နေမကောင်းချိန် Professional ကျကျ ခွင့်တိုင်နည်း

အိပ်ရာကမထနိုင်လောက်အောင်ဖျားနေပြီလား၊ တစ်ချိန်လုံးနှာချေနေပြီလား၊ချောင်းတွေဆက်တိုက်ဆိုးနေပြီလား…ဘာတွေပဲဖြစ်နေပါ စေ အလုပ်မသွားနိုင်လောက်အောင်နေမကောင်းဖြစ်နေပြီဆိုရင်တော့ ကိုယ့်မန်နေဂျာဆီကို ခွင့်တိုင်ကိုတိုင်ရတော့မှာပါ။ ဒီနေရာမှာ Sick Day Email ကို ဘယ်လို Professional ကျကျ၊ ပြည့်ပြည့်စုံစုံရေးသားမလဲဆိုတာ ဥပမာလေးတွေနဲ့တကွပြောပြပေးချင်ပါတယ်။နေမကောင်းလို့အီးမေးလ်ပို့တဲ့အခါ တစ်ဖက်လူလည်းခွင့်ပေးချင်အောင်၊ ကိုယ်ခွင့်ယူနေတုန်းလုပ်ငန်းခွင်မှာလည်းအဆင်ပြေချောမွေ့အောင် အစီအစဉ်တကျလေးရေးသားတတ်ဖို့လိုပါတယ်။ဒါတွေကတော့ပါဝင်ရမယ့်အချက်အလက်တွေပါ။

– ကိုယ့်အလုပ်ချိန်မတိုင်ခင် စောနိုင်သမျှစောစောမန်နေဂျာဆီအကြောင်းကြားသင့်ပါတယ်။
– ကုမ္ပဏီကသတ်မှတ်ထားတဲ့စည်းမျဉ်း (ဥပမာ – အလုပ်ချိန်မတိုင်ခင်ဘယ်နှနာရီကြိုပြီးအကြောင်းကြားရမယ်၊ ဆရာဝန်လက်မှတ်ပြရမယ်စသဖြင့်စည်းမျဉ်းတွေရှိတယ်ဆိုရင်) တွေအတိုင်းလိုက်နာဖို့လိုပါတယ်။
– အီးမေးလ်ရဲ့ Subject Line မှာနေမကောင်းလို့ ခွင့်တစ်ရက်ယူချင်ကြောင်းကို တန်းပြီးဖော်ပြပါ။
– တတ်နိုင်သမျှ တိုတိုရှင်းရှင်းပဲရေးပါ။
– ကိုယ့်အလုပ်က ရှောင်တစ်ခင်ခွင့်နဲ့ ဖျားနာခွင့်ကို ခွဲထားတယ်ဆိုရင် ကိုယ်ကဘယ်ထဲကအသုံးပြုသလဲဆိုတာကို ဖော်ပြဖို့လိုပါတယ်။
– လိုအပ်မယ်ဆိုရင် ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေဆီကိုလည်း ကြိုပြီးအကြောင်းကြားပါ။

ဒါမှသူတို့အနေနဲ့အလုပ်ကို အဆင်ပြေပြေဘယ်လိုဆက်လုပ်မလဲဆိုတာကို ကြိုပြီးပြင်ဆင်နိုင်မှာဖြစ်ပါတယ်။ကိုယ့်အလုပ်တာဝန်တွေကို သူတို့ကကူညီလုပ်ဆောင်ဖို့လိုတယ်ဆိုရင်ရှင်းရှင်းလင်းလင်းညွှန်ကြားချက်ပေးပြီး အကူအညီတောင်းရမှာဖြစ်ပါတယ်။

– မေးလ်ထဲမှာ ဘာ့ကြောင့်ခွင့်ယူပါတယ်ဆိုတဲ့အကြောင်းပြချက်ပါဖို့လိုပါတယ်။
– ဘယ်နှရက်ခွင့်ယူချင်တာလဲ၊ ဘယ်နှရက်ပျက်ကွက်မလဲဆိုတာပါ ဖော်ပြရပါမယ်။
– ကိုယ့်အနေနဲ့ ကိုယ်တိုင်လုပ်မှရမယ့်အလုပ်ကိစ္စတွေရှိခဲ့ရင် ဒါကိုအိမ်ကနေ Work From Home လုပ်ပေးဖို့ရှိ၊ မရှိ တစ်ပါတည်းပြောနိုင်ပါတယ်။
– ဘယ်နေ့ရုံးပြန်တက်ပါမယ်ဆိုတာကို ဖော်ပြဖို့လိုပါတယ်။
– အရေးတကြီးခေါ်တဲ့ဖုန်း Call တွေ၊ အီးမေးလ်တွေကို ဖြေဆိုနိုင်ခြင်းရှိ၊မရှိကိုပါ ပြောပြပါ။ကိုယ်ကအပြည့်အဝအနားယူဖို့ရည်ရွယ်ထားတယ်ဆိုရင် ဘာကိုမှလက်မခံပါဘူးလို့ကြိုတင်ပြောဆိုပြီးဖုန်းပိတ်ထားနိုင်ပါတယ်။
– ကိုယ့်အလုပ်တာဝန်ကို ဘယ်သူ့ဆီလွှဲထားပါတယ်၊ မေးမြန်းစရာရှိလာရင်ဘယ်သူ့ကိုမေးနိုင်ပါတယ်ဆိုတာကိုလည်း ဖော်ပြပေးသင့်ပါတယ်။
– ကိုယ့်ရဲ့အလုပ်အီးမေးလ်နဲ့ ဖုန်းတွေကို Client တွေဆက်သွယ်ချိန်မှာ ကိုယ်က Out-of-Office ဖြစ်နေပါတယ်ဆိုတာကို Auto Message Reply ပြုလုပ်ထားသင့်ပါတယ်။

အောက်မှာတော့ Sick Day အတွက် အီးမေးလ်ရေးသားပုံကို နမူနာဖော်ပြပေးလိုက်ပါတယ်။
Subject: Sick Day
Hi [Supervisor Name],
Unfortunately, I feel too sick to come into the office today. I will be using one of my sick days to cover this absence from work. I will check my email throughout the day. While I expect to be back in the office tomorrow, I’ve asked [Contact Person’s Name] to take over for me today in case any emergencies arise.
Please let me know if you have any questions.
Thank you for understanding,
[Your Name]
အားလုံးပဲနေကောင်းကျန်းမာပြီး Sick Day အီးမေးလ်တွေခဏခဏမရေးရစေဖို့ဆုတောင်းပေးလိုက်ပါတယ်။

Ju Ju

zawgyi

အိပ္ရာကမထႏိုင္ေလာက္ေအာင္ဖ်ားေနၿပီလား၊ တစ္ခ်ိန္လုံးႏွာေခ်ေနၿပီလား၊ေခ်ာင္းေတြဆက္တိုက္ဆိုးေနၿပီလား…ဘာေတြပဲျဖစ္ေနပါ ေစ အလုပ္မသြားႏိုင္ေလာက္ေအာင္ေနမေကာင္းျဖစ္ေနၿပီဆိုရင္ေတာ့ ကိုယ့္မန္ေနဂ်ာဆီကို ခြင့္တိုင္ကိုတိုင္ရေတာ့မွာပါ။ ဒီေနရာမွာ Sick Day Email ကို ဘယ္လို Professional က်က်၊ ျပည့္ျပည့္စုံစုံေရးသားမလဲဆိုတာ ဥပမာေလးေတြနဲ႔တကြေျပာျပေပးခ်င္ပါတယ္။ေနမေကာင္းလို႔အီးေမးလ္ပို႔တဲ့အခါ တစ္ဖက္လူလည္းခြင့္ေပးခ်င္ေအာင္၊ ကိုယ္ခြင့္ယူေနတုန္းလုပ္ငန္းခြင္မွာလည္းအဆင္ေျပေခ်ာေမြ႕ေအာင္ အစီအစဥ္တက်ေလးေရးသားတတ္ဖို႔လိုပါတယ္။ဒါေတြကေတာ့ပါဝင္ရမယ့္အခ်က္အလက္ေတြပါ။

– ကိုယ့္အလုပ္ခ်ိန္မတိုင္ခင္ ေစာႏိုင္သမွ်ေစာေစာမန္ေနဂ်ာဆီအေၾကာင္းၾကားသင့္ပါတယ္။
– ကုမၸဏီကသတ္မွတ္ထားတဲ့စည္းမ်ဥ္း (ဥပမာ – အလုပ္ခ်ိန္မတိုင္ခင္ဘယ္ႏွနာရီႀကိဳၿပီးအေၾကာင္းၾကားရမယ္၊ ဆရာဝန္လက္မွတ္ျပရမယ္စသျဖင့္စည္းမ်ဥ္းေတြရွိတယ္ဆိုရင္) ေတြအတိုင္းလိုက္နာဖို႔လိုပါတယ္။
– အီးေမးလ္ရဲ႕ Subject Line မွာေနမေကာင္းလို႔ ခြင့္တစ္ရက္ယူခ်င္ေၾကာင္းကို တန္းၿပီးေဖာ္ျပပါ။
– တတ္ႏိုင္သမွ် တိုတိုရွင္းရွင္းပဲေရးပါ။
– ကိုယ့္အလုပ္က ေရွာင္တစ္ခင္ခြင့္နဲ႔ ဖ်ားနာခြင့္ကို ခြဲထားတယ္ဆိုရင္ ကိုယ္ကဘယ္ထဲကအသုံးျပဳသလဲဆိုတာကို ေဖာ္ျပဖို႔လိုပါတယ္။
– လိုအပ္မယ္ဆိုရင္ ကိုယ့္ရဲ႕လုပ္ေဖာ္ကိုင္ဖက္ေတြဆီကိုလည္း ႀကိဳၿပီးအေၾကာင္းၾကားပါ။

ဒါမွသူတို႔အေနနဲ႔အလုပ္ကို အဆင္ေျပေျပဘယ္လိုဆက္လုပ္မလဲဆိုတာကို ႀကိဳၿပီးျပင္ဆင္ႏိုင္မွာျဖစ္ပါတယ္။ကိုယ့္အလုပ္တာဝန္ေတြကို သူတို႔ကကူညီလုပ္ေဆာင္ဖို႔လိုတယ္ဆိုရင္ရွင္းရွင္းလင္းလင္းၫႊန္ၾကားခ်က္ေပးၿပီး အကူအညီေတာင္းရမွာျဖစ္ပါတယ္။

– ေမးလ္ထဲမွာ ဘာ့ေၾကာင့္ခြင့္ယူပါတယ္ဆိုတဲ့အေၾကာင္းျပခ်က္ပါဖို႔လိုပါတယ္။
– ဘယ္ႏွရက္ခြင့္ယူခ်င္တာလဲ၊ ဘယ္ႏွရက္ပ်က္ကြက္မလဲဆိုတာပါ ေဖာ္ျပရပါမယ္။
– ကိုယ့္အေနနဲ႔ ကိုယ္တိုင္လုပ္မွရမယ့္အလုပ္ကိစၥေတြရွိခဲ့ရင္ ဒါကိုအိမ္ကေန Work From Home လုပ္ေပးဖို႔ရွိ၊ မရွိ တစ္ပါတည္းေျပာႏိုင္ပါတယ္။
– ဘယ္ေန႔႐ုံးျပန္တက္ပါမယ္ဆိုတာကို ေဖာ္ျပဖို႔လိုပါတယ္။
– အေရးတႀကီးေခၚတဲ့ဖုန္း Call ေတြ၊ အီးေမးလ္ေတြကို ေျဖဆိုႏိုင္ျခင္းရွိ၊မရွိကိုပါ ေျပာျပပါ။ကိုယ္ကအျပည့္အဝအနားယူဖို႔ရည္႐ြယ္ထားတယ္ဆိုရင္ ဘာကိုမွလက္မခံပါဘူးလို႔ႀကိဳတင္ေျပာဆိုၿပီးဖုန္းပိတ္ထားႏိုင္ပါတယ္။
– ကိုယ့္အလုပ္တာဝန္ကို ဘယ္သူ႔ဆီလႊဲထားပါတယ္၊ ေမးျမန္းစရာရွိလာရင္ဘယ္သူ႔ကိုေမးႏိုင္ပါတယ္ဆိုတာကိုလည္း ေဖာ္ျပေပးသင့္ပါတယ္။
– ကိုယ့္ရဲ႕အလုပ္အီးေမးလ္နဲ႔ ဖုန္းေတြကို Client ေတြဆက္သြယ္ခ်ိန္မွာ ကိုယ္က Out-of-Office ျဖစ္ေနပါတယ္ဆိုတာကို Auto Message Reply ျပဳလုပ္ထားသင့္ပါတယ္။

ေအာက္မွာေတာ့ Sick Day အတြက္ အီးေမးလ္ေရးသားပုံကို နမူနာေဖာ္ျပေပးလိုက္ပါတယ္။
Subject: Sick Day
Hi [Supervisor Name],
Unfortunately, I feel too sick to come into the office today. I will be using one of my sick days to cover this absence from work. I will check my email throughout the day. While I expect to be back in the office tomorrow, I’ve asked [Contact Person’s Name] to take over for me today in case any emergencies arise.
Please let me know if you have any questions.
Thank you for understanding,
[Your Name]
အားလုံးပဲေနေကာင္းက်န္းမာၿပီး Sick Day အီးေမးလ္ေတြခဏခဏမေရးရေစဖို႔ဆုေတာင္းေပးလိုက္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*