ဇွန်လမှာ ကံအကောင်းဆုံး ရာသီခွင် (၃)ခု
ဒီလမှာ ကံကောင်းမယ့်ရာသီခွင်လေးတွေက ဘယ်သူတွေဖြစ်မလဲ ကြည့်ကြရအောင်ပါ။ ၂၀၂၄၊ဇွန်လမှာ တချို့ရာသီခွင်တွေက ထူးထူး ခြားခြားကံကောင်းကြပါတယ်။
Taurus (April 20 – May 20)
Taurus တွေက ဇွန်လအတွက် ကံအကောင်းဆုံးရာသီခွင်တွေဖြစ်ပါတယ်။ နိုင်ငံခြားခရီးအတွက်ကောင်းမွန်တဲ့အကျိုးကျေးဇူးတွေဖြစ်စေနိုင်ပါတယ်။ နိုင်ငံခြားသွားမယ်ဆိုပြီး စီစဉ်နေသူတွေဒီဇွန်လက အကောင်းဆုံးအခွင့်အလမ်းပါပဲ။ ဇွန်လမှာ ငွေရေးကြေးရေအခြေ အနေတွေသိသိသာသာ တိုးတက်လာနိုင်ပါတယ်။ အချစ်ရေးမှာလည်း ကိုယ့်ရဲ့လက်တွဲဖော်၊အိမ်ထောင်ဖက်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ နှောင်ကြိုးတွေ တိုးပွားလာနိုင်ပါတယ်။ကျောင်းသားတွေအတွက် ဇွန်လကပညာရေးအခွင့်အလမ်းတွေကောင်းမွန်နိုင်မယ့်လဖြစ်ပါတယ်။ အလုပ်အကိုင်ရေးရာမှာလည်းကောင်းမွန်တဲ့ လဖြစ်ပါတယ်။
Cancer (June 21 – July 22)
ဒီရာသီဖွားလေးတွေကလည်း ဇွန်လမှာ ကောင်းမွန်တဲ့အပြောင်းအလဲတွေကိုမျှော်လင့်နိုင်ပါတယ်။ မျှော်မှန်းချက်တွေပြည့်စုံနိုင်တဲ့လတလဖြစ်ပြီး ငွေရေးကြေးရေးမှာလည်းအကောင်းဘက်ကို ဦးတည်နေပါတယ်။ မော်တော်ယာဉ်၊ အိမ်ခြံမြေများပိုင်ဆိုင်ရမယ့်လလည်းဖြစ်ပါတယ်။ အသက်မွေးဝမ်းကြောင်းမှာလည်း ဇွန်လကတိုးတက်မှုတွေရှိနေပါတယ်။ ချစ်မေတ္တာရေးရာမှာလည်း ခိုင်မာတဲ့ ဆက်ဆံရေးတွေကိုတည်ဆောက်နိုင်ပါတယ်။
Leo (July 23 – August 22)
လီယိုတွေအတွက် ဇွန်လက အသက်မွေးဝမ်းကျောင်းတိုးတက်မှုတွေရှိနိုင်ပြီး ဘဝအတွက်ကောင်းမွန်တဲ့အပြောင်းအလဲတွေအခွင့်အ လမ်းတွေဖြစ်စေပါတယ်။ အလုပ်ကမ်းလှမ်းမှုများ၊ကောင်းမွန်တဲ့ အပြောင်းအရွေ့များလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။ ပရောဂျက်များ
အောင်မြင်တိုးတက်မယ့် လလည်းဖြစ်ပါတယ်။ အိမ်ထောင်ရေး၊ ချစ်သူရည်းစားများလည်းခိုင်မာတဲ့ အချစ်ရေးပိုင်ဆိုင်နိုင်ပါတယ်။ ကျောင်းသားတွေအတွက်ကတော့ ဇွန်လကပညာရေးရလဒ်ကောင်းများရရှိနိုင်မယ့်လဖြစ်ပါတယ်။
MYit
zawgyi
Taurus (April 20 – May 20)
Cancer (June 21 – July 22)
Leo (July 23 – August 22)
MYit
Be the first to comment
Leave a Reply
Your email address will not be published.
*