လမ်းခွဲလိုက်ပြီဖြစ်တဲ့ Kendall Jenner နဲ့ Bad Bunny

2023 နှစ်စမှာ ချစ်သူတွေဖြစ်လာခဲ့တဲ့စူပါမော်ဒယ်လ် Kendall Jenner နဲ့ I Like It သီချင်းရဲ့အဆိုရှင်ဖြစ်တဲ့ Bad Bunny တို့ဟာ တွဲပြီး ၉ လအကြာမှာလမ်းခွဲလိုက်ပြီလို့သိရပါတယ်။ Bad Bunny ရဲ့အောက်တိုဘာလမှာလုပ်တဲ့ပွဲတစ်ခုကို Kendall Jenner တက်ရောက် လာတာကိုတွေ့မြင်ခဲ့ရပြီးအဲဒီနောက်မှာတော့ သူတို့နှစ်ဦးကို တွဲရက်မတွေ့ရတော့ပါဘူး။ဒီဇင်ဘာ ၁၇ ရက်နေ့မှာတော့ People က သူတို့နှစ်ဦးရဲ့လမ်းခွဲသတင်းကိုအတည်ပြုခဲ့တာဖြစ်ပါတယ်။

ဒီဇင်ဘာလ ၁၆ ရက်နေ့မှာတွေ့ရတဲ့ Kendall ရဲ့ပုံမှာလည်း သူမကသူငယ်ချင်းတွေနဲ့အတူတူပျော်ရွှင်ရယ်မောနေတာကိုတွေ့ရပြီး Bad Bunny ပါဝင်တာကိုမတွေ့ရပါဘူး။စက်တင်ဘာလအတွင်းမှာ သူတို့စုံတွဲဟာ ဖက်ရှင်ရှိုးပွဲများစွာကို အတူတူတွဲဖက်တက်ရောက်ခဲ့တဲ့အပြင် Gucci Jet-set ကြော်ငြာကိုပါတွဲဖက်ရိုက်ကူးခဲ့တာမို့ အားလုံးကသူတို့နှစ်ဦးကို အချစ်ကြီးချစ်နေကြပြီလို့ထင်မြင်ခဲ့ကြတာဖြစ်ပါတယ်။သူတို့နှစ်ဦးဟာ ဓာတ်ပုံတွေကနေပဲသူတို့ရဲ့ Relationship ကိုဖော်ပြခဲ့ပြီး အချစ်ရေးအကြောင်းကိုဘယ်သူကမှ အသေးစိတ်ဖွင့်ဟပြောဆိုတာမျိုးမလုပ်ခဲ့ကြပါဘူး။

Ju Ju

zawgyi

2023 ႏွစ္စမွာ ခ်စ္သူေတြျဖစ္လာခဲ့တဲ့စူပါေမာ္ဒယ္လ္ Kendall Jenner နဲ႔ I Like It သီခ်င္းရဲ႕အဆိုရွင္ျဖစ္တဲ့ Bad Bunny တို႔ဟာ တြဲၿပီး ၉ လအၾကာမွာလမ္းခြဲလိုက္ၿပီလို႔သိရပါတယ္။ Bad Bunny ရဲ႕ေအာက္တိုဘာလမွာလုပ္တဲ့ပြဲတစ္ခုကို Kendall Jenner တက္ေရာက္ လာတာကိုေတြ႕ျမင္ခဲ့ရၿပီးအဲဒီေနာက္မွာေတာ့ သူတို႔ႏွစ္ဦးကို တြဲရက္မေတြ႕ရေတာ့ပါဘူး။ဒီဇင္ဘာ ၁၇ ရက္ေန႔မွာေတာ့ People က သူတို႔ႏွစ္ဦးရဲ႕လမ္းခြဲသတင္းကိုအတည္ျပဳခဲ့တာျဖစ္ပါတယ္။

ဒီဇင္ဘာလ ၁၆ ရက္ေန႔မွာေတြ႕ရတဲ့ Kendall ရဲ႕ပုံမွာလည္း သူမကသူငယ္ခ်င္းေတြနဲ႔အတူတူေပ်ာ္႐ႊင္ရယ္ေမာေနတာကိုေတြ႕ရၿပီး Bad Bunny ပါဝင္တာကိုမေတြ႕ရပါဘူး။စက္တင္ဘာလအတြင္းမွာ သူတို႔စုံတြဲဟာ ဖက္ရွင္ရႈိးပြဲမ်ားစြာကို အတူတူတြဲဖက္တက္ေရာက္ခဲ့တဲ့အျပင္ Gucci Jet-set ေၾကာ္ျငာကိုပါတြဲဖက္႐ိုက္ကူးခဲ့တာမို႔ အားလုံးကသူတို႔ႏွစ္ဦးကို အခ်စ္ႀကီးခ်စ္ေနၾကၿပီလို႔ထင္ျမင္ခဲ့ၾကတာျဖစ္ပါတယ္။သူတို႔ႏွစ္ဦးဟာ ဓာတ္ပုံေတြကေနပဲသူတို႔ရဲ႕ Relationship ကိုေဖာ္ျပခဲ့ၿပီး အခ်စ္ေရးအေၾကာင္းကိုဘယ္သူကမွ အေသးစိတ္ဖြင့္ဟေျပာဆိုတာမ်ိဳးမလုပ္ခဲ့ၾကပါဘူး။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*