The Lord of the Rings ရုပ်ရှင်ကားသစ်ကိုဒီဇင်ဘာမှာကြည့်ရတော့မယ်

The Lord of the Rings ရုပ်ရှင်ကားသစ်ကို ဒီဇင်ဘာလ 13 ရက်နေ့မှာရုံတင်ပြသမယ်လို့ Warner Bros. ကထုတ်ပြန်ထားပါတယ်။ ဒီကားသစ် The Lord of the Rings: The War of the Rohirrim ကို ဒါရိုက်တာ Kenji Kamiyama ကရိုက်ကူးထားပြီး Brian Cox ၊ Miranda Otto ၊ Shaun Dooley တို့ခေါင်းဆောင်ပါဝင်မှာပါ။ The War of the Rohirrim ဇာတ်လမ်းကတော့ Helm’s Deep ရဲ့နောက်ကွယ်စစ်ပွဲမတိုင်မီနှစ်ပေါင်းများစွာကရှိခဲ့တဲ့ ရိုဟန်ဘုရင် Helm Hammerhand ရဲ့ဘဝနဲ့သွေးစွန်းချိန်တွေကိုဖော်ကျူးမှာဖြစ်ပါတယ်။

ဒီရုပ်ရှင်ကို 2021 ခုနစ်၊ ဇွန်လကစတင်ရိုက်ကူးခဲ့တာဖြစ်ပြီး 2022ခုနစ်၊ ဖေဖော်ဝါရီမှာတော့ဇာတ်ကားရဲ့ Animation ပိုင်းကိုလုပ် ဆောင် ခဲ့ကြတာဖြစ်ပါတယ်။ The Lord of the Rings: The War of the Rohirrim မှာ Helm Hammerhand ရဲ့သမီးဖြစ်သူ Hera
ကိုစတင်မိတ်ဆက်ထားပြီး ရုပ်ရှင်အစမှအဆုံးအထိထိုဇာတ်ကောင်ကို စနစ်တကျတည်ဆောက်ပြသသွားမှာလည်းဖြစ်ပါတယ်။

Ju Ju

zawgyi



Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*