ဟယ်ရီပေါ်တာရုပ်ရှင်ရိုက်ရင်း အကြောသေသွားခဲ့ရတဲ့စတန့်မင်းသားအတွက် ကူညီနေဆဲ Daniel Radcliffe

HBO ကထုတ်လွှင့်မယ့် David Holmes: The Boy Who Lived နာမည်ရ Documentary ထဲမှာဟယ်ရီပေါ်တာမင်းသား Daniel Radcliffe လည်းပါဝင်လာမှာဖြစ်ပါတယ်။ ဒီ Documentary ဟာဟယ်ရီပေါ်တာရုပ်ရှင်တွေတိုင်း စတန့်မင်းသားအဖြစ်နဲ့ပါဝင်ခဲ့တဲ့ David Holmes ရဲ့အကြောင်းပဲဖြစ်ပါတယ်။David Holmes ဟာဟယ်ရီပေါ်တာဇာတ်ကားတွေစရိုက်စဉ်ကဆယ်ကျော်သက်ကျွမ်းဘားသမားလေးဖြစ်ပြီး Daniel Radcliffe နဲ့လည်းရင်းနှီးချစ်ခင်လွန်းတဲ့ဆက်ဆံရေးရှိသူဖြစ်ပါတယ်။ သူဟာ ၂၀၁၀ ခုနစ်ကထွက်ရှိတဲ့
Deathly Hallows: Part 1 ရိုက်ကူးရင်း အက်ဆီးဒင့်တစ်ခုဖြစ်ကာခါးအောက်ပိုင်းအကြောသေသွားခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ အသက် ၃၄ နှစ်ရှိပြီဖြစ်ပြီးဘီးတပ်ကုလားထိုင်နဲ့သွားလာနေရသူပါ။ David Holmes ကတော့ Daniel Radcliffe အတွက်
စတန့်သရုပ်ဆောင်လုပ်ပေးခဲ့ရတာဟာ သူ့အတွက်အကောင်းဆုံးအမှတ်တရတွေပါလို့ပြောခဲ့ပါတယ်။ဒီ Documentary ထဲမှာ David Holmes ရဲ့စိတ်ဓာတ်ခိုင်မာမှုနဲ့ လောကကိုအရှုံးမပေးရှင်သန်နေပုံတွေကိုအဓိကတွေ့မြင်ရမှာဖြစ်ပါတယ်။ ဒီကားရဲ့ Executive Producer တွေက David Holmes နဲ့ Daniel Radcliffe ဖြစ်ပြီး ဒါရိုက်တာအနေနဲ့ ဟယ်ရီပေါ်တာဇာတ်ကားရိုက်ကူးမှုတိုင်းမှာ Crew Member အနေနဲ့ပါဝင်ခဲ့ဖူးတဲ့ Dan Hartley တို့ကတာဝန်ယူထားကြတာဖြစ်ပါတယ်။ ဒီ Documentary ကိုနိုဝင်ဘာလ ၁၅ ရက်နေ့မှာ HBO ကနေ စတင်ပြသတော့မှာဖြစ်ပါတယ်။

Ju Ju

zawgyi

HBO ကထုတ္လႊင့္မယ့္ David Holmes: The Boy Who Lived နာမည္ရ Documentary ထဲမွာဟယ္ရီေပၚတာမင္းသား Daniel Radcliffe လည္းပါဝင္လာမွာျဖစ္ပါတယ္။ ဒီ Documentary ဟာဟယ္ရီေပၚတာ႐ုပ္ရွင္ေတြတိုင္း စတန႔္မင္းသားအျဖစ္နဲ႔ပါဝင္ခဲ့တဲ့ David Holmes ရဲ႕အေၾကာင္းပဲျဖစ္ပါတယ္။David Holmes ဟာဟယ္ရီေပၚတာဇာတ္ကားေတြစ႐ိုက္စဥ္ကဆယ္ေက်ာ္သက္ကြၽမ္းဘားသမားေလးျဖစ္ၿပီး Daniel Radcliffe နဲ႔လည္းရင္းႏွီးခ်စ္ခင္လြန္းတဲ့ဆက္ဆံေရးရွိသူျဖစ္ပါတယ္။ သူဟာ ၂၀၁၀ ခုနစ္ကထြက္ရွိတဲ့
Deathly Hallows: Part 1 ႐ိုက္ကူးရင္း အက္ဆီးဒင့္တစ္ခုျဖစ္ကာခါးေအာက္ပိုင္းအေၾကာေသသြားခဲ့တာျဖစ္ပါတယ္။

လက္ရွိမွာ အသက္ ၃၄ ႏွစ္ရွိၿပီျဖစ္ၿပီးဘီးတပ္ကုလားထိုင္နဲ႔သြားလာေနရသူပါ။ David Holmes ကေတာ့ Daniel Radcliffe အတြက္
စတန႔္သ႐ုပ္ေဆာင္လုပ္ေပးခဲ့ရတာဟာ သူ႔အတြက္အေကာင္းဆုံးအမွတ္တရေတြပါလို႔ေျပာခဲ့ပါတယ္။ဒီ Documentary ထဲမွာ David Holmes ရဲ႕စိတ္ဓာတ္ခိုင္မာမႈနဲ႔ ေလာကကိုအရႈံးမေပးရွင္သန္ေနပုံေတြကိုအဓိကေတြ႕ျမင္ရမွာျဖစ္ပါတယ္။ ဒီကားရဲ႕ Executive Producer ေတြက David Holmes နဲ႔ Daniel Radcliffe ျဖစ္ၿပီး ဒါ႐ိုက္တာအေနနဲ႔ ဟယ္ရီေပၚတာဇာတ္ကား႐ိုက္ကူးမႈတိုင္းမွာ Crew Member အေနနဲ႔ပါဝင္ခဲ့ဖူးတဲ့ Dan Hartley တို႔ကတာဝန္ယူထားၾကတာျဖစ္ပါတယ္။ ဒီ Documentary ကိုႏိုဝင္ဘာလ ၁၅ ရက္ေန႔မွာ HBO ကေန စတင္ျပသေတာ့မွာျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*