ကင်ဆာသက်သာလို့အနုပညာအလုပ်ပြန်လုပ်တော့မယ့် Parasite မင်းသမီးဘတ်ဆိုဒမ်

The Priests ၊ Cinderella with Four Knights ၊ Record of the Youth စတဲ့ဇာတ်လမ်းတွဲတွေအပြင်နာမည်ကြီးရုပ်ရှင်ကား Parasite မှာပါဝင်ရင်း အောင်မြင်မှုတွေရထားတဲ့ ဘတ်ဆိုဒမ်အနေနဲ့ Death’s Game ဆိုတဲ့ ဇာတ်လမ်းတွဲမှာပြန်လည်သရုပ်ဆောင်ရင်း
ပရိသတ်တွေဆီရောက်ရှိလာတော့မှာဖြစ်ပါတယ်။ TVING ရဲ့ဇာတ်လမ်းတွဲဖြစ်တဲ့ Death’s Game မှာဘတ်ဆိုဒမ်က သေမင်းအဖြစ်သရုပ်ဆောင်မှာဖြစ်ပါတယ်။ဒီဇာတ်လမ်းတွဲရဲ့ စာနယ်ဇင်းမိတ်ဆက်ပွဲကို ဒီဇင်ဘာလ ၁၃ ရက်နေ့ကျင်းပခဲ့ပြီး ထိုပွဲမှာဘတ်ဆိုဒမ်က
သူမအနေနဲ့ကင်ဆာရောဂါကိုဘယ်လိုအနိုင်တိုက်ခဲ့သလဲဆိုတာကိုပြောပြခဲ့ပါတယ်။သူမဟာ ၂၀၂၁ ခုနစ်၊ ဒီဇင်ဘာလက သွိုင်းရိုက်ကင် ဆာဖြစ်နေတယ်လို့သိခဲ့ရပြီးခွဲစိတ်မှုခံယူခဲ့ရပါတယ်။ “ကျွန်မနေမကောင်းတဲ့အချိန်မှာအများကြီးပံ့ပိုးကူညီပေးခဲ့ကြတဲ့သူတွေကိုတကယ့်ကိုကျေးဇူးတင်မိပါတယ်။
ကျွန်မအဖေရဲ့အကူအညီမပါဘဲ ဘာမှမလုပ်နိုင်ခဲ့တဲ့အချိန်တွေရှိခဲ့ပါတယ်။ ဝေဒနာကိုတိုက်ခိုက်နေရတဲ့အချိန်ဟာလည်း ကိုယ့်အတွက်စိန်ခေါ်မှုတွေနဲ့ပါ။ ဒါကို ကင်ဆာဝေဒနာရှင်တွေနားလည်မှာပါ။စိတ်ပိုင်းရော ရုပ်ပိုင်းရောကောင်းနေတယ်ဆိုပေမယ့်လည်း စိတ်အတက် အကျဖြစ်တာ၊ဘက်ထရီကုန်ခမ်းသွားသလို ခံစားရတာမျိုးတွေ အကြိမ်ပေါင်းများစွာရှိခဲ့ပါတယ်”လို့သူမကပြောခဲ့တာပါ။“အခုဒီဇာတ် လမ်းတွဲရိုက်ဖို့လာပြောချိန်က ကျွန်မစကားပြောဖို့တောင်အဆင်မပြေတဲ့အချိန်မျိုးပါ။ဒါပေမဲ့ ဒါရိုက်တာက ကျွန်မမှာအချိန်လုံလောက်တယ်။ ကျွန်မသက်သာလာတဲ့အထိစောင့်မယ်လို့ပြောပါတယ်။ သူ့ရဲ့နားလည်ပေးမှုကြောင့်ကျွန်မအကောင်းဆုံးလုပ်မယ်ဆိုတဲ့သတ္တိတွေရှိလာခဲ့ပါတယ်။ ဒါ့ကြောင့် ဒီဇာတ်လမ်းတွဲကိုစောင့်ကြည့်အားပေးစေချင်ပါတယ် “လို့ သူမကပြောခဲ့တာဖြစ်ပါတယ်။Death’s Game Part One ကို ဒီဇင်ဘာ ၁၅ ရက်နေ့မှာစတင်ပြသမှာဖြစ်ပြီး Park Two ကိုတော့ ဇန်နဝါရီ ၅ ရက်နေ့မှာ ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။

Ju Ju

zawgyi

The Priests ၊ Cinderella with Four Knights ၊ Record of the Youth စတဲ့ဇာတ္လမ္းတြဲေတြအျပင္နာမည္ႀကီး႐ုပ္ရွင္ကား Parasite မွာပါဝင္ရင္း ေအာင္ျမင္မႈေတြရထားတဲ့ ဘတ္ဆိုဒမ္အေနနဲ႔ Death’s Game ဆိုတဲ့ ဇာတ္လမ္းတြဲမွာျပန္လည္သ႐ုပ္ေဆာင္ရင္း
ပရိသတ္ေတြဆီေရာက္ရွိလာေတာ့မွာျဖစ္ပါတယ္။ TVING ရဲ႕ဇာတ္လမ္းတြဲျဖစ္တဲ့ Death’s Game မွာဘတ္ဆိုဒမ္က ေသမင္းအျဖစ္သ႐ုပ္ေဆာင္မွာျဖစ္ပါတယ္။ဒီဇာတ္လမ္းတြဲရဲ႕ စာနယ္ဇင္းမိတ္ဆက္ပြဲကို ဒီဇင္ဘာလ ၁၃ ရက္ေန႔က်င္းပခဲ့ၿပီး ထိုပြဲမွာဘတ္ဆိုဒမ္က
သူမအေနနဲ႔ကင္ဆာေရာဂါကိုဘယ္လိုအႏိုင္တိုက္ခဲ့သလဲဆိုတာကိုေျပာျပခဲ့ပါတယ္။သူမဟာ ၂၀၂၁ ခုနစ္၊ ဒီဇင္ဘာလက သြိဳင္း႐ိုက္ကင္ ဆာျဖစ္ေနတယ္လို႔သိခဲ့ရၿပီးခြဲစိတ္မႈခံယူခဲ့ရပါတယ္။ “ကြၽန္မေနမေကာင္းတဲ့အခ်ိန္မွာအမ်ားႀကီးပံ့ပိုးကူညီေပးခဲ့ၾကတဲ့သူေတြကိုတကယ့္ကိုေက်းဇူးတင္မိပါတယ္။
ကြၽန္မအေဖရဲ႕အကူအညီမပါဘဲ ဘာမွမလုပ္ႏိုင္ခဲ့တဲ့အခ်ိန္ေတြရွိခဲ့ပါတယ္။ ေဝဒနာကိုတိုက္ခိုက္ေနရတဲ့အခ်ိန္ဟာလည္း ကိုယ့္အတြက္စိန္ေခၚမႈေတြနဲ႔ပါ။ ဒါကို ကင္ဆာေဝဒနာရွင္ေတြနားလည္မွာပါ။စိတ္ပိုင္းေရာ ႐ုပ္ပိုင္းေရာေကာင္းေနတယ္ဆိုေပမယ့္လည္း စိတ္အတက္ အက်ျဖစ္တာ၊ဘက္ထရီကုန္ခမ္းသြားသလို ခံစားရတာမ်ိဳးေတြ အႀကိမ္ေပါင္းမ်ားစြာရွိခဲ့ပါတယ္”လို႔သူမကေျပာခဲ့တာပါ။“အခုဒီဇာတ္ လမ္းတြဲ႐ိုက္ဖို႔လာေျပာခ်ိန္က ကြၽန္မစကားေျပာဖို႔ေတာင္အဆင္မေျပတဲ့အခ်ိန္မ်ိဳးပါ။ဒါေပမဲ့ ဒါ႐ိုက္တာက ကြၽန္မမွာအခ်ိန္လုံေလာက္တယ္။ ကြၽန္မသက္သာလာတဲ့အထိေစာင့္မယ္လို႔ေျပာပါတယ္။ သူ႔ရဲ႕နားလည္ေပးမႈေၾကာင့္ကြၽန္မအေကာင္းဆုံးလုပ္မယ္ဆိုတဲ့သတၱိေတြရွိလာခဲ့ပါတယ္။ ဒါ့ေၾကာင့္ ဒီဇာတ္လမ္းတြဲကိုေစာင့္ၾကည့္အားေပးေစခ်င္ပါတယ္ “လို႔ သူမကေျပာခဲ့တာျဖစ္ပါတယ္။Death’s Game Part One ကို ဒီဇင္ဘာ ၁၅ ရက္ေန႔မွာစတင္ျပသမွာျဖစ္ၿပီး Park Two ကိုေတာ့ ဇန္နဝါရီ ၅ ရက္ေန႔မွာ ထုတ္လႊင့္ျပသမွာျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*