တိုက်ခိုက်တဲ့ Comment တွေအပေါ် Rain ဘယ်လိုသဘောထားသလဲ

မင်းသား Lee Si Uhn က သူ့ရဲ့သူငယ်ချင်းဖြစ်သူ Rain ဆီကနေလျစ်လျူရှုတတ်ဖို့သင်ကြားခံရတယ်လို့ ဆိုပါတယ်။ Lee Si Uhn ရဲ့ You Tube Series ဖြစ်တဲ့ Si Uhn’s Cool အစီအစဉ်မှာ သူငယ်ချင်းဖြစ်သူ Rain နဲ့ထမင်းအတူစားရင်း သူတို့နှစ်ဦးရဲ့ရင်းနှီးတဲ့ဆက်ဆံရေးနဲ့ Rain ရဲ့ခံယူချက်တွေကိုတွေ့မြင်ရတာဖြစ်ပါတယ်။“ငါ့ကိုအရမ်းစိတ်ထိခိုက်စေတဲ့ Comment ရှိတယ်ကွာ။ ငါနဲ့မင်းကတကယ်လည်းရင်းနှီးတယ်။ငါ့အစီအစဉ်ကိုဖိတ်ခေါ်မယ့်အနုပညာရှင်စာရင်းမှာလည်း မင်းကထိပ်ဆုံးကပါတယ်လေ။ အဲဒါကိုမင်းအဆင့်နဲ့များ Rain နဲ့ထမင်းအတူစားမလို့လား ဆိုပြီးရေးလာကြတော့တော်တော်လေးခံစားရတယ်၊ငါ့အဆင့်ကတကယ်ပဲ မင်းနဲ့သူငယ်ချင်းဖြစ်လို့မရဘူးလားဆိုပြီးတွေးမိလာတယ်” လို့ Lee Si Uhn ကပြောခဲ့တာဖြစ်ပါတယ်။

ဒါကို Rain က “မင်းသေချာစဉ်းစားသင့်တယ်။ အဲလို Comment တွေဆိုတာ မင်းအောင်မြင်နေလို့၊မင်းကိုမနာလိုလို့ရေးတာပဲ။ ငါဘယ် လောက်ထိ တိုက်ခိုက်ခံရပြီးဆိုးရွားတဲ့ Comment တွေရဖူးလဲမင်းသိလား။ အဲဒါတွေကိုသာအကုန်ခံစားနေရင် မင်းကျရှုံးလိမ့်မယ်။
သူတို့ကမှန်မှန်ကန်ကန်ထောက်ပြတာမျိုးဆိုရင်တော့ လက်ခံသင့်ပါတယ်။ အဲလိုမဟုတ်ဘဲလူ့ရဲ့စိတ်ဓာတ်ကိုတမင်ရိုက်ချိုးချင်တာမျိုးလုပ်တတ်ကြတော့ အဲဒါကိုတော့မင်းလျစ်လျူရှုရမယ်။မဟုတ်ရင် မင်းကသူတို့ကိုအရှုံးပေးသလိုဖြစ်သွားမှာ” လို့ သူ့ရဲ့ခံယူချက်ကိုပြောပြခဲ့တာဖြစ်ပါတယ်။ဒါဟာ Si Uhn’s Cool အစီအစဉ်ရဲ့ နောက်ဆုံး Episode မှာပါဝင်ခဲ့တာဖြစ်ပါတယ်။

Ju Ju

zawgyi

မင္းသား Lee Si Uhn က သူ႔ရဲ႕သူငယ္ခ်င္းျဖစ္သူ Rain ဆီကေနလ်စ္လ်ဴရႈတတ္ဖို႔သင္ၾကားခံရတယ္လို႔ ဆိုပါတယ္။ Lee Si Uhn ရဲ႕ You Tube Series ျဖစ္တဲ့ Si Uhn’s Cool အစီအစဥ္မွာ သူငယ္ခ်င္းျဖစ္သူ Rain နဲ႔ထမင္းအတူစားရင္း သူတို႔ႏွစ္ဦးရဲ႕ရင္းႏွီးတဲ့ဆက္ဆံေရးနဲ႔ Rain ရဲ႕ခံယူခ်က္ေတြကိုေတြ႕ျမင္ရတာျဖစ္ပါတယ္။“ငါ့ကိုအရမ္းစိတ္ထိခိုက္ေစတဲ့ Comment ရွိတယ္ကြာ။ ငါနဲ႔မင္းကတကယ္လည္းရင္းႏွီးတယ္။ငါ့အစီအစဥ္ကိုဖိတ္ေခၚမယ့္အႏုပညာရွင္စာရင္းမွာလည္း မင္းကထိပ္ဆုံးကပါတယ္ေလ။ အဲဒါကိုမင္းအဆင့္နဲ႔မ်ား Rain နဲ႔ထမင္းအတူစားမလို႔လား ဆိုၿပီးေရးလာၾကေတာ့ေတာ္ေတာ္ေလးခံစားရတယ္၊ငါ့အဆင့္ကတကယ္ပဲ မင္းနဲ႔သူငယ္ခ်င္းျဖစ္လို႔မရဘူးလားဆိုၿပီးေတြးမိလာတယ္” လို႔ Lee Si Uhn ကေျပာခဲ့တာျဖစ္ပါတယ္။

ဒါကို Rain က “မင္းေသခ်ာစဥ္းစားသင့္တယ္။ အဲလို Comment ေတြဆိုတာ မင္းေအာင္ျမင္ေနလို႔၊မင္းကိုမနာလိုလို႔ေရးတာပဲ။ ငါဘယ္ ေလာက္ထိ တိုက္ခိုက္ခံရၿပီးဆိုး႐ြားတဲ့ Comment ေတြရဖူးလဲမင္းသိလား။ အဲဒါေတြကိုသာအကုန္ခံစားေနရင္ မင္းက်ရႈံးလိမ့္မယ္။
သူတို႔ကမွန္မွန္ကန္ကန္ေထာက္ျပတာမ်ိဳးဆိုရင္ေတာ့ လက္ခံသင့္ပါတယ္။ အဲလိုမဟုတ္ဘဲလူ႔ရဲ႕စိတ္ဓာတ္ကိုတမင္႐ိုက္ခ်ိဳးခ်င္တာမ်ိဳးလုပ္တတ္ၾကေတာ့ အဲဒါကိုေတာ့မင္းလ်စ္လ်ဴရႈရမယ္။မဟုတ္ရင္ မင္းကသူတို႔ကိုအရႈံးေပးသလိုျဖစ္သြားမွာ” လို႔ သူ႔ရဲ႕ခံယူခ်က္ကိုေျပာျပခဲ့တာျဖစ္ပါတယ္။ဒါဟာ Si Uhn’s Cool အစီအစဥ္ရဲ႕ ေနာက္ဆုံး Episode မွာပါဝင္ခဲ့တာျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*