ချစ်ခြင်းခိုင်မြဲအောင်ထိန်းသိမ်းနည်းအကြောင်းပြောတဲ့ မင်းသမီးဟန်ရီဆူး

Birth of a Beauty ဇာတ်လမ်းတွဲနဲ့ပရိသတ်ပိုမိုသတိထားမိလာတဲ့ မင်းသမီးဟန်ရီဆူးကချစ်သူထားနည်းတွေအကြောင်းနဲ့လက်ရှိအချစ်ရေးကို သူမရဲ့နောက်ဆုံးတင်ထားတဲ့ YouTube ဗီဒီယိုမှာဖွင့်ဟလာခဲ့တာတွေ့ရပါတယ်။ သူမဟာ သူမထက်အသက် 10နှစ်ငယ်တဲ့ကောင်လေးချောချောလေးနဲ့ ချစ်သူတွေဖြစ်နေကြတာဖြစ်ပါတယ်။သူမရဲ့ YouTube Channel ဖြစ်တဲ့ Han Ye Seul is မှာ ကြည့်ရှုသူတွေက
သူမရဲ့လက်ရှိအချစ်ရေးကောင်းမွန်နေတဲ့အခြေအနေကို မျှဝေဖို့ပြောလာတာမို့သူမကဗီဒီယိုတင်ခဲ့တာဖြစ်ပါတယ်။“ကျွန်မအသက် 40 ဝန်းကျင်မှာသူနဲ့စတွေ့တာပါ။ အဲဒီအရွယ်မှာကျွန်မက Relationship မျိုးစုံနဲ့တွေ့ဆုံပြီးပါပြီ။ အဲလိုအရွယ်ဆိုတော့ ချိန်းတွေ့ရတာကခက်ခဲလာပါတယ်။

တစ်ခါတလေမှာ Date လုပ်တယ်ဆိုတာက ထိခိုက်နာကျင်ရတာကလွဲလို့ ဘာမှမရတာမျိုးဖြစ်တတ်ပါတယ်။လူတွေအားလုံးကတူတူပါပဲ။ ယောက်ျားတွေလည်းတူတူပါပဲ။ ကျွန်မလည်းပဲဘဝမှာအမှားတွေအများကြီးကြုံဖူးပါတယ်။ ခုအရွယ်မှာတော့ ကိုယ့်ချစ်သူနဲ့ဘယ်လိုညှိနှိုင်းနေထိုင်မလဲ၊ဘယ်လိုအချစ်တွေခိုင်မြဲအောင်လုပ်မလဲဆိုတာကို သိသွားခဲ့ပါပြီ။ လူတစ်ယောက်ဟာဘယ်လိုစွန့်လွှတ်ရမလဲ၊ ဘယ် လိုနားလည်မှုပေးရမလဲ၊ ဘယ်လိုအရှုံးပေးရမလဲ၊အဲဒါတွေကိုနားလည်လာတဲ့အခါ ကိုယ့်ရဲ့ Relationship ကိုကောင်းကောင်းထိန်းတတ်လာမှာဖြစ်ပါတယ်။ကိုယ်တကယ်ချစ်တဲ့သူနဲ့ဆိုရင် ခုနကပြောတဲ့အချက်တွေကိုလည်း အလိုလိုတတ်ကျွမ်းလာမှာပါ။တစ်ယောက်ကိုတစ်ယောက်တန်ဖိုးထားပါ၊ ပျော်ရွှင်မှုတွေအများကြီးအတူဖန်တီးကြပါ။ဘဝဆိုတာကဒီလိုပဲ ဂရုစိုက်ခံချင်တာတွေ၊ အချစ်တွေ၊ အား စိုက်ထုတ်မှုတွေ၊လေ့ကျင့်မှုတွေနဲ့ဆက်ပြီးသွားနေရဦးမှာပါ” လို့သူမကအကြံပေးခဲ့တာဖြစ်ပါတယ်။

Ju Ju

zawgyi

Birth of a Beauty ဇာတ္လမ္းတြဲနဲ႔ပရိသတ္ပိုမိုသတိထားမိလာတဲ့ မင္းသမီးဟန္ရီဆူးကခ်စ္သူထားနည္းေတြအေၾကာင္းနဲ႔လက္ရွိအခ်စ္ေရးကို သူမရဲ႕ေနာက္ဆုံးတင္ထားတဲ့ YouTube ဗီဒီယိုမွာဖြင့္ဟလာခဲ့တာေတြ႕ရပါတယ္။ သူမဟာ သူမထက္အသက္ 10ႏွစ္ငယ္တဲ့ေကာင္ေလးေခ်ာေခ်ာေလးနဲ႔ ခ်စ္သူေတြျဖစ္ေနၾကတာျဖစ္ပါတယ္။သူမရဲ႕ YouTube Channel ျဖစ္တဲ့ Han Ye Seul is မွာ ၾကည့္ရႈသူေတြက
သူမရဲ႕လက္ရွိအခ်စ္ေရးေကာင္းမြန္ေနတဲ့အေျခအေနကို မွ်ေဝဖို႔ေျပာလာတာမို႔သူမကဗီဒီယိုတင္ခဲ့တာျဖစ္ပါတယ္။“ကြၽန္မအသက္ 40 ဝန္းက်င္မွာသူနဲ႔စေတြ႕တာပါ။ အဲဒီအ႐ြယ္မွာကြၽန္မက Relationship မ်ိဳးစုံနဲ႔ေတြ႕ဆုံၿပီးပါၿပီ။ အဲလိုအ႐ြယ္ဆိုေတာ့ ခ်ိန္းေတြ႕ရတာကခက္ခဲလာပါတယ္။
တစ္ခါတေလမွာ Date လုပ္တယ္ဆိုတာက ထိခိုက္နာက်င္ရတာကလြဲလို႔ ဘာမွမရတာမ်ိဳးျဖစ္တတ္ပါတယ္။လူေတြအားလုံးကတူတူပါပဲ။ ေယာက္်ားေတြလည္းတူတူပါပဲ။ ကြၽန္မလည္းပဲဘဝမွာအမွားေတြအမ်ားႀကီးႀကဳံဖူးပါတယ္။ ခုအ႐ြယ္မွာေတာ့ ကိုယ့္ခ်စ္သူနဲ႔ဘယ္လိုညႇိႏႈိင္းေနထိုင္မလဲ၊ဘယ္လိုအခ်စ္ေတြခိုင္ၿမဲေအာင္လုပ္မလဲဆိုတာကို သိသြားခဲ့ပါၿပီ။ လူတစ္ေယာက္ဟာဘယ္လိုစြန႔္လႊတ္ရမလဲ၊ ဘယ္ လိုနားလည္မႈေပးရမလဲ၊ ဘယ္လိုအရႈံးေပးရမလဲ၊အဲဒါေတြကိုနားလည္လာတဲ့အခါ ကိုယ့္ရဲ႕ Relationship ကိုေကာင္းေကာင္းထိန္းတတ္လာမွာျဖစ္ပါတယ္။ကိုယ္တကယ္ခ်စ္တဲ့သူနဲ႔ဆိုရင္ ခုနကေျပာတဲ့အခ်က္ေတြကိုလည္း အလိုလိုတတ္ကြၽမ္းလာမွာပါ။တစ္ေယာက္ကိုတစ္ေယာက္တန္ဖိုးထားပါ၊ ေပ်ာ္႐ႊင္မႈေတြအမ်ားႀကီးအတူဖန္တီးၾကပါ။ဘဝဆိုတာကဒီလိုပဲ ဂ႐ုစိုက္ခံခ်င္တာေတြ၊ အခ်စ္ေတြ၊ အား စိုက္ထုတ္မႈေတြ၊ေလ့က်င့္မႈေတြနဲ႔ဆက္ၿပီးသြားေနရဦးမွာပါ” လို႔သူမကအႀကံေပးခဲ့တာျဖစ္ပါတယ္။
Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*