ကံကောင်းခြင်း သင်္ကေတများနဲ့ လက္ခဏာများ (အပိုင်း ၂)

ကံကောင်းခြင်းဆိုတာ မင်းနဲ့လည်း သက်ဆိုင်ပါတယ်။ ကံကောင်းခြင်းမှာ သင်္ကေတတွေ၊လက္ခဏာတွေရှိတတ်ပါတယ်။ အဲဒါက ပုံစံမျိုးစုံနဲ့ ကိုယ်အနားမှာ နိမိတ်ပြတတ်ပါတယ်။ကံကောင်းစေဖို့အတွက် ပထမဆုံးလုပ်ရမယ့်အချက်ကတော့ အဆိုးမြင်စိတ်တွေ၊အတွေးတွေကို ကိုယ့်စိတ်ထဲကနေ မောင်းထုတ်တာပါပဲ။ ကောင်းမွန်တဲ့အရာ၊ကံကောင်းခြင်းတွေ ကိုယ့်ဆီကိုလာနေပြီလို့ တွေးကြည့်ပါ။ သဘာဝတရားတွေ၊ အပင်တွေ၊အင်ဆက်ပိုးမွှားတွေ၊ တိရစ္ဆာန်တွေစတဲ့အရာတွေကနေ ကံကောင်းခြင်းသင်္ကေတတွေတွေ့ရနိုင်ပါတယ်။ တချို့ကလည်း အရာဝတ္တုတွေ၊ နံပါတ်တွေ၊ အိပ်မက်တွေ၊သဘာဝဖြစ်ရပ်တွေ၊ အရောင်တွေနဲ့ တွေ့မြင်ရတတ်ပါတယ်။ ဒီနေ့မှာတော့ ကမ္ဘာတဝန်းက
ကံကောင်းစေတဲ့ နမိတ်လက္ခဏာတွေကို အပိုင်း (၂)အနေနဲ့ ပြောပြချင်ပါတယ်။နောက်အပိုင်းတွေမှာ ဘယ်အရာတွေက ကံကောင်းခြင်းနိမိတ်တွေဖြစ်မလဲဆိုတာဆက်ဖတ်ကြည့်ဖို့ မမေ့နဲ့နော်။

သက်တန့်

သက်တန့်တွေက ကံကောင်းခြင်းဆိုတာကို သင်သိပါသလား။ သက်တန့်ဆိုတာကိုယ်မြင်ချင်တဲ့အချိန် မြင်တွေ့ရတာမဟုတ်ဘဲ တခါတရံမှာ ကောင်းကင်ကြီးမှာလှလှပပကြီးပေါ်လာတတ်တယ်မဟုတ်လား။ သက်တန့်တွေက အသိပညာနဲ့အမှန်တရားကိုကိုယ်စားပြုတယ်လို့ အဆိုရှိကြပါတယ်။ မိုးသည်းထန်စွာရွာပြီးနောက် ဒါမှမဟုတ်မုန်တိုင်းတခုပြီးနောက်မှာ သက်တန့်တွေကို တွေ့ရတတ်ပါတယ်။ ဒါက ပြန်လည်ရှင်သန်ခြင်းကိုကိုယ်စားပြုတယ်ဆိုတဲ့ နိမိတ်လို့ ပြောကြပါတယ်။ သက်တန့်တွေကအပြောင်းအလဲတွေကိုလည်း ကိုယ်စားပြုတတ်ပါတယ်။ သက်တန့်နှစ်ခုက ကံကောင်းခြင်းကိုကိုယ်စားပြုပါတယ်။ အိုင်ယာလန်ရိုးရာပုံပြင်တွေမှာ သက်တန့်ရဲ့အဆုံးမှာ နတ်သမီးတွေကသူတို့ရဲ့ရွှေအိုးကိုသိမ်းဆည်းထားတယ်လို့ ဆိုကြပါတယ်။

မိကျောင်း

မီကျောင်းက အသက်နဲ့ခန္ဓာကိုယ် ကျန်းမာရေးကိုထိန်းသိမ်းစောင့်ရှောက်ခြင်းကိုကိုယ်စားပြုပါတယ်။ မိကျောင်းက လောင်းကစားသမားများအတွက်ကံကောင်းစေတဲ့လာဘ်ကောင်နိမိတ်လို့ သတ်မှတ်ထားကြပါတယ်။ တချို့ယဉ်ကျေးမှုများမှာ မိချောင်းသွားနဲ့ခြေများကို အ ထူးကံကောင်းစေတယ်လို့ ယူဆထားကြပါတယ်။ မိကျောင်းများကသန်မာတဲ့မျိုးစိတ်များဖြစ်ပြီး သူတို့ရဲ့ အရေခွံ့က ကံကောင်းခြင်းနဲ့
ကာကွယ်ခြင်းသင်္ကေတတခုဖြစ်တယ်လို့ သတ်မှတ်ထားကြပါတယ်။

လင်းနို့

လင်းနို့တွေက သဘာဝဝတ်မှုန်ကူးပေးသူများဖြစ်ပြီး အင်ဆက်ကောင်ရေလျော့နည်းစေသူတွေဖြစ်ကြပါတယ်။ တရုတ်ယဉ်ကျေးမှုမှာ လင်းနို့က ပျော်ရွှင်မှုကို ကိုယ်စားပြုပါတယ်။လင်းနို့ငါးကောင်က မင်္ဂလာငါးပါးလို့သတ်မှတ်ကြပါတယ်။ အဲဒီမင်္ဂလာငါးပါးကတော့အ သက်ရှည်ခြင်း၊ စည်းစိမ်းချမ်းသာရခြင်း၊ ကျန်းမာခြင်း၊ သီလကိုမြတ်နိုးခြင်း၊ငြိမ်းချမ်းသောသေခြင်းတွေပဲဖြစ်ပါတယ်။ ဒါကြောင့် လင်းနို့နှစ်ကောင်ကိုတွေ့မြင်ရရင်ကံကောင်းခြင်း နှစ်ဆလို့ အဓိပ္ပာယ်ရပါတယ်။ လင်းနို့တွေက သေခြင်းနဲ့ ပြန်လည်မွေးဖွားခြင်းသင်္ကေအဖြစ် လည်း လူသိများပါတယ်။ တခါတလေမှာ အိမ်ထဲမှာ ပျံနေတတ်တဲ့လင်းနို့တွေကို တွေ့ရတတ်ပါတယ်။ အဲဒါက ဘာအဓိပ္ပာယ်လဲဆိုရင် အကာအကွယ်နဲ့ဘေးကင်းမှုသင်္ကေတဖြစ်ပါတယ်။

ငှက်များ

ငှက်မျိုးစိတ်များစွာကိုကံကောင်းတယ်လို့ ယူဆထားကြပါတယ်။ ဥပမာ ကျီးကို သင်္ဘောသား၊အထူးသဖြင့် ဗိုက်ကင်းတွေက ကုန်းမြေနဲ့နီးနေပြီလို့ ညွှန်ပြတဲ့ သင်္ကေတအဖြစ်ကျီးကိုအလေးထားကြပါတယ်။ တချို့ယဉ်ကျေးမှုတွေက ကျီးကိုမကောင်းတဲ့နိမိတ်အဖြစ်မြင်ကြတာတွေလည်းရှိပါတယ်။ Hummingbirds များကို အမေရိကအလယ်ပိုင်းမှာအချစ်ကိုကိုယ်စားပြုတယ်လို့ ဆိုကြပါတယ်။ ငှက်ကျားတွေကိုလည်း ကံကောင်းတယ်လို့ဂျာမန်ရိုးရာပုံပြင်တွေက ပြောဆိုထားပါတယ်။သည်ဟု ယူဆကြသည်။ ဥပမာ၊ ကျီးကို သင်္ဘောသား၊ အထူးသဖြင့် ဗိုက်ကင်းတွေကကုန်းမြေနီးတယ်လို့ ညွှန်ပြတဲ့အတွက် ကျီးကို လေးစားတယ်။ သို့သော်အချို့သောယဉ်ကျေးမှုများက ကျီးများကို မကောင်းတဲ့အတိတ်နိမိတ်အဖြစ် မြင်ကြသည်။မြောက်အမေရိကရှိ ဌာနေတိုင်းရင်းသားလူမျိုးများ၏ ရိုးရာပုံပြင်များတွင် ငှက်ပိတုန်းများကိုကုသပေးသူများအဖြစ် သတ်မှတ်ကြသည်။ အမေရိကအလယ်ပိုင်းမှာ သူတို့က အချစ်ကိုကိုယ်စားပြုတယ်။ Storks များ သည်လည်း ကံကောင်းကြပြီး ဂျာမန်ရိုးရာပုံပြင်တွင်တောမျောများသည် ကလေးငယ်များကို နှုတ်သီးဖြင့် ခြင်းတောင်းဖြင့် အိမ်များသို့ခေါ်ဆောင်လာသည်ဟု ယူဆကြသည်။ ဇီးကွက်တွေက ဉာဏ်ပညာ၊အသိပညာကိုကိုယ်စားပြုပါတယ်။ အချို့က ဇီးကွက်များက အ ပြောင်းအလဲများမကြာမီလာမှာကို သတိပေးတယ်လို့ဆိုကြပါတယ်။နောက်ရက်များမှာလည်း ဘယ်အရာတွေ၊ ဘယ်တိရိစ္ဆာန်လေးတွေက ကံကောင်းမှုနိမိတ်တွေဖြစ်မလဲဆိုတာ ဆက်ဖတ်ပေးပါဦးနော်။

MYit

zawgyi

ကံေကာင္းျခင္းဆိုတာ မင္းနဲ႔လည္း သက္ဆိုင္ပါတယ္။ ကံေကာင္းျခင္းမွာ သေကၤတေတြ၊လကၡဏာေတြရွိတတ္ပါတယ္။ အဲဒါက ပုံစံမ်ိဳးစုံနဲ႔ ကိုယ္အနားမွာ နိမိတ္ျပတတ္ပါတယ္။ကံေကာင္းေစဖို႔အတြက္ ပထမဆုံးလုပ္ရမယ့္အခ်က္ကေတာ့ အဆိုးျမင္စိတ္ေတြ၊အေတြးေတြကို ကိုယ့္စိတ္ထဲကေန ေမာင္းထုတ္တာပါပဲ။ ေကာင္းမြန္တဲ့အရာ၊ကံေကာင္းျခင္းေတြ ကိုယ့္ဆီကိုလာေနၿပီလို႔ ေတြးၾကည့္ပါ။ သဘာဝတရားေတြ၊ အပင္ေတြ၊အင္ဆက္ပိုးမႊားေတြ၊ တိရစာၦန္ေတြစတဲ့အရာေတြကေန ကံေကာင္းျခင္းသေကၤတေတြေတြ႕ရႏိုင္ပါတယ္။ တခ်ိဳ႕ကလည္း အရာဝတၱဳေတြ၊ နံပါတ္ေတြ၊ အိပ္မက္ေတြ၊သဘာဝျဖစ္ရပ္ေတြ၊ အေရာင္ေတြနဲ႔ ေတြ႕ျမင္ရတတ္ပါတယ္။ ဒီေန႔မွာေတာ့ ကမာၻတဝန္းက
ကံေကာင္းေစတဲ့ နမိတ္လကၡဏာေတြကို အပိုင္း (၂)အေနနဲ႔ ေျပာျပခ်င္ပါတယ္။ေနာက္အပိုင္းေတြမွာ ဘယ္အရာေတြက ကံေကာင္းျခင္းနိမိတ္ေတြျဖစ္မလဲဆိုတာဆက္ဖတ္ၾကည့္ဖို႔ မေမ့နဲ႔ေနာ္။

သက္တန႔္

သက္တန႔္ေတြက ကံေကာင္းျခင္းဆိုတာကို သင္သိပါသလား။ သက္တန႔္ဆိုတာကိုယ္ျမင္ခ်င္တဲ့အခ်ိန္ ျမင္ေတြ႕ရတာမဟုတ္ဘဲ တခါတရံမွာ ေကာင္းကင္ႀကီးမွာလွလွပပႀကီးေပၚလာတတ္တယ္မဟုတ္လား။ သက္တန႔္ေတြက အသိပညာနဲ႔အမွန္တရားကိုကိုယ္စားျပဳတယ္လို႔ အဆိုရွိၾကပါတယ္။ မိုးသည္းထန္စြာ႐ြာၿပီးေနာက္ ဒါမွမဟုတ္မုန္တိုင္းတခုၿပီးေနာက္မွာ သက္တန႔္ေတြကို ေတြ႕ရတတ္ပါတယ္။ ဒါက ျပန္လည္ရွင္သန္ျခင္းကိုကိုယ္စားျပဳတယ္ဆိုတဲ့ နိမိတ္လို႔ ေျပာၾကပါတယ္။ သက္တန႔္ေတြကအေျပာင္းအလဲေတြကိုလည္း ကိုယ္စားျပဳတတ္ပါတယ္။ သက္တန႔္ႏွစ္ခုက ကံေကာင္းျခင္းကိုကိုယ္စားျပဳပါတယ္။ အိုင္ယာလန္႐ိုးရာပုံျပင္ေတြမွာ သက္တန႔္ရဲ႕အဆုံးမွာ နတ္သမီးေတြကသူတို႔ရဲ႕ေ႐ႊအိုးကိုသိမ္းဆည္းထားတယ္လို႔ ဆိုၾကပါတယ္။

မိေက်ာင္း

မီေက်ာင္းက အသက္နဲ႔ခႏၶာကိုယ္ က်န္းမာေရးကိုထိန္းသိမ္းေစာင့္ေရွာက္ျခင္းကိုကိုယ္စားျပဳပါတယ္။ မိေက်ာင္းက ေလာင္းကစားသမားမ်ားအတြက္ကံေကာင္းေစတဲ့လာဘ္ေကာင္နိမိတ္လို႔ သတ္မွတ္ထားၾကပါတယ္။ တခ်ိဳ႕ယဥ္ေက်းမႈမ်ားမွာ မိေခ်ာင္းသြားနဲ႔ေျခမ်ားကို အ ထူးကံေကာင္းေစတယ္လို႔ ယူဆထားၾကပါတယ္။ မိေက်ာင္းမ်ားကသန္မာတဲ့မ်ိဳးစိတ္မ်ားျဖစ္ၿပီး သူတို႔ရဲ႕ အေရခြံ႕က ကံေကာင္းျခင္းနဲ႔
ကာကြယ္ျခင္းသေကၤတတခုျဖစ္တယ္လို႔ သတ္မွတ္ထားၾကပါတယ္။

လင္းႏို႔

လင္းႏို႔ေတြက သဘာဝဝတ္မႈန္ကူးေပးသူမ်ားျဖစ္ၿပီး အင္ဆက္ေကာင္ေရေလ်ာ့နည္းေစသူေတြျဖစ္ၾကပါတယ္။ တ႐ုတ္ယဥ္ေက်းမႈမွာ လင္းႏို႔က ေပ်ာ္႐ႊင္မႈကို ကိုယ္စားျပဳပါတယ္။လင္းႏို႔ငါးေကာင္က မဂၤလာငါးပါးလို႔သတ္မွတ္ၾကပါတယ္။ အဲဒီမဂၤလာငါးပါးကေတာ့အ သက္ရွည္ျခင္း၊ စည္းစိမ္းခ်မ္းသာရျခင္း၊ က်န္းမာျခင္း၊ သီလကိုျမတ္ႏိုးျခင္း၊ၿငိမ္းခ်မ္းေသာေသျခင္းေတြပဲျဖစ္ပါတယ္။ ဒါေၾကာင့္ လင္းႏို႔ႏွစ္ေကာင္ကိုေတြ႕ျမင္ရရင္ကံေကာင္းျခင္း ႏွစ္ဆလို႔ အဓိပၸာယ္ရပါတယ္။ လင္းႏို႔ေတြက ေသျခင္းနဲ႔ ျပန္လည္ေမြးဖြားျခင္းသေကၤအျဖစ္ လည္း လူသိမ်ားပါတယ္။ တခါတေလမွာ အိမ္ထဲမွာ ပ်ံေနတတ္တဲ့လင္းႏို႔ေတြကို ေတြ႕ရတတ္ပါတယ္။ အဲဒါက ဘာအဓိပၸာယ္လဲဆိုရင္ အကာအကြယ္နဲ႔ေဘးကင္းမႈသေကၤတျဖစ္ပါတယ္။

ငွက္မ်ား

ငွက္မ်ိဳးစိတ္မ်ားစြာကိုကံေကာင္းတယ္လို႔ ယူဆထားၾကပါတယ္။ ဥပမာ က်ီးကို သေဘၤာသား၊အထူးသျဖင့္ ဗိုက္ကင္းေတြက ကုန္းေျမနဲ႔နီးေနၿပီလို႔ ၫႊန္ျပတဲ့ သေကၤတအျဖစ္က်ီးကိုအေလးထားၾကပါတယ္။ တခ်ိဳ႕ယဥ္ေက်းမႈေတြက က်ီးကိုမေကာင္းတဲ့နိမိတ္အျဖစ္ျမင္ၾကတာေတြလည္းရွိပါတယ္။ Hummingbirds မ်ားကို အေမရိကအလယ္ပိုင္းမွာအခ်စ္ကိုကိုယ္စားျပဳတယ္လို႔ ဆိုၾကပါတယ္။ ငွက္က်ားေတြကိုလည္း ကံေကာင္းတယ္လို႔ဂ်ာမန္႐ိုးရာပုံျပင္ေတြက ေျပာဆိုထားပါတယ္။သည္ဟု ယူဆၾကသည္။ ဥပမာ၊ က်ီးကို သေဘၤာသား၊ အထူးသျဖင့္ ဗိုက္ကင္းေတြကကုန္းေျမနီးတယ္လို႔ ၫႊန္ျပတဲ့အတြက္ က်ီးကို ေလးစားတယ္။ သို႔ေသာ္အခ်ိဳ႕ေသာယဥ္ေက်းမႈမ်ားက က်ီးမ်ားကို မေကာင္းတဲ့အတိတ္နိမိတ္အျဖစ္ ျမင္ၾကသည္။ေျမာက္အေမရိကရွိ ဌာေနတိုင္းရင္းသားလူမ်ိဳးမ်ား၏ ႐ိုးရာပုံျပင္မ်ားတြင္ ငွက္ပိတုန္းမ်ားကိုကုသေပးသူမ်ားအျဖစ္ သတ္မွတ္ၾကသည္။ အေမရိကအလယ္ပိုင္းမွာ သူတို႔က အခ်စ္ကိုကိုယ္စားျပဳတယ္။ Storks မ်ား သည္လည္း ကံေကာင္းၾကၿပီး ဂ်ာမန္႐ိုးရာပုံျပင္တြင္ေတာေမ်ာမ်ားသည္ ကေလးငယ္မ်ားကို ႏႈတ္သီးျဖင့္ ျခင္းေတာင္းျဖင့္ အိမ္မ်ားသို႔ေခၚေဆာင္လာသည္ဟု ယူဆၾကသည္။ ဇီးကြက္ေတြက ဉာဏ္ပညာ၊အသိပညာကိုကိုယ္စားျပဳပါတယ္။ အခ်ိဳ႕က ဇီးကြက္မ်ားက အ ေျပာင္းအလဲမ်ားမၾကာမီလာမွာကို သတိေပးတယ္လို႔ဆိုၾကပါတယ္။ေနာက္ရက္မ်ားမွာလည္း ဘယ္အရာေတြ၊ ဘယ္တိရိစာၦန္ေလးေတြက ကံေကာင္းမႈနိမိတ္ေတြျဖစ္မလဲဆိုတာ ဆက္ဖတ္ေပးပါဦးေနာ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*