Golden Globe ဆုပေးပွဲမှာ အကောင်းဆုံးသရုပ်ဆောင်ဆုတွေကို Cillian Murphy နဲ့ Lily Gladstone တို့ရရှိ

ရုပ်ရှင်အနုပညာနယ်ပယ်အတွက် ဩဇာအာဏာကြီးတဲ့ဆုပေးပွဲကြီးတစ်ခုဖြစ်တဲ့ Golden Globe ဆုပေးပွဲကြီးကို ဇန်နဝါရီလ (၇) ရက်နေ့ကကျင်းပပြီးစီးခဲ့ပါတယ်။ဒီအခမ်းအနားမှာ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု(Drama)ကို Oppenheimer ဇာတ်ကားနဲ့မင်း သားကြီး Cillian Murphy ကရရှိခဲ့တယ်လို့သိရပါတယ်။ သူဟာ Andrew Scott၊ Barry Keoghan၊ Bradley Cooper၊ Colman Domingoနဲ့ Leonardo DiCaprio တို့ကိုကျော်ဖြတ်ပြီး Winner ဆုကိုဆွတ်ခူးခဲ့တာဖြစ်ပါတယ်။

အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု(Drama) ကိုတော့အရင်ကတည်းကလူတိုင်းထင်ကြေးပေးနေသလိုပဲ သရုပ်ဆောင် Lily Gladstone ကဆွတ်ခူးနိုင်ခဲ့ပါတယ်။ သူမဟာဒီနှစ်အတွက်နာမည်ကြီးဇာတ်ကားဖြစ်တဲ့ Killers of the flower moon ဇာတ်ကားနဲ့ရရှိခဲ့တာဖြစ်ပါတယ်။ဒီနှစ်ရဲ့ Golden Globe ပွဲမှာ ဆုတွေဆွတ်ခူးနိုင်ခဲ့တဲ့တခြားသောဇာတ်ကားနဲ့အနုပညာရှင်တွေကတော့ -Best Picture (Drama) ဆုကို Oppenheimer ၊ Best Picture (Musical/Comedy) ဆုကို Poor Things ၊ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု(Musical/Comedy)ဆုကို Emma Stone ၊အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု(Musical/Comedy)ဆုကို Paul Giamatti
တို့တွေကဆွတ်ခူးခဲ့ပါတယ်။ ဇာတ်လမ်းတွဲတွေထဲမှာတော့ Succession နဲ့ The Bear ကဆုတွေအများကြီးဆွတ်ခူးနိုင်ခဲ့တာကိုတွေ့ရပါတယ်။

Ju Ju

zawgyi

႐ုပ္ရွင္အႏုပညာနယ္ပယ္အတြက္ ဩဇာအာဏာႀကီးတဲ့ဆုေပးပြဲႀကီးတစ္ခုျဖစ္တဲ့ Golden Globe ဆုေပးပြဲႀကီးကို ဇန္နဝါရီလ (၇) ရက္ေန႔ကက်င္းပၿပီးစီးခဲ့ပါတယ္။ဒီအခမ္းအနားမွာ အေကာင္းဆုံးအမ်ိဳးသားဇာတ္ေဆာင္ဆု(Drama)ကို Oppenheimer ဇာတ္ကားနဲ႔မင္း သားႀကီး Cillian Murphy ကရရွိခဲ့တယ္လို႔သိရပါတယ္။ သူဟာ Andrew Scott၊ Barry Keoghan၊ Bradley Cooper၊ Colman Domingoနဲ႔ Leonardo DiCaprio တို႔ကိုေက်ာ္ျဖတ္ၿပီး Winner ဆုကိုဆြတ္ခူးခဲ့တာျဖစ္ပါတယ္။

အေကာင္းဆုံးအမ်ိဳးသမီးဇာတ္ေဆာင္ဆု(Drama) ကိုေတာ့အရင္ကတည္းကလူတိုင္းထင္ေၾကးေပးေနသလိုပဲ သ႐ုပ္ေဆာင္ Lily Gladstone ကဆြတ္ခူးႏိုင္ခဲ့ပါတယ္။ သူမဟာဒီႏွစ္အတြက္နာမည္ႀကီးဇာတ္ကားျဖစ္တဲ့ Killers of the flower moon ဇာတ္ကားနဲ႔ရရွိခဲ့တာျဖစ္ပါတယ္။ဒီႏွစ္ရဲ႕ Golden Globe ပြဲမွာ ဆုေတြဆြတ္ခူးႏိုင္ခဲ့တဲ့တျခားေသာဇာတ္ကားနဲ႔အႏုပညာရွင္ေတြကေတာ့ -Best Picture (Drama) ဆုကို Oppenheimer ၊ Best Picture (Musical/Comedy) ဆုကို Poor Things ၊ အေကာင္းဆုံးအမ်ိဳးသမီးဇာတ္ေဆာင္ဆု(Musical/Comedy)ဆုကို Emma Stone ၊အေကာင္းဆုံးအမ်ိဳးသားဇာတ္ေဆာင္ဆု(Musical/Comedy)ဆုကို Paul Giamatti
တို႔ေတြကဆြတ္ခူးခဲ့ပါတယ္။ ဇာတ္လမ္းတြဲေတြထဲမွာေတာ့ Succession နဲ႔ The Bear ကဆုေတြအမ်ားႀကီးဆြတ္ခူးႏိုင္ခဲ့တာကိုေတြ႕ရပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*