအလုပ်လုပ်ပုံကွာခြားလွန်းပြန်ရင်လည်းအမုန်းခံရ တတ်ပါသေးတယ်။လုပ်ငန်းခွင်တိုင်းဟာ ကိုယ့်မိဘအိမ်လိုမဟုတ်တဲ့အတွက် အခက်အခဲတွေ၊အမုန်းတရားတွေကတော့ရှိမှာအမှန်ပါပဲ။ ကိုယ့်ကိုအလိုလိုမုန်းနေတဲ့သူတစ်ယောက်ကိုဘယ်လိုတုံ့ပြန်မလဲ။ တတ်နိုင်သမျှသည်းခံပြီးမေတ္တာပဲပို့မလား ဒါမှမဟုတ်ပွင့်ပွင့်လင်းလင်းမေးပြီးအဖြေရှာမလား ဘယ်ဟာကအကောင်းဆုံးဖြစ်မယ်လို့ထင်ပါသလဲ။ ဒါတွေကလူတစ်ယောက်ရဲ့ကိုယ်ရည်ကိုယ်သွေးနဲ့ ခံယူချက်ပေါ်မူတည်ပြီးကွဲပြားသွားနိုင်ပါတယ်။

ကိုယ့်ကိုမုန်းတဲ့သူရှိနေတဲ့နေရာမှာ လူတစ်ယောက်ဟာအကောင်းဆုံးပျော်ရွှင်မှုကိုရနိုင်မှာမဟုတ်ပါဘူး။အလုပ်မှာစိတ်ဖိစီးမှုကိုအမြဲခံစားနေရပြီး အလုပ်လုပ်နိုင်စွမ်း၊ တီထွင်ဖန်တီးနိုင်စွမ်းတွေကိုထိခိုက်လာမှာပဲဖြစ်ပါတယ်။ဒါ့ကြောင့်လည်း ကိုယ်နဲ့လုပ်ဖော်ကိုင်ဖက်တစ် ယောက်ယောက်ကြားဒီလိုအမုန်းတရားပြဿနာလေးတွေရှိလာခဲ့ရင် ဒီအစိုင်အခဲကို ချေဖျက်နိုင်ဖို့ကြိုးစားတာကအကောင်းဆုံးပါ။ကိုယ်ကအလုပ်မှာတော်လို့ အောင်မြင်မှုတစ်ခုခု၊ ဆုတစ်ခုခုရတဲ့အခါ ကိုယ့်ကိုမုန်းနေသူအပေါ်မှာပိုပြီးချိုသာပြနိုင်ဖို့ကြိုးစားပါ။ ကိုယ်တစ် ယောက်တည်းကြောင့်မဟုတ်ဘဲလုပ်ဖော်ကိုင်ဖက်တွေရဲ့ကူညီမှုကြောင့်သာ အောင်မြင်မှုရတယ်ဆိုတာမျိုးကျေးဇူးတင်ပေးနိုင်ပါတယ်။
ကိုယ့်ဘက်ကစေတနာပါပါနဲ့ကူညီပေးနိုင်ဖို့ကြိုးစားတာကလည်းအမုန်းတွေပျောက်ကွယ်စေတဲ့နည်းတစ်ခုပါပဲ။ ကိုယ့်ကိုမုန်းတဲ့သူဖြစ်နေရင်တောင်သူအကူအညီလိုတဲ့အခါကူညီပေးလိုက်ပါ။ ဒါကအကောင်းဆုံးသောဖြေရှင်းနည်းဖြစ်သလိုစေတနာရောင်ပြန်ဟပ်လာပါလိမ့်မယ်။

ကိုယ့်ဘက်ကကြင်နာမှုကိုပြသတာကလည်း မုန်းနေသူကိုနိုင်စေမယ့်နည်းတစ်ခုပါပဲ။အမုန်းတရားကိုမေတ္တာနဲ့အနိုင်ယူဖို့ ဗုဒ္ဓကပဲဟော ကြားတာမဟုတ်ဘဲ Business ပိုင်းကလူတွေကပါဒီနည်းလမ်းကိုပဲ ညွှန်းကြတာဖြစ်ပါတယ်။ဒါ့ကြောင့် သူမုန်းတာသိနေရင်တောင်ကိုယ့် ဘက်ကမေတ္တာမပျက်ဆက်ဆံနိုင်ဖို့အရေးကြီးပါတယ်။သူကိုယ့်အပေါ်မကြည်ဖြူဘူးဆိုပြီးကိုယ်ကအချိန်တိုင်းအတင်းကြီးသွားချိုပြနေဖို့တော့လည်းမလိုပါဘူး။ ဒီလိုမုန်းတဲ့သူတွေကြောင့်စိတ်ရှုပ်ရ၊စိတ်ခံစားရတဲ့အခါ ကိုယ့်အတွက် space တစ်ခုယူပြီး ကိုယ့်စိတ်ကိုယ်အ ဆင်ပြေအောင်၊ကြည်လင်အောင်အရင်ဆုံးလုပ်ယူနိုင်ပါတယ်။ သူတို့ကို တစ်ခါတလေမှာလျစ်လျူရှုမှု၊ တစ်ခါတလေမှာချစ်ခင်ကူညီပေးခြင်းတွေနဲ့အနိုင်ယူနိူင်ပါတယ်။ကိုယ့်ကိုသူကမုန်းနေကြောင်းကို စိတ်ချရတဲ့လုပ်ဖော်ကိုင်ဖက်တစ်ယောက်ယောက် ဒါမှမဟုတ် ကိုယ့်ရဲ့
Supervisor ကိုဖွင့်ပြောနိုင်ပါတယ်။ အကြံဉာဏ်ယူနိုင်ပါတယ်။ ဒီလိုကိစ္စမျိုးကိုအထက်လူကြီးတွေကအဆင်ပြေအောင် ကိုင်တွယ်တတ်ကြပါတယ်။လုပ်ငန်းခွင်ထဲမှာပဲဖြစ်ဖြစ်၊ ပြင်ပလောကမှာပဲဖြစ်ဖြစ် ကိုယ့်ကိုမုန်းနေတဲ့သူတစ်ယောက်ကိုမေတ္တာ၊စေတနာနဲ့ပြန်ဆက်ဆံပေးတာက အနိုင်ရစေမယ့်အကောင်းဆုံးနည်းလမ်းပဲဖြစ်ပါတယ်။

Ju Ju

zawgyi

ကိုယ္နဲ႔အလုပ္အတူတူလုပ္ေနတဲ့လုပ္ေဖာ္ကိုင္ဖက္တစ္ေယာက္ဟာအေၾကာင္းျပခ်က္ႀကီးႀကီးမားမားမရွိေပမယ့္လည္း ကိုယ့္ကိုမုန္းေနႏိုင္ပါတယ္။ တခ်ိဳ႕က သူတို႔ Type မဟုတ္ရင္ အလိုလိုၾကည့္မရျဖစ္တတ္ၾကသလိုအလုပ္လုပ္ပုံကြာျခားလြန္းျပန္ရင္လည္းအမုန္းခံရ တတ္ပါေသးတယ္။လုပ္ငန္းခြင္တိုင္းဟာ ကိုယ့္မိဘအိမ္လိုမဟုတ္တဲ့အတြက္ အခက္အခဲေတြ၊အမုန္းတရားေတြကေတာ့ရွိမွာအမွန္ပါပဲ။ ကိုယ့္ကိုအလိုလိုမုန္းေနတဲ့သူတစ္ေယာက္ကိုဘယ္လိုတုံ႔ျပန္မလဲ။ တတ္ႏိုင္သမွ်သည္းခံၿပီးေမတၱာပဲပို႔မလား ဒါမွမဟုတ္ပြင့္ပြင့္လင္းလင္းေမးၿပီးအေျဖရွာမလား ဘယ္ဟာကအေကာင္းဆုံးျဖစ္မယ္လို႔ထင္ပါသလဲ။ ဒါေတြကလူတစ္ေယာက္ရဲ႕ကိုယ္ရည္ကိုယ္ေသြးနဲ႔ ခံယူခ်က္ေပၚမူတည္ၿပီးကြဲျပားသြားႏိုင္ပါတယ္။

ကိုယ့္ကိုမုန္းတဲ့သူရွိေနတဲ့ေနရာမွာ လူတစ္ေယာက္ဟာအေကာင္းဆုံးေပ်ာ္႐ႊင္မႈကိုရႏိုင္မွာမဟုတ္ပါဘူး။အလုပ္မွာစိတ္ဖိစီးမႈကိုအၿမဲခံစားေနရၿပီး အလုပ္လုပ္ႏိုင္စြမ္း၊ တီထြင္ဖန္တီးႏိုင္စြမ္းေတြကိုထိခိုက္လာမွာပဲျဖစ္ပါတယ္။ဒါ့ေၾကာင့္လည္း ကိုယ္နဲ႔လုပ္ေဖာ္ကိုင္ဖက္တစ္ ေယာက္ေယာက္ၾကားဒီလိုအမုန္းတရားျပႆနာေလးေတြရွိလာခဲ့ရင္ ဒီအစိုင္အခဲကို ေခ်ဖ်က္ႏိုင္ဖို႔ႀကိဳးစားတာကအေကာင္းဆုံးပါ။ကိုယ္ကအလုပ္မွာေတာ္လို႔ ေအာင္ျမင္မႈတစ္ခုခု၊ ဆုတစ္ခုခုရတဲ့အခါ ကိုယ့္ကိုမုန္းေနသူအေပၚမွာပိုၿပီးခ်ိဳသာျပႏိုင္ဖို႔ႀကိဳးစားပါ။ ကိုယ္တစ္ ေယာက္တည္းေၾကာင့္မဟုတ္ဘဲလုပ္ေဖာ္ကိုင္ဖက္ေတြရဲ႕ကူညီမႈေၾကာင့္သာ ေအာင္ျမင္မႈရတယ္ဆိုတာမ်ိဳးေက်းဇူးတင္ေပးႏိုင္ပါတယ္။
ကိုယ့္ဘက္ကေစတနာပါပါနဲ႔ကူညီေပးႏိုင္ဖို႔ႀကိဳးစားတာကလည္းအမုန္းေတြေပ်ာက္ကြယ္ေစတဲ့နည္းတစ္ခုပါပဲ။ ကိုယ့္ကိုမုန္းတဲ့သူျဖစ္ေနရင္ေတာင္သူအကူအညီလိုတဲ့အခါကူညီေပးလိုက္ပါ။ ဒါကအေကာင္းဆုံးေသာေျဖရွင္းနည္းျဖစ္သလိုေစတနာေရာင္ျပန္ဟပ္လာပါလိမ့္မယ္။

ကိုယ့္ဘက္ကၾကင္နာမႈကိုျပသတာကလည္း မုန္းေနသူကိုႏိုင္ေစမယ့္နည္းတစ္ခုပါပဲ။အမုန္းတရားကိုေမတၱာနဲ႔အႏိုင္ယူဖို႔ ဗုဒၶကပဲေဟာ ၾကားတာမဟုတ္ဘဲ Business ပိုင္းကလူေတြကပါဒီနည္းလမ္းကိုပဲ ၫႊန္းၾကတာျဖစ္ပါတယ္။ဒါ့ေၾကာင့္ သူမုန္းတာသိေနရင္ေတာင္ကိုယ့္ ဘက္ကေမတၱာမပ်က္ဆက္ဆံႏိုင္ဖို႔အေရးႀကီးပါတယ္။သူကိုယ့္အေပၚမၾကည္ျဖဴဘူးဆိုၿပီးကိုယ္ကအခ်ိန္တိုင္းအတင္းႀကီးသြားခ်ိဳျပေနဖို႔ေတာ့လည္းမလိုပါဘူး။ ဒီလိုမုန္းတဲ့သူေတြေၾကာင့္စိတ္ရႈပ္ရ၊စိတ္ခံစားရတဲ့အခါ ကိုယ့္အတြက္ space တစ္ခုယူၿပီး ကိုယ့္စိတ္ကိုယ္အ ဆင္ေျပေအာင္၊ၾကည္လင္ေအာင္အရင္ဆုံးလုပ္ယူႏိုင္ပါတယ္။ သူတို႔ကို တစ္ခါတေလမွာလ်စ္လ်ဴရႈမႈ၊ တစ္ခါတေလမွာခ်စ္ခင္ကူညီေပးျခင္းေတြနဲ႔အႏိုင္ယူႏိူင္ပါတယ္။ကိုယ့္ကိုသူကမုန္းေနေၾကာင္းကို စိတ္ခ်ရတဲ့လုပ္ေဖာ္ကိုင္ဖက္တစ္ေယာက္ေယာက္ ဒါမွမဟုတ္ ကိုယ့္ရဲ႕
Supervisor ကိုဖြင့္ေျပာႏိုင္ပါတယ္။ အႀကံဉာဏ္ယူႏိုင္ပါတယ္။ ဒီလိုကိစၥမ်ိဳးကိုအထက္လူႀကီးေတြကအဆင္ေျပေအာင္ ကိုင္တြယ္တတ္ၾကပါတယ္။လုပ္ငန္းခြင္ထဲမွာပဲျဖစ္ျဖစ္၊ ျပင္ပေလာကမွာပဲျဖစ္ျဖစ္ ကိုယ့္ကိုမုန္းေနတဲ့သူတစ္ေယာက္ကိုေမတၱာ၊ေစတနာနဲ႔ျပန္ဆက္ဆံေပးတာက အႏိုင္ရေစမယ့္အေကာင္းဆုံးနည္းလမ္းပဲျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*