တက်တူးဆင်တူထိုးကြတဲ့ Dua Lipa နဲ့ Seth Meyers

Du Lipa က သူမစိတ်ကြိုက်နောက်ထပ်တက်တူးတစ်ခုထိုးတဲ့အချိန်မှာ Seth Meyers ကလည်းအတူတူပါဝင်ခဲ့တယ်လို့သိရပါတယ်။ သူတို့နှစ်ဦးဟာ Late Night With Seth Meyers အစီအစဉ်မှာတွေ့ဆုံကြတာဖြစ်ပြီး အဆိုတော်နဲ့ Host က ပုံစံတူတက်တူးလေးထိုးခဲ့ကြတာပါ။သူတို့အတူထိုးခဲ့တာကတော့ ကြယ်ပုံတက်တူးသေးသေးလေးဖြစ်ပါတယ်။သူတို့ဟာ Celebrity တက်တူးဆရာအဖြစ် နာ မည်ကြီးတဲ့တက်တူးပညာရှင် Bang Bang ဆီမှာတက်တူထိုးခဲ့ကြတာဖြစ်ပါတယ်။ Bang Bang ဟာ အနုပညာနယ်ပယ်ကကျော်ကြားသူများစွာကိုတက်တူးထိုးပေးနေသူဖြစ်ပါတယ်။

Dua Lipa ကတက်တူးထိုးရတာနှစ်သက်သူဖြစ်ပြီး သူမခန္ဓာကိုယ်ပေါ်မှာ အဓိပ္ပါယ်ရှိတဲ့တက်တူးသေးသေးလေးတွေအများကြီးရှိနေတာဖြစ်ပါတယ်။ သူမကိုယ်ပေါ်မှာ Suny Hill တက်တူး ၊သူမရဲ့ Show ပွဲအရေအတွက်ကိုထိုးထားတဲ့245တက်တူး၊ အသည်းပုံတက်တူးစသဖြင့်တက်တူးသေးသေးလေးတွေ ကိုနေရာအနှံ့ထိုးထားတဲ့သူလည်းဖြစ်ပါတယ်။ Seth Meyers ကတော့ တစ်ခါမှတက်တူးမထိုးဖူးဘူးလို့ဆိုပါတယ်။ ပုံစံတူကြယ်ပုံတက်တူးလေးကိုသူမကခြေဖဝါးမှာထိုးခဲ့ပြီး Meyers ကတော့ ခြေသလုံးမှာထိုးခဲ့တာဖြစ်ပါတယ်။

Ju Ju

zawgyi



Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*