Google ရဲ့ အထင်ကရဖော်ညွှန်းချက်ထဲပါဝင်ခဲ့တဲ့ Black Pink

ကမ္ဘာ့အကျော်ကြာဆုံး Search Engine ဖြစ်တဲ့ Google ဟာ အခုဆိုရင် ၂၅ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။Google ရဲ့ ၂၅ နှစ်ပြည့်အ ထိမ်းအမှတ်အနေနဲ့ ဗီဒီယိုလေးတစ်ခုပြုလုပ်ခဲ့တာတွေ့ရပါတယ်။ဒီအထိမ်းအမှတ်ဗီဒီယိုထဲမှာ လွန်ခဲ့တဲ့ ၂၅ နှစ်ကနေလက်ရှိကာလအထိ တစ်ကမ္ဘာလုံးမှာ Trend ဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေ၊ အထင်ကရလူတွေအကြောင်း၊ ကမ္ဘာအနှံ့ကလူတွေရဲ့စိတ်ဝင်စားတဲ့အရာတွေအား လုံးကို ရွေးထုတ်ပြသခဲ့တာပါ။

လွန်ခဲ့တဲ့ ၂၅ နှစ်ကနေခုချိန်ထိ လူတွေစိတ်ဝင်တစားရှာဖွေကြတဲ့အကြောင်းအရာတွေထဲမှာလပေါ်သို့ပထမဆုံးလူသားခြေချခြင်း၊ အေရိုးဗစ်လေ့ကျင့်ခန်းများ၊ အားကစားသတင်းများ၊စီရိုနယ်ဒိုအကြောင်း၊ Pokemon ကာတွန်း ၊ Simpson ဇာတ်ကောင်များ၊ အိန္ဒိယရုပ်ရှင်များ၊ရှရွတ်ခန်းအကြောင်း၊ Black Pink ၊ ဘီယွန်းဆေး၊ အီမိုဂျီများ၊ ဘာဘီရုပ်ရှင်၊ တေလာဆွပ်ဖ်၊စပိုက်ဒါမန်း၊ ကပ်ဘေးအမျိုးမျိုးကနေကယ်တင်မှုများအကြောင်း၊ ice bucket challenge ၊ LGBTQ လှုပ်ရှားမှု၊ Black Live Matters၊ ရီဟားနားရဲ့ဖက်ရှင်၊ အိုင်းစတိုင်း၊ Talents Show များ၊ တင်းနစ်မယ် Williams ညီအစ်မစသဖြင့် ပါဝင်ခဲ့တာဖြစ်ပါတယ်။

ဒီလိုရွေးထုတ်ပြသတဲ့အထဲမှာ ကမ္ဘာတစ်ဝှမ်းကလူတွေရဲ့ ရှာဖွေမှုအများဆုံးကိုရီးယားအမျိုးသမီးအဆိုတော်အဖွဲ့အနေနဲ့ Black Pink က ဖော်ပြခံခဲ့ရတာဖြစ်ပါတယ်။ Google ရဲ့သက်တမ်းတစ်လျှောက်မှာ Most Searched Girl Group အနေနဲ့ Black Pink ကိုဖော်ပြခဲ့တယ်ဆိုတဲ့အကြောင်းကို Black Pink ရဲ့ ပေ့ချ်၊ အကောင့်များစွာကဂုဏ်ယူစွာမျှဝေခဲ့တဲ့အပြင် ပရိသတ်တော်တော်များများကလည်း သူမတို့အတွကဂုဏ်ပြုစကားတွေပြောဆိုခဲ့ကြပါတယ်။

Ju Ju

zawgyi

ကမာၻ႔အေက်ာ္ၾကာဆုံး Search Engine ျဖစ္တဲ့ Google ဟာ အခုဆိုရင္ ၂၅ ႏွစ္ျပည့္ေျမာက္ခဲ့ၿပီျဖစ္ပါတယ္။Google ရဲ႕ ၂၅ ႏွစ္ျပည့္အ ထိမ္းအမွတ္အေနနဲ႔ ဗီဒီယိုေလးတစ္ခုျပဳလုပ္ခဲ့တာေတြ႕ရပါတယ္။ဒီအထိမ္းအမွတ္ဗီဒီယိုထဲမွာ လြန္ခဲ့တဲ့ ၂၅ ႏွစ္ကေနလက္ရွိကာလအထိ တစ္ကမာၻလုံးမွာ Trend ျဖစ္ခဲ့တဲ့အျဖစ္အပ်က္ေတြ၊ အထင္ကရလူေတြအေၾကာင္း၊ ကမာၻအႏွံ႔ကလူေတြရဲ႕စိတ္ဝင္စားတဲ့အရာေတြအား လုံးကို ေ႐ြးထုတ္ျပသခဲ့တာပါ။

လြန္ခဲ့တဲ့ ၂၅ ႏွစ္ကေနခုခ်ိန္ထိ လူေတြစိတ္ဝင္တစားရွာေဖြၾကတဲ့အေၾကာင္းအရာေတြထဲမွာလေပၚသို႔ပထမဆုံးလူသားေျခခ်ျခင္း၊ ေအ႐ိုးဗစ္ေလ့က်င့္ခန္းမ်ား၊ အားကစားသတင္းမ်ား၊စီ႐ိုနယ္ဒိုအေၾကာင္း၊ Pokemon ကာတြန္း ၊ Simpson ဇာတ္ေကာင္မ်ား၊ အိႏၵိယ႐ုပ္ရွင္မ်ား၊ရွ႐ြတ္ခန္းအေၾကာင္း၊ Black Pink ၊ ဘီယြန္းေဆး၊ အီမိုဂ်ီမ်ား၊ ဘာဘီ႐ုပ္ရွင္၊ ေတလာဆြပ္ဖ္၊စပိုက္ဒါမန္း၊ ကပ္ေဘးအမ်ိဳးမ်ိဳးကေနကယ္တင္မႈမ်ားအေၾကာင္း၊ ice bucket challenge ၊ LGBTQ လႈပ္ရွားမႈ၊ Black Live Matters၊ ရီဟားနားရဲ႕ဖက္ရွင္၊ အိုင္းစတိုင္း၊ Talents Show မ်ား၊ တင္းနစ္မယ္ Williams ညီအစ္မစသျဖင့္ ပါဝင္ခဲ့တာျဖစ္ပါတယ္။

ဒီလိုေ႐ြးထုတ္ျပသတဲ့အထဲမွာ ကမာၻတစ္ဝွမ္းကလူေတြရဲ႕ ရွာေဖြမႈအမ်ားဆုံးကိုရီးယားအမ်ိဳးသမီးအဆိုေတာ္အဖြဲ႕အေနနဲ႔ Black Pink က ေဖာ္ျပခံခဲ့ရတာျဖစ္ပါတယ္။ Google ရဲ႕သက္တမ္းတစ္ေလွ်ာက္မွာ Most Searched Girl Group အေနနဲ႔ Black Pink ကိုေဖာ္ျပခဲ့တယ္ဆိုတဲ့အေၾကာင္းကို Black Pink ရဲ႕ ေပ့ခ်္၊ အေကာင့္မ်ားစြာကဂုဏ္ယူစြာမွ်ေဝခဲ့တဲ့အျပင္ ပရိသတ္ေတာ္ေတာ္မ်ားမ်ားကလည္း သူမတို႔အတြကဂုဏ္ျပဳစကားေတြေျပာဆိုခဲ့ၾကပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*