လုပ်ငန်းခွင်ထဲက မျိုးဆက် ၅ ခု

လုပ်ငန်းခွင်တခုမှာ မတူညီတဲ့မျိုးဆက်တွေရှိတာ အားနည်းချက်တခုလို့ထင်ကောင်းထင်နိုင်ပေမဲ့ အသက် ၂၅နှစ်ကနေ အသက်၅၉အရွယ်အထိမတူညီတဲ့ဘဝအတွေ့အကြုံတွေ၊ စွမ်းရည်တွေ၊ ရှုထောင့်တွေရှိတာကိုတော့မေ့ထားလို့မရပါဘူး။ လူတိုင်းရဲ့အားသာချက်အား နည်းချက်တွေကို လေးစားမှုနဲ့ဂရုတစိုက်ဆက်ဆံတဲ့အခါမှာ မျိုးဆက်ကွာခြားမှုက အားပြိုင်မှုတခုမဟုတ်တော့ပါဘူး။သင်တို့ရဲ့လုပ်ငန်းခွင်တွေမှာရှိလေ့ရှိထရှိတဲ့ မျိုးဆက်ငါးခုကို သင်သိပါသလား။သင်တို့ရဲ့လုပ်ငန်းခွင်မှာရော မျိုးဆက်ဘယ်နှခုလောက်အထိရှိသလဲဆိုတာ
သုံးသပ်ကြည့်ဖူးသလား။ ဒီဆောင်းပါးလေးဖတ်ပြီးတဲ့အခါမှာတော့စဉ်းစားသုံးသပ်ကြည့်မယ်လို့ မျှော်လင့်ပါတယ်။

ရှေးရိုးသမားများ

Silent Generation လို့လည်း လူသိများတဲ့ ဒီမျိုးဆက်ကို ၁၉၂၈ နဲ့ ၁၉၄၅ အကြားစီးပွားပျက်ကပ်နဲ့ ဒုတိယကမ္ဘာစစ်အတွင်း မွေးဖွားခဲ့ပါတယ်။အသက်အငယ်ဆုံးအဖွဲ့ဝင်များပင် အသက် ၇၀ နှောင်းပိုင်းရှိပေမဲ့အငြိမ်းစားယူမှုနည်းပါးလာတာနဲ့အမျှ ဒီမျိုးဆက်က လုပ်ငန်းခွင်မှာတဖြည်းဖြည်းကြီးထွားလာပါတယ်။ သုတေသနအချက်အလက်တချို့မှာတော့ လုပ်ငန်းခွင်မှာအသက် ၇၅နှစ်အထက် လူဦးရေ ၁၂ ရာခိုင်နှုန်းအထိ ၂၀၃၀မှာတိုးတက်လာမယ်လို့ဆိုထားပါတယ်။ ဒါပေမဲ့ ၂၀၀၀ခုနှစ်တုန်းကတော့ ၅ရာခိုင်နှုန်းသာ ခုန်တက်သွားခဲ့ပါတယ်။

Baby boomers

ဒီမျိုးဆက်ကိုတော့ ၁၉၄၆ခုနှစ်နဲ့ ၁၉၆၄ခုနှစ်အကြား မွေးဖွားသူများကို ဆိုလိုပါတယ်။ပျှမ်းမျှအားဖြင့် သူတို့ရဲ့အသက်အရွယ်သက်တမ်းတလျှောက်မှာ အလုပ်အကိုင် ၁၂ခုလောက်ကို လုပ်ကိုင်ခဲ့ပါတယ်။ သူတို့ရဲ့အလုပ်အပေါ်၊ ရာထူးအပေါ်သစ္စာစောင့်သိမှုကသူတို့ရွေးချယ်ထားတဲ့ အလုပ်အကိုင်ရဲ့အခန်းကဏ္ဍကို ပိုမိုကောင်းမွန်စေပါတယ်။

Generation X

Gen X တွေကတော့ ၁၉၆၅ခုနှစ်ကနေ ၁၉၈၀ ခုနှစ်အတွင်း မွေးဖွားခဲ့သူတွေပဲဖြစ်ပါတယ်။သူတို့ရဲ့ငယ်စဉ်ဘဝက အမှီအခိုကင်းတာကြောင့် လူသိများပါတယ်။ အမျိုးသမီးတွေအိမ်တွင်းမှာပဲ အိမ်တွင်းပုန်းအဖြစ် အဖိနှိပ်ခံနေရာကနေအလုပ်အကိုင်ဈေးကွက်မှာနေရာယူလာကြပါတယ်။ ဒါကြောင့် ဒီကလေးတွေကမိဘတွေအလုပ်ကပြန်မလာခင်မှာ ကျောင်းကနေပြန်ရောက်ပြီး အိမ်မှာတယောက်ထဲ
နေကြရတဲ့ မျိုးဆက်ဖြစ်ပါတယ်။ ဒါကြောင့်ပဲ အမှီအခိုကင်းတဲ့မျိုးဆက်အဖြစ်လူသိများရခြင်းဖြစ်ပါတယ်။

Millennials သို့မဟုတ် Generation Y

ဒီမျိုးဆက်ကတော့ ၁၉၈၁ခုနှစ်ကနေ ၁၉၉၆ ခုနှစ်အကြားမွေးဖွားတဲ့သူများကို ခေါ်ပါတယ်။ဒီမျိုးဆက်ကတော့ နည်းပညာပြောင်းလဲမှုနဲ့ ထောင်စုနှစ်များအကြားမှာထိုင်နေကြသူတွေဖြစ်ပါတယ်။ သူတို့တွေက အင်တာနက်တွေ၊ ကိုယ်ပိုင်ကွန်ပျူတာတွေခေတ်စားမလာခင်က မွေးဖွားလာသူတွေဖြစ်ကြပါတယ်။ ကြီးမြတ်တဲ့ ဆုတ်ယုတ်မှု၊ ခက်ခဲတဲ့အလုပ်အကိုင်ဈေးကွက်နဲ့ မြင့်မားတဲ့ ကျောင်းသားချေးငွေတွေက လုပ်ငန်းခွင်ဝင်ပေါက်ကိုဝင်ရောက်ဖို့ တွန်းအားဖြစ်စေခဲ့ပါတယ်။

Generation Z

ဒီမျိုးဆက်တွေကိုတော့ ၁၉၉၇ခုနှစ်ကနေ ၂၀၁၂ခုနှစ်အကြားမှာ မွေးဖွားခဲ့ပါတယ်။ဂျန်ဇီးလို့ခေါ်ကြတဲ့ ဒီဂျစ်တယ်နိုင်ငံသားများဖြစ်ကြပြီး ဆဲလ်ဖုန်း၊ဆိုရှယ်မီဒီယာခေတ်စားလာတဲ့ နည်းပညာသစ်များနဲ့အတူ လျင်မြန်စွာ ဖွံ့ဖြိုးလာကြပါတယ်။

MYit

zawgyi

လုပ္ငန္းခြင္တခုမွာ မတူညီတဲ့မ်ိဳးဆက္ေတြရွိတာ အားနည္းခ်က္တခုလို႔ထင္ေကာင္းထင္ႏိုင္ေပမဲ့ အသက္ ၂၅ႏွစ္ကေန အသက္၅၉အ႐ြယ္အထိမတူညီတဲ့ဘဝအေတြ႕အႀကဳံေတြ၊ စြမ္းရည္ေတြ၊ ရႈေထာင့္ေတြရွိတာကိုေတာ့ေမ့ထားလို႔မရပါဘူး။ လူတိုင္းရဲ႕အားသာခ်က္အား နည္းခ်က္ေတြကို ေလးစားမႈနဲ႔ဂ႐ုတစိုက္ဆက္ဆံတဲ့အခါမွာ မ်ိဳးဆက္ကြာျခားမႈက အားၿပိဳင္မႈတခုမဟုတ္ေတာ့ပါဘူး။သင္တို႔ရဲ႕လုပ္ငန္းခြင္ေတြမွာရွိေလ့ရွိထရွိတဲ့ မ်ိဳးဆက္ငါးခုကို သင္သိပါသလား။သင္တို႔ရဲ႕လုပ္ငန္းခြင္မွာေရာ မ်ိဳးဆက္ဘယ္ႏွခုေလာက္အထိရွိသလဲဆိုတာ
သုံးသပ္ၾကည့္ဖူးသလား။ ဒီေဆာင္းပါးေလးဖတ္ၿပီးတဲ့အခါမွာေတာ့စဥ္းစားသုံးသပ္ၾကည့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။

ေရွး႐ိုးသမားမ်ား

Silent Generation လို႔လည္း လူသိမ်ားတဲ့ ဒီမ်ိဳးဆက္ကို ၁၉၂၈ နဲ႔ ၁၉၄၅ အၾကားစီးပြားပ်က္ကပ္နဲ႔ ဒုတိယကမာၻစစ္အတြင္း ေမြးဖြားခဲ့ပါတယ္။အသက္အငယ္ဆုံးအဖြဲ႕ဝင္မ်ားပင္ အသက္ ၇၀ ေႏွာင္းပိုင္းရွိေပမဲ့အၿငိမ္းစားယူမႈနည္းပါးလာတာနဲ႔အမွ် ဒီမ်ိဳးဆက္က လုပ္ငန္းခြင္မွာတျဖည္းျဖည္းႀကီးထြားလာပါတယ္။ သုေတသနအခ်က္အလက္တခ်ိဳ႕မွာေတာ့ လုပ္ငန္းခြင္မွာအသက္ ၇၅ႏွစ္အထက္ လူဦးေရ ၁၂ ရာခိုင္ႏႈန္းအထိ ၂၀၃၀မွာတိုးတက္လာမယ္လို႔ဆိုထားပါတယ္။ ဒါေပမဲ့ ၂၀၀၀ခုႏွစ္တုန္းကေတာ့ ၅ရာခိုင္ႏႈန္းသာ ခုန္တက္သြားခဲ့ပါတယ္။

Baby boomers

ဒီမ်ိဳးဆက္ကိုေတာ့ ၁၉၄၆ခုႏွစ္နဲ႔ ၁၉၆၄ခုႏွစ္အၾကား ေမြးဖြားသူမ်ားကို ဆိုလိုပါတယ္။ပွ်မ္းမွ်အားျဖင့္ သူတို႔ရဲ႕အသက္အ႐ြယ္သက္တမ္းတေလွ်ာက္မွာ အလုပ္အကိုင္ ၁၂ခုေလာက္ကို လုပ္ကိုင္ခဲ့ပါတယ္။ သူတို႔ရဲ႕အလုပ္အေပၚ၊ ရာထူးအေပၚသစၥာေစာင့္သိမႈကသူတို႔ေ႐ြးခ်ယ္ထားတဲ့ အလုပ္အကိုင္ရဲ႕အခန္းက႑ကို ပိုမိုေကာင္းမြန္ေစပါတယ္။

Generation X

Gen X ေတြကေတာ့ ၁၉၆၅ခုႏွစ္ကေန ၁၉၈၀ ခုႏွစ္အတြင္း ေမြးဖြားခဲ့သူေတြပဲျဖစ္ပါတယ္။သူတို႔ရဲ႕ငယ္စဥ္ဘဝက အမွီအခိုကင္းတာေၾကာင့္ လူသိမ်ားပါတယ္။ အမ်ိဳးသမီးေတြအိမ္တြင္းမွာပဲ အိမ္တြင္းပုန္းအျဖစ္ အဖိႏွိပ္ခံေနရာကေနအလုပ္အကိုင္ေဈးကြက္မွာေနရာယူလာၾကပါတယ္။ ဒါေၾကာင့္ ဒီကေလးေတြကမိဘေတြအလုပ္ကျပန္မလာခင္မွာ ေက်ာင္းကေနျပန္ေရာက္ၿပီး အိမ္မွာတေယာက္ထဲ
ေနၾကရတဲ့ မ်ိဳးဆက္ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ အမွီအခိုကင္းတဲ့မ်ိဳးဆက္အျဖစ္လူသိမ်ားရျခင္းျဖစ္ပါတယ္။

Millennials သို႔မဟုတ္ Generation Y

ဒီမ်ိဳးဆက္ကေတာ့ ၁၉၈၁ခုႏွစ္ကေန ၁၉၉၆ ခုႏွစ္အၾကားေမြးဖြားတဲ့သူမ်ားကို ေခၚပါတယ္။ဒီမ်ိဳးဆက္ကေတာ့ နည္းပညာေျပာင္းလဲမႈနဲ႔ ေထာင္စုႏွစ္မ်ားအၾကားမွာထိုင္ေနၾကသူေတြျဖစ္ပါတယ္။ သူတို႔ေတြက အင္တာနက္ေတြ၊ ကိုယ္ပိုင္ကြန္ပ်ဴတာေတြေခတ္စားမလာခင္က ေမြးဖြားလာသူေတြျဖစ္ၾကပါတယ္။ ႀကီးျမတ္တဲ့ ဆုတ္ယုတ္မႈ၊ ခက္ခဲတဲ့အလုပ္အကိုင္ေဈးကြက္နဲ႔ ျမင့္မားတဲ့ ေက်ာင္းသားေခ်းေငြေတြက လုပ္ငန္းခြင္ဝင္ေပါက္ကိုဝင္ေရာက္ဖို႔ တြန္းအားျဖစ္ေစခဲ့ပါတယ္။

Generation Z

ဒီမ်ိဳးဆက္ေတြကိုေတာ့ ၁၉၉၇ခုႏွစ္ကေန ၂၀၁၂ခုႏွစ္အၾကားမွာ ေမြးဖြားခဲ့ပါတယ္။ဂ်န္ဇီးလို႔ေခၚၾကတဲ့ ဒီဂ်စ္တယ္ႏိုင္ငံသားမ်ားျဖစ္ၾကၿပီး ဆဲလ္ဖုန္း၊ဆိုရွယ္မီဒီယာေခတ္စားလာတဲ့ နည္းပညာသစ္မ်ားနဲ႔အတူ လ်င္ျမန္စြာ ဖြံ႕ၿဖိဳးလာၾကပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*