လူတွေဝေဖန်ပြစ်တင်နေပေမယ့် အေးအေးဆေးဆေးရှိနေကြတဲ့ အာ့ရှ်တင်ကာချာနဲ့ မီလာကူးနစ်စ်

အောက်တိုဘာလ ၁၀ ရက်နေ့က သရုပ်ဆောင်အာ့ရှ်တင်ကာချာနဲ့မီလာကူးနစ်စ်တို့ဇနီးမောင်နှံနှစ်ဦးအေးအေးဆေးဆေး နှစ်ယောက်တည်းညစာထွက်စားနေပုံတွေထွက်ပေါ်လာခဲ့ပါတယ်။ပြီးခဲ့တဲ့လကသူတို့နှစ်ဦးဟာ သူငယ်ချင်းဖြစ်သူ သရုပ်ဆောင်ဒန်နီမာစတာဆင်န်ရဲ့ပြစ်မှုအတွက်အပြစ်မဲ့ကြောင်းခုခံစာရေးသားခဲ့မှုကြောင့် လူတွေရဲ့ပြစ်တင်ဝေဖန်မှုကိုခံခဲ့ရပါတယ်။ ဒီ့အတွက်တောင်းပန်ကြောင်း အာ့ရှ်တင်ကာချာကသူ့ရဲ့အင်စတာဂရမ်မှာပိုစ့်တင်အပြီး တစ်လအကြာမှာမှခုလိုလူမြင်ကွင်းရှေ့ထွက်လာခဲ့တာဖြစ်ပါတယ်။

That ‘70s Show ရဲ့သရုပ်ဆောင် ဒန်နီမာစတာဆင်န်ဟာ သူကျူးလွန်ခဲ့တဲ့မုဒိမ်းမှုနှစ်ခုအတွက်‌ပြီးခဲ့တဲ့စက်တင်ဘာလ ၇ ရက်နေ့က ထောင်ဒဏ်နှစ် ၃၀ ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။မုဒိမ်းမှုကျူးလွန်တဲ့သူငယ်ချင်းကိုထောက်ခံပေးခဲ့မှုကြောင့် အာ့ရှ်တင်ကာချာဟာလိင်အကြမ်းဖက်မှုဆန့်ကျင်ရေးအဖွဲ့အစည်း Thorn ရဲ့ Chairman ရာထူးကနေဖယ်ရှားခံခဲ့ရပါတယ်။သရုပ်ဆောင်အာ့ရှ်တင်ကာချာနဲ့မီလာကူးနစ်စ်တို့ဟာ ၂၀၁၅ ခုနစ်ကလက်ထပ်ခဲ့ကြပြီးသားသမီးနှစ်ယောက်ပိုင်ဆိုင်ထားကြပါတယ်။

Ju Ju

zawgyi



Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*