Universe ကနေ သင့်ကိုသတိပေးနေတဲ့ လက္ခဏာ (၄)ခု

Universe ကနေ ကျွန်ုပ်တို့ဆီကို အချက်ပြနိမိတ်လက္ခဏာတွေ ပို့ပေးတတ်ပါတယ်။ကောင်းတာလက္ခဏာပဲဖြစ်ဖြစ်၊ မကောင်းတဲ့လက္ခဏာပဲဖြစ်ဖြစ် အချက်ပြမှုတွေရှိပါတယ်။မကြာသေးမီက သင်ကိုယ်တိုင် ကိုယ့်ကိုယ်ကိုယ်ပျောက်ဆုံးသွားတယ်လို့ ခံစားနေရသလား. Universe ကနေ မင်းကိုတခုခုပြောဖို့ကြိုးစားနေတာမျိုး စဉ်းစားမိဘူးသလား။ တခါတရံမှာသတိထားသင့်တဲ့ ဒီအချက်တွေက Universe ကနေ သတိပေးနေတဲ့လက္ခဏာတွေဖြစ်နိုင်ပါတယ်။

ထပ်တလဲလဲပုံစံများနဲ့ တိုက်ဆိုင်မှုများ- သင်သွားရာတိုင်းမှာ တူညီတဲ့ နံပါတ်များပေါ်လာတာမျိုး သတိထားဖူးပါသလား။ ဒါမှမဟုတ် လူတယောက်ထဲဆီကနေပဲ တူညီစွာနဲ့ထွက်ပြေးနေတာမျိုးဖြစ်နိုင်ပါတယ်။ ဒီအရာက တိုက်ဆိုင်မှုမဟုတ်ဘဲ Universe ကနေသတိပေးနေတဲ့ အရာတွေဖြစ်ပါတယ်။ သင့်ဘဝဦးတည်ချက်အတွက် ထိုးထွင်းသိမြင်မှုများကိုအမြဲလိုလိုသတိထားမိနေနိုင်ပါတယ်။

အတွင်းစိတ် ခံစားချက်များနဲ့ ပင်ကိုယ်စိတ်- သင့်ရဲ့ ပင်ကိုယ်သိစိတ်ဗီဇကိုယုံကြည်သင့်ပါတယ်။ တခုခုစိတ်ထဲအဆင်မပြေရင် သင့်ရဲ့ဆုံးဖြတ်ချက်တွေအတွက်အဲဒီအတွင်းစိတ်ထဲက အသံကိုနားထောင်သင့်ပါတယ်။ Universe ကနေ အားလုံးဆီကိုသိမ်မွေ့တဲ့ အမူအရာများနဲ့ ခံစားချက်များနဲ့ ဆက်သွယ်ဖို့ ကြိုးစားနိုင်ပါတယ်။

မမျှော်လင့်ထားတဲ့ လမ်းပိတ်ဆို့မှုများနဲ့ နှောင့်နှေးမှုများ- မထင်မှတ်ထားတဲ့အတားအဆီးများကြောင့် သင့်အစီအစဉ်များ ရုတ်တရက် ပျက်သွားဖူးပါသလား။ ဒီအချိန်မှာစိတ်ရှုပ်နေရပေမဲ့ သင်က တခါတလေမှာ မှားယွင်းတဲ့လမ်းကြောင်းမှာသွားနေတာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့် Universe ကနေသင့်ကိုတားဆီးဖို့ကြိုးစားတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ဒါကိုတွန်းလှန်မယ့်အစား၊ပြန်လည်လမ်းညွှန်မှုအ တွက် အခွင့်အလမ်းများအဖြစ် လက်ခံကျင့်သုံးပါ။

အိပ်မက်များ- သင့်အိပ်မက်များမှာ ဒါမှမဟုတ် တရားထိုင်နေစဉ်မှာ ပေါ်လာတဲ့ သင်္ကေတများနဲ့ပုံရိပ်များကို အာရုံစိုက်ပါ။ ဒါက လမ်းညွှန်မှု၊ ဒါမှမဟုတ် Universe ကနေသတိပေးချက်ဖြစ်နိုင်လို့ပါ။ ဒါက သတင်းစကားများဖြစ်နိုင်ပါတယ်။

MYit

zawgyi

Universe ကေန ကြၽႏ္ုပ္တို႔ဆီကို အခ်က္ျပနိမိတ္လကၡဏာေတြ ပို႔ေပးတတ္ပါတယ္။ေကာင္းတာလကၡဏာပဲျဖစ္ျဖစ္၊ မေကာင္းတဲ့လကၡဏာပဲျဖစ္ျဖစ္ အခ်က္ျပမႈေတြရွိပါတယ္။မၾကာေသးမီက သင္ကိုယ္တိုင္ ကိုယ့္ကိုယ္ကိုယ္ေပ်ာက္ဆုံးသြားတယ္လို႔ ခံစားေနရသလား. Universe ကေန မင္းကိုတခုခုေျပာဖို႔ႀကိဳးစားေနတာမ်ိဳး စဥ္းစားမိဘူးသလား။ တခါတရံမွာသတိထားသင့္တဲ့ ဒီအခ်က္ေတြက Universe ကေန သတိေပးေနတဲ့လကၡဏာေတြျဖစ္ႏိုင္ပါတယ္။

ထပ္တလဲလဲပုံစံမ်ားနဲ႔ တိုက္ဆိုင္မႈမ်ား- သင္သြားရာတိုင္းမွာ တူညီတဲ့ နံပါတ္မ်ားေပၚလာတာမ်ိဳး သတိထားဖူးပါသလား။ ဒါမွမဟုတ္ လူတေယာက္ထဲဆီကေနပဲ တူညီစြာနဲ႔ထြက္ေျပးေနတာမ်ိဳးျဖစ္ႏိုင္ပါတယ္။ ဒီအရာက တိုက္ဆိုင္မႈမဟုတ္ဘဲ Universe ကေနသတိေပးေနတဲ့ အရာေတြျဖစ္ပါတယ္။ သင့္ဘဝဦးတည္ခ်က္အတြက္ ထိုးထြင္းသိျမင္မႈမ်ားကိုအၿမဲလိုလိုသတိထားမိေနႏိုင္ပါတယ္။

အတြင္းစိတ္ ခံစားခ်က္မ်ားနဲ႔ ပင္ကိုယ္စိတ္- သင့္ရဲ႕ ပင္ကိုယ္သိစိတ္ဗီဇကိုယုံၾကည္သင့္ပါတယ္။ တခုခုစိတ္ထဲအဆင္မေျပရင္ သင့္ရဲ႕ဆုံးျဖတ္ခ်က္ေတြအတြက္အဲဒီအတြင္းစိတ္ထဲက အသံကိုနားေထာင္သင့္ပါတယ္။ Universe ကေန အားလုံးဆီကိုသိမ္ေမြ႕တဲ့ အမူအရာမ်ားနဲ႔ ခံစားခ်က္မ်ားနဲ႔ ဆက္သြယ္ဖို႔ ႀကိဳးစားႏိုင္ပါတယ္။

မေမွ်ာ္လင့္ထားတဲ့ လမ္းပိတ္ဆို႔မႈမ်ားနဲ႔ ေႏွာင့္ေႏွးမႈမ်ား- မထင္မွတ္ထားတဲ့အတားအဆီးမ်ားေၾကာင့္ သင့္အစီအစဥ္မ်ား ႐ုတ္တရက္ ပ်က္သြားဖူးပါသလား။ ဒီအခ်ိန္မွာစိတ္ရႈပ္ေနရေပမဲ့ သင္က တခါတေလမွာ မွားယြင္းတဲ့လမ္းေၾကာင္းမွာသြားေနတာမ်ိဳးျဖစ္ႏိုင္ပါတယ္။ ဒါေၾကာင့္ Universe ကေနသင့္ကိုတားဆီးဖို႔ႀကိဳးစားတာမ်ိဳးလည္းျဖစ္ႏိုင္ပါတယ္။ ဒါကိုတြန္းလွန္မယ့္အစား၊ျပန္လည္လမ္းၫႊန္မႈအ တြက္ အခြင့္အလမ္းမ်ားအျဖစ္ လက္ခံက်င့္သုံးပါ။

အိပ္မက္မ်ား- သင့္အိပ္မက္မ်ားမွာ ဒါမွမဟုတ္ တရားထိုင္ေနစဥ္မွာ ေပၚလာတဲ့ သေကၤတမ်ားနဲ႔ပုံရိပ္မ်ားကို အာ႐ုံစိုက္ပါ။ ဒါက လမ္းၫႊန္မႈ၊ ဒါမွမဟုတ္ Universe ကေနသတိေပးခ်က္ျဖစ္ႏိုင္လို႔ပါ။ ဒါက သတင္းစကားမ်ားျဖစ္ႏိုင္ပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*