OpenAI နဲ့ပြဿနာတက်နေတဲ့ စကားလက် ဂျိုဟန်ဆန်

စကားလက် ဂျိုဟန်ဆန်က OpenAI ချက်ဘော့တ်က သူမအသံနဲ့ဆင်တူတဲ့ အသံကြောင့်တရားစွဲဖို့ ပြင်ဆင်နေပြီး Sky ဆိုတဲ့နာမည်နဲ့အသံက သူမရဲ့အသံနဲ့လုံးဝဆင်တူနေကြောင်းကိုမေလ ၂၀ရက်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ကုမ္ပဏီဘက်က Sky လို့ခေါ်တဲ့ ဉာဏ်ရည်တုအသံကို ဖြုတ်ချပြီး နာရီပိုင်းအကြာမှာပဲဂျိုဟန်ဆန်က သူမအသံနဲ့ဖန်တီးထားတယ်လို့ မေလ ၂၀ရက်နေ့က စွပ်စွဲလိုက်တာဖြစ်ပါတယ်။ OpenAI ရဲ့အမှုဆောင်အရာရှိချုပ်ဖြစ်တဲ့ Sam Altman ကတော့ Sky ရဲ့အသံက ဂျိုဟန်ဆန်ကိုတုပထားတာမဟုတ်ပေမဲ့ မတူညီတဲ့ပရောက်ဖက်ရှင်နယ်သရုပ်ဆောင်တဦးပါဝင်နေတယ်လို့ရိုက်တာသတင်းဌာကို တနင်္လာနေ့က ပေးပို့တဲ့ ကြေညာချက်ထဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။“Sky ရဲ့အသံက စကားလက် ဂျိုဟန်ဆန်ရဲ့အသံမဟုတ်ပါဘူး။ ကျနော်တို့ သူမအသံနဲ့တူဖို့ဘယ်တုန်းကမှ မရည်ရွယ်ခဲ့ပါဘူး” လို့ ပြောကြားခဲ့တာပါ။

“မစ္စဂျိုဟန်ဆန်ကို လေးစားတဲ့အနေနဲ့ ကျနော်တို့ရဲ့ထုတ်ကုန်များမှာ Sky ရဲ့အသံကိုအသုံးပြုခြင်း ခေတ္တရပ်နားထားပါတယ်။ မစ္စဂျိူဟန်ဆန်ကိုလည်း တောင်းပန်အပ်ပါတယ်”အခုနောက်ပိုင်းမှာ AI တွေရဲ့ထုတ်ကုန်တွေ၊ အသံတွေကလူသားများနဲ့ခွဲခြားရခက်လာတာကြောင့် သရုပ်ဆောင်များက သူတို့ရုပ်ပုံများနဲ့အသံများအတွက် ရပိုင်ခွင့်တိုက်ပွဲများမှာ ဟောလီးဝုဒ်အတွက်အာရုံစိုက်စရာကိစ္စရပ်တခုဖြစ်လာခဲ့ပါတယ်။ဂျိုဟန်ဆန်ရဲ့ကြေညာချက်ထဲမှာ ပြီးခဲ့တဲ့စက်တင်ဘာလက Altman ကသူမထံချဉ်းကပ်ခဲ့ပြီး ChatGPT မှာ သူမရဲ့အသံကိုအ သုံးပြုခွင့်အတွက် ကမ်းလှမ်းခဲ့ပေမဲ့ သူမဘက်ကငြင်းဆိုခဲ့တယ်လို့ ပြောထားတာပဲဖြစ်ပါတယ်။ကိုးလလောက်ကြာတော့ ကျသူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ ပြည်သူတွေအားလုံးက Sky လို့ခေါ်တဲ့ အသံက ကျမအသံနဲ့တူတယ်လို့မှတ်ချက်ချခဲ့ပါတယ်လို့သူမကပြောကြားခဲ့ပါတယ်။မင်းသမီးက အဲဒီကိစ္စရပ်က မယုံနိုင်စရာကောင်းသလို ဒေါသထွက်စရာလည်းကောင်းတယ်လို့တုံ့ပြန်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဥပဒေအကြံပေးကိုလည်း ငှားရမ်းထားတယ်လို့ သူမကပြောခဲ့ပါတယ်။

MYit

zawgyi

စကားလက္ ဂ်ိဳဟန္ဆန္က OpenAI ခ်က္ေဘာ့တ္က သူမအသံနဲ႔ဆင္တူတဲ့ အသံေၾကာင့္တရားစြဲဖို႔ ျပင္ဆင္ေနၿပီး Sky ဆိုတဲ့နာမည္နဲ႔အသံက သူမရဲ႕အသံနဲ႔လုံးဝဆင္တူေနေၾကာင္းကိုေမလ ၂၀ရက္ေန႔က ေၾကညာခ်က္ထုတ္ျပန္ခဲ့ပါတယ္။ကုမၸဏီဘက္က Sky လို႔ေခၚတဲ့ ဉာဏ္ရည္တုအသံကို ျဖဳတ္ခ်ၿပီး နာရီပိုင္းအၾကာမွာပဲဂ်ိဳဟန္ဆန္က သူမအသံနဲ႔ဖန္တီးထားတယ္လို႔ ေမလ ၂၀ရက္ေန႔က စြပ္စြဲလိုက္တာျဖစ္ပါတယ္။ OpenAI ရဲ႕အမႈေဆာင္အရာရွိခ်ဳပ္ျဖစ္တဲ့ Sam Altman ကေတာ့ Sky ရဲ႕အသံက ဂ်ိဳဟန္ဆန္ကိုတုပထားတာမဟုတ္ေပမဲ့ မတူညီတဲ့ပေရာက္ဖက္ရွင္နယ္သ႐ုပ္ေဆာင္တဦးပါဝင္ေနတယ္လို႔႐ိုက္တာသတင္းဌာကို တနလၤာေန႔က ေပးပို႔တဲ့ ေၾကညာခ်က္ထဲမွာ ေျပာၾကားခဲ့တာျဖစ္ပါတယ္။“Sky ရဲ႕အသံက စကားလက္ ဂ်ိဳဟန္ဆန္ရဲ႕အသံမဟုတ္ပါဘူး။ က်ေနာ္တို႔ သူမအသံနဲ႔တူဖို႔ဘယ္တုန္းကမွ မရည္႐ြယ္ခဲ့ပါဘူး” လို႔ ေျပာၾကားခဲ့တာပါ။

“မစၥဂ်ိဳဟန္ဆန္ကို ေလးစားတဲ့အေနနဲ႔ က်ေနာ္တို႔ရဲ႕ထုတ္ကုန္မ်ားမွာ Sky ရဲ႕အသံကိုအသုံးျပဳျခင္း ေခတၱရပ္နားထားပါတယ္။ မစၥဂ်ိဴဟန္ဆန္ကိုလည္း ေတာင္းပန္အပ္ပါတယ္”အခုေနာက္ပိုင္းမွာ AI ေတြရဲ႕ထုတ္ကုန္ေတြ၊ အသံေတြကလူသားမ်ားနဲ႔ခြဲျခားရခက္လာတာေၾကာင့္ သ႐ုပ္ေဆာင္မ်ားက သူတို႔႐ုပ္ပုံမ်ားနဲ႔အသံမ်ားအတြက္ ရပိုင္ခြင့္တိုက္ပြဲမ်ားမွာ ေဟာလီးဝုဒ္အတြက္အာ႐ုံစိုက္စရာကိစၥရပ္တခုျဖစ္လာခဲ့ပါတယ္။ဂ်ိဳဟန္ဆန္ရဲ႕ေၾကညာခ်က္ထဲမွာ ၿပီးခဲ့တဲ့စက္တင္ဘာလက Altman ကသူမထံခ်ဥ္းကပ္ခဲ့ၿပီး ChatGPT မွာ သူမရဲ႕အသံကိုအ သုံးျပဳခြင့္အတြက္ ကမ္းလွမ္းခဲ့ေပမဲ့ သူမဘက္ကျငင္းဆိုခဲ့တယ္လို႔ ေျပာထားတာပဲျဖစ္ပါတယ္။ကိုးလေလာက္ၾကာေတာ့ က်သူငယ္ခ်င္းေတြ၊ မိသားစုေတြနဲ႔ ျပည္သူေတြအားလုံးက Sky လို႔ေခၚတဲ့ အသံက က်မအသံနဲ႔တူတယ္လို႔မွတ္ခ်က္ခ်ခဲ့ပါတယ္လို႔သူမကေျပာၾကားခဲ့ပါတယ္။မင္းသမီးက အဲဒီကိစၥရပ္က မယုံႏိုင္စရာေကာင္းသလို ေဒါသထြက္စရာလည္းေကာင္းတယ္လို႔တုံ႔ျပန္ခဲ့ပါတယ္။ ဒီကိစၥနဲ႔ပတ္သက္ၿပီး ဥပေဒအႀကံေပးကိုလည္း ငွားရမ္းထားတယ္လို႔ သူမကေျပာခဲ့ပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*