ပရိသတ်တွေကိုမျက်ရည်ကျစေခဲ့တဲ့ Black Pink ရဲ့သတင်း

ဒီဇင်ဘာလ ၆ ရက်နေ့မှာ YG Entertainment က Black Pink အဖွဲ့နဲ့စာချုပ်အသစ်ချုပ်ဆိုလိုက်ကြောင်ဖော်ပြလာခဲ့ပါတယ်။ YG နဲ့ Black Pink ရဲ့စာချုပ်ဟာ ဒီနှစ်ဩဂုတ်လက ပြီးဆုံးခဲ့တာဖြစ်ပြီးအဖွဲ့လိုက်စာချုပ်အသစ်ချုပ်ဆိုမှုူ ရှိ၊မရှိကို အချိန်ယူညှိနှိုင်းနေခဲ့ကြတာဖြစ်ပါတယ်။ YG Entertainment က “ကျွန်တော်တို့အနေနဲ့ Black Pink Member အားလုံးနဲ့စာချုပ်ဆက်ချုပ်မယ့်ကိစ္စက အောင်မြင်သွားပါပြီ” လို့သတင်းထုတ်ပြန်ခဲ့ပါတယ်။ဒီသတင်းကြောင့် Black Pink ရဲ့ Fan တွေအနေနဲ့မျက်ရည်ကျတဲ့အထိဝမ်းသာနေခဲ့ကြတယ်လို့သိရပါတယ်။

ဒီသတင်းထွက်လာပြီးမကြာခင်မှာပဲ Jisoo က သူမရဲ့အင်စတာဂရမ် Story မှာ black pink official account ကို Tag လုပ်ပြီး အဖွဲ့ဝင်လေးယောက်ရဲ့ခုန်ပေါက်နေတဲ့ပုံလေးကိုတင်ခဲ့ပါတယ်။ ဒီပုံဟာသူမတို့အဖွဲ့စတင်ဖွဲ့စည်းချိန်၊ အဖွဲ့ဝင်တွေကိုအတည်ပြုကြေညာပြီးချိန်မှာ ရိုက်ခဲ့တဲ့ပထမဆုံးဓာတ်ပုံဖြစ်တယ်လို့ သိရပါတယ်။ Black Pink ဟာ YG နဲ့အဖွဲ့လိုက်စာချုပ်ဆက်ချုပ်ပေမယ့် အဖွဲ့ဝင်တစ်ဦးချင်းရဲ့
အနုပညာလှုပ်ရှားမှုအတွက် ဘယ်လိုဆက်လက်လုပ်ဆောင်မယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

Ju Ju

zawgyi

ဒီဇင္ဘာလ ၆ ရက္ေန႔မွာ YG Entertainment က Black Pink အဖြဲ႕နဲ႔စာခ်ဳပ္အသစ္ခ်ဳပ္ဆိုလိုက္ေၾကာင္ေဖာ္ျပလာခဲ့ပါတယ္။ YG နဲ႔ Black Pink ရဲ႕စာခ်ဳပ္ဟာ ဒီႏွစ္ဩဂုတ္လက ၿပီးဆုံးခဲ့တာျဖစ္ၿပီးအဖြဲ႕လိုက္စာခ်ဳပ္အသစ္ခ်ဳပ္ဆိုမႈူ ရွိ၊မရွိကို အခ်ိန္ယူညႇိႏႈိင္းေနခဲ့ၾကတာျဖစ္ပါတယ္။ YG Entertainment က “ကြၽန္ေတာ္တို႔အေနနဲ႔ Black Pink Member အားလုံးနဲ႔စာခ်ဳပ္ဆက္ခ်ဳပ္မယ့္ကိစၥက ေအာင္ျမင္သြားပါၿပီ” လို႔သတင္းထုတ္ျပန္ခဲ့ပါတယ္။ဒီသတင္းေၾကာင့္ Black Pink ရဲ႕ Fan ေတြအေနနဲ႔မ်က္ရည္က်တဲ့အထိဝမ္းသာေနခဲ့ၾကတယ္လို႔သိရပါတယ္။

ဒီသတင္းထြက္လာၿပီးမၾကာခင္မွာပဲ Jisoo က သူမရဲ႕အင္စတာဂရမ္ Story မွာ black pink official account ကို Tag လုပ္ၿပီး အဖြဲ႕ဝင္ေလးေယာက္ရဲ႕ခုန္ေပါက္ေနတဲ့ပုံေလးကိုတင္ခဲ့ပါတယ္။ ဒီပုံဟာသူမတို႔အဖြဲ႕စတင္ဖြဲ႕စည္းခ်ိန္၊ အဖြဲ႕ဝင္ေတြကိုအတည္ျပဳေၾကညာၿပီးခ်ိန္မွာ ႐ိုက္ခဲ့တဲ့ပထမဆုံးဓာတ္ပုံျဖစ္တယ္လို႔ သိရပါတယ္။ Black Pink ဟာ YG နဲ႔အဖြဲ႕လိုက္စာခ်ဳပ္ဆက္ခ်ဳပ္ေပမယ့္ အဖြဲ႕ဝင္တစ္ဦးခ်င္းရဲ႕
အႏုပညာလႈပ္ရွားမႈအတြက္ ဘယ္လိုဆက္လက္လုပ္ေဆာင္မယ္ဆိုတာကိုေတာ့ မသိရေသးပါဘူး။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*