မဲဆွယ်နေကြတဲ့ အမေရိကန်သမ္မတလောင်းတစ်ဦးဦးထဲက ဘယ်သူအနိုင်ရမလဲဆိုတာရှင်းရှင်းလင်းလင်းမသိရသေးပေမဲ့ အဆိုတော် Stevie Nicks ကတော့ လူများကို မဲပေးဖို့လှုံ့ဆော်နေပါတယ်။မကြာသေးမီက MSNBC မှာ ပါဝင်ပြသမှုအတွင်း Fleetwood Mac ရဲ့
ဂန္တဝင်အဖွဲ့ဝင်တစ်ဦးဖြစ်သူက လွန်ခဲ့တဲ့ ခြောက်နှစ်ခန့်က သူမရဲ့ ပထမဆုံးမဲကို ပေးခဲ့ကြောင်းပြောကြားခဲ့ပါတယ်။
“အသက် ၇၀ မတိုင်ခင်အထိ မဲမပေးခဲ့ဖူးတဲ့အတွက် စိတ်မကောင်းဘူး။ လွန်ခဲ့တဲ့နှစ်နှစ်လောက်က စင်ပေါ်မှာ လူတိုင်းကို ပြောဖူးတယ်” လို့ Nicks က ဆိုပါတယ်။ အဲဒါကိုစိတ်မကောင်းဘူး။ အဲဒါနဲ့ပတ်သက်ပြီးတော့ အများကြီးနောင်တရစရာမရှိပါဘူးအခုလက်ရှိမှာအ သက် ၇၆နှစ်အရွယ်ဖြစ်နေတဲ့ အဆိုတော်ကြီးက “ငါ့မှာ အချိန်မရှိဘူး” ဆိုတဲ့အကြောင်းပြချက်ကို ပယ်ချခဲ့ပြီး “ရေရှည်အတွက် မင်းမှာ တစ်နာရီမရှိဘူးလား။ သွားပြီးတော့မဲပေးဖို့ အတွက် အချိန်တစ်နာရီလောက်တောင် မရှိဘူးလား။”
အခုတကြိမ်မှာတော့ Nicks က ဘယ်သူအနိုင်ရပါစေ၊ ကျမတို့ Roe v. Wade ကို ပြန်လည်ရရှိဖို့နည်းလမ်းရှာရမယ်ကိုယ်ဝန်ဖျက်ချခွင့်ကို ရည်ညွှန်းပြီးပြောကြားခဲ့ပါတယ်။သူမက အခြားအနုပညာရှင်များကို သူတို့ရဲ့ပလက်ဖောင်းများအသုံးပြုပြီး ဒီကိစ္စကို ပြောဆိုဖို့အား ပေးခဲ့ပါတယ်။“50s နဲ့ 60s နှောင်းပိုင်းနဲ့ 70s တွေမှာ လူတိုင်းက ဆန္ဒပြသီချင်းတွေ ရေးကြတယ်။ Bob Dylan ၊ Joan Baez ၊ Joni Mitchell ၊ Stephen Stills ကျမက ကျမရဲ့ဂီတကဗျာဆရာအားလုံးကို ကျမလုပ်ခဲ့သလို ဖြစ်ပျက်နေတဲ့ အကြောင်းတွေကို သီချင်းရေးဖို့
ပြောချင်ပါတယ်။
MYit
zawgyi
ပြောချင်ပါတယ်။
MYit
Leave a Reply