Gum နဲ့အတူပြန်လာတော့မယ့် Jessi
အနုပညာနာမည် Jessi လို့သိကြတဲ့ Jessica Ho ဟာ အမေရိကန်နိုင်ငံမှာမွေးဖွားခဲ့ပြီး အသက် ၁၅ နှစ်အရွယ်မှာ ကိုရီးယားကိုရောက်ရှိလာခဲ့တာဖြစ်ပါတယ်။တခြားသောကိုရီးယားအဆိုတော်တွေနဲ့မတူတဲ့ သူမရဲ့အသံနဲ့ပုံပန်းသွင်ပြင်ကြောင့်လူတွေကပိုပြီးစိတ်ဝင်စားခဲ့ပါတယ်။ သီချင်းများစွာထဲက Nunu NaNa သီချင်းနဲ့ Zoom သီချင်းတွေဟာလူငယ်ပရိသတ်တွေကြားရေပန်းစားတဲ့သီချင်းတွေဖြစ်ပါတယ်။ Jessi ရဲ့ အေဂျင်စီဖြစ်တဲ့ More Vision က မကြာခင်မှာ Jessi ရဲ့သီချင်းသစ်ထွက်ရှိတော့မှာဖြစ်ကြောင်းကြေညာလိုက်ပါတယ်။
More Vision နဲ့သူမဟာ ပြီးခဲ့တဲ့ဧပြီလကစာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။သူမသီချင်းရဲ့ Teaser Image ကိုလည်း အောက်တိုဘာလ ၁၇ ရက်နေ့ကဖော်ပြလာခဲ့တာတွေ့မြင်ရပါတယ်။ ပုံထဲမှာတော့ ဆွဲဆောင်မှုူရှိရှိလှနေတဲ့သူမရဲ့အလှကိုအပြာရောင်စကတ်တိုတိုလေးနဲ့တွဲဖက်ပြီးပုံဖော်ထားသလို စကတ်ပေါ်မှာ Gum ဆိုတဲ့သီချင်းခေါင်းစဉ်ကိုရေးသားထားတာတွေ့ရပါတယ်။သူမရဲ့အသစ်စတင်မှုနဲ့အတူတရားဝင် Website ဖြစ်တဲ့ jessiofficial.com ကိုပါပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။ Jessi ရဲ့ Gum ကို အောက်တိုဘာလ ၂၅ ရက်နေ့စတင်ဖြန့်ချိတော့မှာဖြစ်ပါတယ်။
Ju Ju
zawgyi
Ju Ju
Be the first to comment
Leave a Reply
Your email address will not be published.
*