အလုပ်တန်းခန့်ချင်စရာ Resume ဖြစ်စေဖို့ပါဝင်သင့်တဲ့အချက်များ

အားလုံးလည်းကြားဖူးကြမှာပါ။ First Impression ဆိုတာဘဝရဲ့အစိတ်အပိုင်းတော်တော်များများမှာအရေးပါတယ်ဆိုတာပါပဲ။ ချစ်သူနဲ့စချိန်းတဲ့နေ့၊ နှစ်ဖက်မိဘတွေ့ဆုံချိန်၊ Customer ၊ Client နဲ့တွေ့ဆုံချိန်တွေသာမက ကိုယ့် Resume ကိုအလုပ်ရှင်လက်ထဲထည့်မယ့်အချိန်တွေမှာလည်း First Impression ကောင်းဖို့လိုပါတယ်။ Resume တွေကဒီလိုပဲရေးကြတာပဲဆိုပြီးအားမထည့်ပဲထားလိုက်မယ်ဆိုရင် ကိုယ့် Resume ဟာလည်းအများကြားထဲမှာပဲပျောက်ပျက်သွားမှာဖြစ်ပါတယ်။အလုပ်ရှင်တွေတစ်ခါတည်းသဘောကျသွားလောက်တဲ့ Resume တစ်စောင်မှာဘာတွေပါဝင်သင့်လဲဆိုတာကို လေ့လာပြီးပြင်ဆင်မယ်ဆိုရင် First Impression ကောင်းတဲ့၊အင်တာဗျူးခန်းထိတန်းဝင်နိုင်တဲ့ အနေအထားကိုရရှိလာမှာဖြစ်ပါတယ်။

လိုရင်းတိုရှင်းထိထိမိမိရေးပါ
ဒီနေရာမှာ အလုပ်ရှင်ဘာလိုအပ်နေလဲ၊ သူဘာရှာနေလဲဆိုတာကိုသိဖို့အရေးကြီးပါတယ်။ကိုယ့်မှာပြစရာအရည်အချင်းတွေ၊အတွေ့အ ကြုံတွေအများကြီးရှိတယ်ဆိုရင်တောင်အလုပ်ရှင်လိုချင်နေတဲ့အချက်တွေကိုသာ ရွေးထုတ်တင်ပြတတ်ဖို့လိုပါတယ်။ကိုယ်လျှောက်မယ့်အလုပ်နဲ့ ကိုက်ညီတဲ့အောင်လက်မှတ်တွေရှိပြီလား၊အလုပ်ရှင်လိုချင်နေတဲ့အရည်အသွေးတွေကိုထိပ်ဆုံးမှာပြထားရဲ့လား၊နှစ်ကြိမ်နှစ်ခါပြန်ပါနေတဲ့အချက်အလက်တွေပါဝင်နေလား၊ လက်ရှိလျှောက်တဲ့အလုပ်အတွက် ကိုယ့်ရဲ့ Idea တချို့ကိုတိုတိုတုတ်တုတ်ပြောထားရဲ့လား၊ ကိုယ့် Resume ကိုအကြိမ်ကြိမ်ပြန်ဖတ်ရဲ့လားဆိုတဲ့အချက်လေးတွေကို စစ်ဆေးဖို့လိုပါတယ်။

ဆက်သွယ်ရမယ့် Contact ကိုမြင်လွယ်တဲ့နေရာမှာထားပါ
အလုပ်သမားရှာဖွေသူ ဒါမှမဟုတ် အလုပ်ရှင်တွေဟာ လျှောက်လွှာတွေအများကြီးထဲကနေမှရွေးထုတ်ဆက်သွယ်ကြတာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ Resume ထဲမှာကိုယ့်ရဲ့နာမည်နဲ့ဆက်သွယ်ရမယ့်လိပ်စာ၊ ဖုန်းနံပါတ်၊ အီးမေးလ်တွေဟာ မြင်လွယ်တဲ့နေရာမှာသီးသီးသန့်သန့်ရှိနေသင့်ပါတယ်။ ကျောင်း၊ဘွဲ့၊လုပ်ငန်းအတွေ့အကြုံစတဲ့ Informationတွေအများကြီးနဲ့ရောနေတာ၊အောက်ဆုံးလေးမှာခပ်သေးသေးနေရာပေးထားတာမျိုးမဖြစ်စေသင့်ပါဘူး။

ကုမ္ပဏီရဲ့လိုအပ်ချက်ကိုအဓိကထားပြီး Summary ရေးပါ
သာမန်တင်ပြချက်တွေပဲပါတဲ့ Resume ထက်ပိုချင်တယ်ဆိုရင်တော့ ကုမ္ပဏီရဲ့လိုအပ်ချက်တွေကို Focus လုပ်ပြီးအနှစ်ချုပ်စာကြောင်း သုံး၊လေးကြောင့်ခန့်ရေးထည့်သင့်ပါတယ်။ ကိုယ့်ရဲ့ Skills နဲ့ Experience တွေက လက်ရှိလိုအပ်နေတဲ့နေရာနဲ့ကွက်တိကျသင့်တော်တဲ့အကြောင်းရေးပေးနိုင်ရင်ရပါပြီ။

Experience များတယ်ဆိုတိုင်းထည့်မရေးပါနဲ
ကိုယ်က အလုပ်အများကြီးလုပ်ဖူးတယ်၊ Experience တွေများတယ်ဆိုတိုင်းအကုန်ထည့်မရေးသင့်ပါဘူးနော်။ တချို့အတွေ့အကြုံတွေကလက်ရှိလျှောက်ထားတဲ့အလုပ်နေရာနဲ့မကိုက်ညီဘူးဆိုရင် Resume ကရှုပ်ပွရုံပဲဖြစ်နေမှာပါ။ဒါကြောင့်လက်ရှိလိုအပ်ချက်နဲ့ကိုက်ညီတဲ့ Experience ကိုပဲထည့်ရေးသင့်ပါတယ်။ ကိုယ့်ရဲ့ Skills တွေ၊ရခဲ့တဲ့လက်မှတ်တွေကိုလည်း အလုပ်ရဲ့လိုအပ်ချက်နဲ့ကိုက်ညီတာကိုပဲထည့်ပါ။ ဘယ်အလုပ်ပဲလာလာ ဒီ Resume တစ်ခုတည်းပဲတင်မယ်ဆိုတာမျိုးမလုပ်သင့်ပါဘူး။

AI ကိုမရေးခိုင်းပါနဲ့
ကိုယ့်ရဲ့ Resume ကို ကိုယ်တိုင်ဖန်တီးရေးသားတာကအကောင်းဆုံးဖြစ်ပါတယ်။အလုပ်သမားရှာဖွေသူတွေက ကိုယ်တိုင်ပြင်ဆင်ထားတာလား၊ Format အတိုင်းကူးချထားတာလားဆိုတာသိကြပါတယ်။ ကိုယ့်လိုပဲရေးခိုင်းသူတွေကြားမှာ စကားလုံးတွေ၊ပုံစံတွေတူနေမှာကအသေအချာပဲဖြစ်ပါတယ်။

ဖတ်လို့လွယ်ကူတဲ့ပုံစံဖြစ်ပါစေ
Resume ဒီဇိုင်းကိုကိုယ့်စိတ်ကြိုက်ဖန်တီးတယ်ဆိုပေမယ့် ဖတ်ရခက်တဲ့ Font တွေ၊ နေရာလွတ်တွေ၊မလိုအပ်တဲ့ Graphic တွေနဲ့ရှုပ်ပွမနေသင့်ပါဘူး။ ကိုယ့်ရဲ့ Resume ဟာရှင်းရှင်းလင်းလင်းနဲ့တင့်တယ်တဲ့အနေအထားမျိုးရှိနေသင့်ပါတယ်။ Font ကိုလည်း Arial ၊ Calibri
တို့လိုဖတ်ရလွယ်ကူစေတဲ့အမျိုးအစားကိုသုံးသင့်ပါတယ်။နောက်ဆုံးအဆင့်ကတော့ ကိုယ့်ရဲ့ Resume ကိုအထပ်ထပ်စစ်ဆေးပြီးမှ ပို့ဖို့ပဲဖြစ်ပါတယ်နော်။ဒါတွေပြည့်စုံပြီဆိုရင်တော့ကိုယ့် Resume ကိုသူတို့ဖတ်ရဲ့လားဆိုတာမျိုး စိတ်ပူနေစရာမလိုတော့ပါဘူး။

Ju Ju

zawgyi

အားလုံးလည္းၾကားဖူးၾကမွာပါ။ First Impression ဆိုတာဘဝရဲ႕အစိတ္အပိုင္းေတာ္ေတာ္မ်ားမ်ားမွာအေရးပါတယ္ဆိုတာပါပဲ။ ခ်စ္သူနဲ႔စခ်ိန္းတဲ့ေန႔၊ ႏွစ္ဖက္မိဘေတြ႕ဆုံခ်ိန္၊ Customer ၊ Client နဲ႔ေတြ႕ဆုံခ်ိန္ေတြသာမက ကိုယ့္ Resume ကိုအလုပ္ရွင္လက္ထဲထည့္မယ့္အခ်ိန္ေတြမွာလည္း First Impression ေကာင္းဖို႔လိုပါတယ္။ Resume ေတြကဒီလိုပဲေရးၾကတာပဲဆိုၿပီးအားမထည့္ပဲထားလိုက္မယ္ဆိုရင္ ကိုယ့္ Resume ဟာလည္းအမ်ားၾကားထဲမွာပဲေပ်ာက္ပ်က္သြားမွာျဖစ္ပါတယ္။အလုပ္ရွင္ေတြတစ္ခါတည္းသေဘာက်သြားေလာက္တဲ့ Resume တစ္ေစာင္မွာဘာေတြပါဝင္သင့္လဲဆိုတာကို ေလ့လာၿပီးျပင္ဆင္မယ္ဆိုရင္ First Impression ေကာင္းတဲ့၊အင္တာဗ်ဴးခန္းထိတန္းဝင္ႏိုင္တဲ့ အေနအထားကိုရရွိလာမွာျဖစ္ပါတယ္။

လိုရင္းတိုရွင္းထိထိမိမိေရးပါ
ဒီေနရာမွာ အလုပ္ရွင္ဘာလိုအပ္ေနလဲ၊ သူဘာရွာေနလဲဆိုတာကိုသိဖို႔အေရးႀကီးပါတယ္။ကိုယ့္မွာျပစရာအရည္အခ်င္းေတြ၊အေတြ႕အ ႀကဳံေတြအမ်ားႀကီးရွိတယ္ဆိုရင္ေတာင္အလုပ္ရွင္လိုခ်င္ေနတဲ့အခ်က္ေတြကိုသာ ေ႐ြးထုတ္တင္ျပတတ္ဖို႔လိုပါတယ္။ကိုယ္ေလွ်ာက္မယ့္အလုပ္နဲ႔ ကိုက္ညီတဲ့ေအာင္လက္မွတ္ေတြရွိၿပီလား၊အလုပ္ရွင္လိုခ်င္ေနတဲ့အရည္အေသြးေတြကိုထိပ္ဆုံးမွာျပထားရဲ႕လား၊ႏွစ္ႀကိမ္ႏွစ္ခါျပန္ပါေနတဲ့အခ်က္အလက္ေတြပါဝင္ေနလား၊ လက္ရွိေလွ်ာက္တဲ့အလုပ္အတြက္ ကိုယ့္ရဲ႕ Idea တခ်ိဳ႕ကိုတိုတိုတုတ္တုတ္ေျပာထားရဲ႕လား၊ ကိုယ့္ Resume ကိုအႀကိမ္ႀကိမ္ျပန္ဖတ္ရဲ႕လားဆိုတဲ့အခ်က္ေလးေတြကို စစ္ေဆးဖို႔လိုပါတယ္။

ဆက္သြယ္ရမယ့္ Contact ကိုျမင္လြယ္တဲ့ေနရာမွာထားပါ
အလုပ္သမားရွာေဖြသူ ဒါမွမဟုတ္ အလုပ္ရွင္ေတြဟာ ေလွ်ာက္လႊာေတြအမ်ားႀကီးထဲကေနမွေ႐ြးထုတ္ဆက္သြယ္ၾကတာျဖစ္ပါတယ္။ ဒါေၾကာင့္ ကိုယ့္ရဲ႕ Resume ထဲမွာကိုယ့္ရဲ႕နာမည္နဲ႔ဆက္သြယ္ရမယ့္လိပ္စာ၊ ဖုန္းနံပါတ္၊ အီးေမးလ္ေတြဟာ ျမင္လြယ္တဲ့ေနရာမွာသီးသီးသန႔္သန႔္ရွိေနသင့္ပါတယ္။ ေက်ာင္း၊ဘြဲ႕၊လုပ္ငန္းအေတြ႕အႀကဳံစတဲ့ Informationေတြအမ်ားႀကီးနဲ႔ေရာေနတာ၊ေအာက္ဆုံးေလးမွာခပ္ေသးေသးေနရာေပးထားတာမ်ိဳးမျဖစ္ေစသင့္ပါဘူး။

ကုမၸဏီရဲ႕လိုအပ္ခ်က္ကိုအဓိကထားၿပီး Summary ေရးပါ
သာမန္တင္ျပခ်က္ေတြပဲပါတဲ့ Resume ထက္ပိုခ်င္တယ္ဆိုရင္ေတာ့ ကုမၸဏီရဲ႕လိုအပ္ခ်က္ေတြကို Focus လုပ္ၿပီးအႏွစ္ခ်ဳပ္စာေၾကာင္း သုံး၊ေလးေၾကာင့္ခန႔္ေရးထည့္သင့္ပါတယ္။ ကိုယ့္ရဲ႕ Skills နဲ႔ Experience ေတြက လက္ရွိလိုအပ္ေနတဲ့ေနရာနဲ႔ကြက္တိက်သင့္ေတာ္တဲ့အေၾကာင္းေရးေပးႏိုင္ရင္ရပါၿပီ။

Experience မ်ားတယ္ဆိုတိုင္းထည့္မေရးပါနဲ
ကိုယ္က အလုပ္အမ်ားႀကီးလုပ္ဖူးတယ္၊ Experience ေတြမ်ားတယ္ဆိုတိုင္းအကုန္ထည့္မေရးသင့္ပါဘူးေနာ္။ တခ်ိဳ႕အေတြ႕အႀကဳံေတြကလက္ရွိေလွ်ာက္ထားတဲ့အလုပ္ေနရာနဲ႔မကိုက္ညီဘူးဆိုရင္ Resume ကရႈပ္ပြ႐ုံပဲျဖစ္ေနမွာပါ။ဒါေၾကာင့္လက္ရွိလိုအပ္ခ်က္နဲ႔ကိုက္ညီတဲ့ Experience ကိုပဲထည့္ေရးသင့္ပါတယ္။ ကိုယ့္ရဲ႕ Skills ေတြ၊ရခဲ့တဲ့လက္မွတ္ေတြကိုလည္း အလုပ္ရဲ႕လိုအပ္ခ်က္နဲ႔ကိုက္ညီတာကိုပဲထည့္ပါ။ ဘယ္အလုပ္ပဲလာလာ ဒီ Resume တစ္ခုတည္းပဲတင္မယ္ဆိုတာမ်ိဳးမလုပ္သင့္ပါဘူး။

AI ကိုမေရးခိုင္းပါနဲ႔
ကိုယ့္ရဲ႕ Resume ကို ကိုယ္တိုင္ဖန္တီးေရးသားတာကအေကာင္းဆုံးျဖစ္ပါတယ္။အလုပ္သမားရွာေဖြသူေတြက ကိုယ္တိုင္ျပင္ဆင္ထားတာလား၊ Format အတိုင္းကူးခ်ထားတာလားဆိုတာသိၾကပါတယ္။ ကိုယ့္လိုပဲေရးခိုင္းသူေတြၾကားမွာ စကားလုံးေတြ၊ပုံစံေတြတူေနမွာကအေသအခ်ာပဲျဖစ္ပါတယ္။

ဖတ္လို႔လြယ္ကူတဲ့ပုံစံျဖစ္ပါေစ
Resume ဒီဇိုင္းကိုကိုယ့္စိတ္ႀကိဳက္ဖန္တီးတယ္ဆိုေပမယ့္ ဖတ္ရခက္တဲ့ Font ေတြ၊ ေနရာလြတ္ေတြ၊မလိုအပ္တဲ့ Graphic ေတြနဲ႔ရႈပ္ပြမေနသင့္ပါဘူး။ ကိုယ့္ရဲ႕ Resume ဟာရွင္းရွင္းလင္းလင္းနဲ႔တင့္တယ္တဲ့အေနအထားမ်ိဳးရွိေနသင့္ပါတယ္။ Font ကိုလည္း Arial ၊ Calibri
တို႔လိုဖတ္ရလြယ္ကူေစတဲ့အမ်ိဳးအစားကိုသုံးသင့္ပါတယ္။ေနာက္ဆုံးအဆင့္ကေတာ့ ကိုယ့္ရဲ႕ Resume ကိုအထပ္ထပ္စစ္ေဆးၿပီးမွ ပို႔ဖို႔ပဲျဖစ္ပါတယ္ေနာ္။ဒါေတြျပည့္စုံၿပီဆိုရင္ေတာ့ကိုယ့္ Resume ကိုသူတို႔ဖတ္ရဲ႕လားဆိုတာမ်ိဳး စိတ္ပူေနစရာမလိုေတာ့ပါဘူး။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*