ကိုယ့်လုပ်ငန်းအောင်မြင်စေဖို့ရှိထားသင့်တဲ့ Core Value ၄ ချက်

ကိုယ့်လုပ်ငန်းရဲ့ စံတန်ဖိုးလို့ဆိုရမယ့် Core Value ဟာ ကိုယ့်ရဲ့ Business အတွက်အလှဆုံးပြင်ဆင်ထားတဲ့မျက်နှာတစ်ခုလိုပါပဲ။ လူတွေကြား ကိုယ့်အဖွဲ့အစည်းဟာကောင်းသတင်းကျော်ဇောခြင်း ဖြစ်၊ မဖြစ်ဆိုတာလည်း ဒီတန်ဖိုးတွေအပေါ်မှာမူတည်ပါတယ်။ Leadership Team ရဲ့ပြယုဂ်လို့ဆိုရမယ့် ဒီ Core Value တွေကပဲအောင်မြင်မှုဆီတွန်းပို့တာဖြစ်ပါတယ်။ကိုယ့်ရဲ့ကောင်းမွန်မှန်ကန်တဲ့ Core Values ကကုမ္ပဏီရဲ့အောင်မြင်မှုကိုပေးစွမ်းပါတယ်။အခုမျှဝေမှာကတော့ Forbes Business Magazine ကဖော်ပြတဲ့ ကုမ္ပဏီတစ်ခုကိုအောင် မြင်မှုရစေနိုင်တဲ့ Core Value လေးခုအကြောင်းဖြစ်ပါတယ်။

၁. မှန်ကန်တဲ့အရာကိုသာလုပ်ခြင်း
လုပ်ငန်းတစ်ခုဟာ အမြဲတမ်းအောင်မြင်နေမယ်လို့ဘယ်သူမှအာမမခံနိုင်ပါဘူး။အကြောင်းအမျိုးမျိုးကြောင့် ဆုံးရှုူံးမှုတွေလည်းကြုံရနိုင်ပါတယ်။ ဒါပေမဲ့ မှန်ကန်တဲ့အရာကိုမှန်ကန်တဲ့ရည်ရွယ်ချက်နဲ့လုပ်မယ်ဆိုရင်တော့ လုပ်ငန်းဟာ အရှုံးမရှိနိုင်ပါဘူး။ယုံကြည်မှုကိုတည် ဆောက်ထားပြီးတဲ့အခါ အရာရာဟာတစ်ကပြန်စရလည်းအဆင်ပြေလွယ်ကူမှာဖြစ်ပါတယ်။ ဒါကြောင့်ခေါင်းဆောင်တွေအနေနဲ့ဆုံးဖြတ် ချက်ချတဲ့အချိန်မှာအမြဲသတိထားပေးဖို့ လိုတယ်လို့အကြံပြုထားပါတယ်။ဆုံးဖြတ်ချက်ချတဲ့အချိန်မှာ တည်ကြည်မှုနဲ့ဂုဏ်သိက္ခာဟာ ရှေ့ကနေရှိနေရမှာပဲဖြစ်ပါတယ်။

၂) လူမှန်နေရာမှန်ရွေးချယ်ခြင်း
ကိုယ့်ဘေးနားမှာ လူယုံတစ်ယောက်ထားပြီး ဘက်စုံခိုင်းတာထက် သူ့နယ်ပယ်နဲ့သူကျွမ်းကျင်သူတွေကိုဝန်းရံထားဖို့လိုပါတယ်။ သူ့နယ် ပယ်နဲ့သူကျွမ်းကျင်နေသူတွေကိုခန့်ထားတာကကိုယ့်ဘက်ကသတိပေးနေရတာ၊ စောင့်ကြည့်ပေးရတာမျိုးတွေကင်းဝေးပြီးသူတို့အလုပ်ကိုပိုင်နိုင်စွာဆုံးဖြတ်ချက်ချပြီးလုပ်သွားမှာဖြစ်ပါတယ်။ မတူတဲ့ကျွမ်းကျင်မှုတွေကိုပေါင်းစည်းနိုင်ခြင်းကသာကြီးမားတဲ့အားတစ်ခုဖြစ်စေပါတယ်။

၃) မှန်ကန်တဲ့ ထောက်ပံ့မှုရှိခြင်း
ကုမ္ပဏီရဲ့ လုပ်ငန်းခွင်နဲ့ဝန်ထမ်းတွေကိုကောင်းကောင်းထောက်ပံ့ပေးနိုင်လေလေကိုယ့်ဝင်ငွေတိုးပွားလေပါပဲ။လုပ်ခလစကောင်းကောင်းမရတဲ့အလုပ်မှာ ဝန်ထမ်းတွေဟာမပျော်ရွှင်ကြသလို သူတို့ဆီကနေ customer တွေဆီစီးဆင်းမယ့် service တွေကလည်းမကောင်းနိုင်ပါဘူး။ ဒါ့ကြောင့်တတ်နိုင်သမျှပျော်စရာကောင်းတဲ့လုပ်ငန်းခွင်ဖြစ်အောင်ငွေကိုသုံးပေးရပါမယ်။ ဝန်ထမ်းတွေကိုလိုအပ်ချက်တွေမေးပါ၊ သူတို့ရဲ့အဖြေကိုနားထောင်ပါ။ ခေါင်းဆောင်တစ်ယောက်ဟာ ဝန်ထမ်းတွေကိုစိတ်ဓာတ်တက်ကြွနေအောင်ပြောဆိုလမ်းပြနိုင်ရပါတယ်။ အလုပ်မှာ Skills Training တွေအမြဲလုပ်ဆောင်ပေးနေသင့်ပါတယ်။

၄) မှန်ကန်တဲ့ Mindset ရှိခြင်း
အလုပ်အပေါ်တန်ဖိုးထားတယ်၊ ဒီအလုပ်လုပ်နေရတာဂုဏ်ယူတယ်၊ မှန်ကန်တဲ့စိတ်ထားရှိတယ်ဆိုရင်ဒါကတန်ဖိုးဖြတ်မရတဲ့အရာကြီးတစ်ခုဖြစ်သွားပါပြီ။ ဝန်ထမ်းတွေဟာ သူတို့ဘာကိုမဆိုလုပ်နိုင်တယ် ၊စွမ်းဆောင်နိုင်တယ်ဆိုတဲ့ Growth Mindset ရှိဖို့လည်းလိုပါတယ်။ ဒီလို Mindset ရှိလာအောင်စနစ်တကျတည်ဆောက်ပေးရပါမယ်။အောင်မြင်မှုဆိုတာ တစ်ဦးတစ်ယောက်တည်းတည်ဆောက်လို့မရပါဘူး။ပူးပေါင်းရယူရတာမျိုးဖြစ်ပါတယ်။ ဒါ့ကြောင့်ခေါင်းဆောင်တစ်ယောက်ဟာ မတူညီတဲ့ talent တွေကိုစုစည်းရမှာဖြစ်သလို ပြုပြင်စေချင်တဲ့အရာတွေကိုလည်းမှန်မှန်ကန်ကန်နဲ့ရဲရဲဝံ့ဝံ့ထောက်ပြတတ်ဖို့လိုပါတယ်။အရေးကြီးလှတဲ့ဒီစံတန်ဖိုးလေးချက်ကိုတည် ဆောက်ထားမယ်ဆိုရင် ကိုယ့်ကုမ္ပဏီဟာလည်းအောင်မြင်မှုဆီအရောက်လှမ်းနိုင်မှာပဲဖြစ်ပါတယ်။

Ju Ju

zawgyi

ကိုယ့္လုပ္ငန္းရဲ႕ စံတန္ဖိုးလို႔ဆိုရမယ့္ Core Value ဟာ ကိုယ့္ရဲ႕ Business အတြက္အလွဆုံးျပင္ဆင္ထားတဲ့မ်က္ႏွာတစ္ခုလိုပါပဲ။ လူေတြၾကား ကိုယ့္အဖြဲ႕အစည္းဟာေကာင္းသတင္းေက်ာ္ေဇာျခင္း ျဖစ္၊ မျဖစ္ဆိုတာလည္း ဒီတန္ဖိုးေတြအေပၚမွာမူတည္ပါတယ္။ Leadership Team ရဲ႕ျပယုဂ္လို႔ဆိုရမယ့္ ဒီ Core Value ေတြကပဲေအာင္ျမင္မႈဆီတြန္းပို႔တာျဖစ္ပါတယ္။ကိုယ့္ရဲ႕ေကာင္းမြန္မွန္ကန္တဲ့ Core Values ကကုမၸဏီရဲ႕ေအာင္ျမင္မႈကိုေပးစြမ္းပါတယ္။အခုမွ်ေဝမွာကေတာ့ Forbes Business Magazine ကေဖာ္ျပတဲ့ ကုမၸဏီတစ္ခုကိုေအာင္ ျမင္မႈရေစႏိုင္တဲ့ Core Value ေလးခုအေၾကာင္းျဖစ္ပါတယ္။

၁. မွန္ကန္တဲ့အရာကိုသာလုပ္ျခင္း
လုပ္ငန္းတစ္ခုဟာ အၿမဲတမ္းေအာင္ျမင္ေနမယ္လို႔ဘယ္သူမွအာမမခံႏိုင္ပါဘူး။အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဆုံးရႈူံးမႈေတြလည္းႀကဳံရႏိုင္ပါတယ္။ ဒါေပမဲ့ မွန္ကန္တဲ့အရာကိုမွန္ကန္တဲ့ရည္႐ြယ္ခ်က္နဲ႔လုပ္မယ္ဆိုရင္ေတာ့ လုပ္ငန္းဟာ အရႈံးမရွိႏိုင္ပါဘူး။ယုံၾကည္မႈကိုတည္ ေဆာက္ထားၿပီးတဲ့အခါ အရာရာဟာတစ္ကျပန္စရလည္းအဆင္ေျပလြယ္ကူမွာျဖစ္ပါတယ္။ ဒါေၾကာင့္ေခါင္းေဆာင္ေတြအေနနဲ႔ဆုံးျဖတ္ ခ်က္ခ်တဲ့အခ်ိန္မွာအၿမဲသတိထားေပးဖို႔ လိုတယ္လို႔အႀကံျပဳထားပါတယ္။ဆုံးျဖတ္ခ်က္ခ်တဲ့အခ်ိန္မွာ တည္ၾကည္မႈနဲ႔ဂုဏ္သိကၡာဟာ ေရွ႕ကေနရွိေနရမွာပဲျဖစ္ပါတယ္။

၂) လူမွန္ေနရာမွန္ေ႐ြးခ်ယ္ျခင္း
ကိုယ့္ေဘးနားမွာ လူယုံတစ္ေယာက္ထားၿပီး ဘက္စုံခိုင္းတာထက္ သူ႔နယ္ပယ္နဲ႔သူကြၽမ္းက်င္သူေတြကိုဝန္းရံထားဖို႔လိုပါတယ္။ သူ႔နယ္ ပယ္နဲ႔သူကြၽမ္းက်င္ေနသူေတြကိုခန႔္ထားတာကကိုယ့္ဘက္ကသတိေပးေနရတာ၊ ေစာင့္ၾကည့္ေပးရတာမ်ိဳးေတြကင္းေဝးၿပီးသူတို႔အလုပ္ကိုပိုင္ႏိုင္စြာဆုံးျဖတ္ခ်က္ခ်ၿပီးလုပ္သြားမွာျဖစ္ပါတယ္။ မတူတဲ့ကြၽမ္းက်င္မႈေတြကိုေပါင္းစည္းႏိုင္ျခင္းကသာႀကီးမားတဲ့အားတစ္ခုျဖစ္ေစပါတယ္။

၃) မွန္ကန္တဲ့ ေထာက္ပံ့မႈရွိျခင္း
ကုမၸဏီရဲ႕ လုပ္ငန္းခြင္နဲ႔ဝန္ထမ္းေတြကိုေကာင္းေကာင္းေထာက္ပံ့ေပးႏိုင္ေလေလကိုယ့္ဝင္ေငြတိုးပြားေလပါပဲ။လုပ္ခလစေကာင္းေကာင္းမရတဲ့အလုပ္မွာ ဝန္ထမ္းေတြဟာမေပ်ာ္႐ႊင္ၾကသလို သူတို႔ဆီကေန customer ေတြဆီစီးဆင္းမယ့္ service ေတြကလည္းမေကာင္းႏိုင္ပါဘူး။ ဒါ့ေၾကာင့္တတ္ႏိုင္သမွ်ေပ်ာ္စရာေကာင္းတဲ့လုပ္ငန္းခြင္ျဖစ္ေအာင္ေငြကိုသုံးေပးရပါမယ္။ ဝန္ထမ္းေတြကိုလိုအပ္ခ်က္ေတြေမးပါ၊ သူတို႔ရဲ႕အေျဖကိုနားေထာင္ပါ။ ေခါင္းေဆာင္တစ္ေယာက္ဟာ ဝန္ထမ္းေတြကိုစိတ္ဓာတ္တက္ႂကြေနေအာင္ေျပာဆိုလမ္းျပႏိုင္ရပါတယ္။ အလုပ္မွာ Skills Training ေတြအၿမဲလုပ္ေဆာင္ေပးေနသင့္ပါတယ္။

၄) မွန္ကန္တဲ့ Mindset ရွိျခင္း
အလုပ္အေပၚတန္ဖိုးထားတယ္၊ ဒီအလုပ္လုပ္ေနရတာဂုဏ္ယူတယ္၊ မွန္ကန္တဲ့စိတ္ထားရွိတယ္ဆိုရင္ဒါကတန္ဖိုးျဖတ္မရတဲ့အရာႀကီးတစ္ခုျဖစ္သြားပါၿပီ။ ဝန္ထမ္းေတြဟာ သူတို႔ဘာကိုမဆိုလုပ္ႏိုင္တယ္ ၊စြမ္းေဆာင္ႏိုင္တယ္ဆိုတဲ့ Growth Mindset ရွိဖို႔လည္းလိုပါတယ္။ ဒီလို Mindset ရွိလာေအာင္စနစ္တက်တည္ေဆာက္ေပးရပါမယ္။ေအာင္ျမင္မႈဆိုတာ တစ္ဦးတစ္ေယာက္တည္းတည္ေဆာက္လို႔မရပါဘူး။ပူးေပါင္းရယူရတာမ်ိဳးျဖစ္ပါတယ္။ ဒါ့ေၾကာင့္ေခါင္းေဆာင္တစ္ေယာက္ဟာ မတူညီတဲ့ talent ေတြကိုစုစည္းရမွာျဖစ္သလို ျပဳျပင္ေစခ်င္တဲ့အရာေတြကိုလည္းမွန္မွန္ကန္ကန္နဲ႔ရဲရဲဝံ့ဝံ့ေထာက္ျပတတ္ဖို႔လိုပါတယ္။အေရးႀကီးလွတဲ့ဒီစံတန္ဖိုးေလးခ်က္ကိုတည္ ေဆာက္ထားမယ္ဆိုရင္ ကိုယ့္ကုမၸဏီဟာလည္းေအာင္ျမင္မႈဆီအေရာက္လွမ္းႏိုင္မွာပဲျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*