Past Lives သရုပ်ဆောင် Yoo Teo ဇာတ်လမ်းတွဲသစ်ရိုက်ကူးမည်

၂၀၂၃ ခုနစ်ကထွက်ရှိခဲ့တဲ့ ရုပ်ရှင်ကားတွေအတွင်း အောင်မြင်မှုများစွာပိုင်ဆိုင်နိုင်ခဲ့တဲ့ရုပ်ရှင် Past Livesရဲ့သရုပ်ဆောင် Yoo Teo အနေနဲ့ Netflix ရဲ့ နောက်ထပ်ဇာတ်လမ်းတွဲသစ်မှာပါဝင်မယ်လို့ သိရပါတယ်။ Yoo Teo ဟာ ဂျာမန်-တောင်ကိုရီးယားကပြား သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး အသက် ၄၂ နှစ်ရှိပြီဖြစ်ပါတယ်။သူဟာ American Netflix Series ‘The Recruit’ Season 2 မှာပါဝင်မှာဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲမှာ Yoo Teo ဟာ တောင်ကိုရီးယား National Intelligence Service အေဂျင်စီမှ Jang Kyun အဖြစ်သရုပ်ဆောင်မှာ ဖြစ်ပါတယ်။ တခြားသူတွေကိုကာကွယ်ဖို့အတွက်ကိုယ်ကိုယ်တိုင်အန္တရာယ်တောထဲခုန်ချခဲ့တဲ့ သူတစ်ယောက်အဖြစ်ပါဝင်မှာပါ။
The Recruit ဇာတ်လမ်းတွဲဟာ CIA မှာအလုပ်လုပ်နေတဲ့ ရှေ့နေတစ်ယောက်အကြောင်းဖြစ်ပြီးကမ္ဘာအနှံ့က spy တွေနဲ့တွေ့ဆုံရတဲ့ဇာတ်လမ်းဖြစ်ပါတယ်။ The Recruit Season 1 ကတော့ ၂၀၂၂ ခုနစ်မှာ ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။Yoo Teo ဟာ Past Lives ရုပ်ရှင်မှာ Hae Sung အဖြစ်သရုပ်ဆောင်ပြီး ထိုဇာတ်ရုပ်အတွက်ပိုပြီးလူသိများလာတဲ့အပြင် Marie Claire ရဲ့ Asia Star Award ကိုလည်းရရှိခဲ့ပါတယ်။

Ju Ju

zawgyi



Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*