Nam Goong Min နဲ့အချစ်ရေးအကြောင်းကိုပြောလာတဲ့ Ahn Eun Jin

My Dearest ဇာတ်လမ်းတွဲထဲက သခင်မလေး ဂီချယ်နဲ့သခင်လေးဂျန်ဟွန်းတို့ဟာချစ်သူတွေအဖြစ်ပီပီပြင်ပြင်သရုပ်ဆောင်နိုင်ခဲ့လို့ အ ပြင်မှာပါချစ်သူတွေဖြစ်နေကြပြီဆိုတဲ့သတင်းတွေက ပျံ့နှံ့နေခဲ့ပါတယ်။မင်းသား Nam Goong Min နဲ့တွဲနေပါတယ်လို့သတင်းတွေထွက်လာတဲ့အပေါ် မင်းသမီး Ahn Eun Jin က This Week’s News ကနေအခုလိုဖြေကြားခဲ့တာပါ။ သူမဟာ You Tube က သတင်းအတုတွေကိုအဓိကဖြေရှင်းချင်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ “ဒီလိုဇာတ်လမ်းအတူတွဲရိုက်တိုင်းချစ်သူတွေဖြစ်ရတော့မှာလားလို့ကျွန်မက သူတို့ကိုမေးချင်ပါတယ်။ အမေကတောင်ကျွန်မကိုအဲဒီကောလာဟလအကြောင်းမေးလာတယ်။ ကျွန်မကတော့ အဲဒီသတင်းတွေအပေါ်စိတ်ဆိုးမိ၊စိတ်ပျက်မိတာမျိုးတော့မရှိပါဘူး။

ဒါဟာကျွန်မတို့ဇာတ်ကောင်စရိုက်အတိုင်း အပီပြင်ဆုံးပုံဖော်နိုင်လို့အတွဲညီလွန်းလို့ဒီလိုသတင်းတွေထွက်လာခဲ့တာလို့ ယူဆပါတယ်” ဆိုပြီးသူမကပြောပြခဲ့တာဖြစ်ပါတယ်။“အရင်တုန်းက ကျွန်မလည်း ဒရာမာတွေကြည့်ရင်၊ဇာတ်ကားထဲမှာတကယ်ကိုချစ်ကြတဲ့အတွဲတွေကိုမြင်ရင်အပြင်မှာသူတို့တကယ်ချစ်သူတွေဖြစ်နေလားဆိုပြီးထင်ခဲ့ဖူးပါတယ်။အခုကိုယ်တိုင်သရုပ်ဆောင်ဖြစ်လာတော့မှ ဒါကအလုပ်လုပ်နေကြတာပဲ၊အလုပ်သက်သက်ပဲဆိုတာကိုသိလာခဲ့တယ်” ဆိုပြီး သူမကဖြေကြားခဲ့တာပါ။Ahn Eun Jin နဲ့ Nam Goong Min တို့ဟာ My Dearest ထဲမှာအတွဲညီညီသရုပ်ဆောင်နိုင်ခဲ့တဲ့အတွက် MBC Drama Awards ကချီးမြှင့်တဲ့ Best Couple Award ကိုတွဲဖက်ရရှိခဲ့ကြပါတယ်။

Ju Ju

zawgyi

My Dearest ဇာတ္လမ္းတြဲထဲက သခင္မေလး ဂီခ်ယ္နဲ႔သခင္ေလးဂ်န္ဟြန္းတို႔ဟာခ်စ္သူေတြအျဖစ္ပီပီျပင္ျပင္သ႐ုပ္ေဆာင္ႏိုင္ခဲ့လို႔ အ ျပင္မွာပါခ်စ္သူေတြျဖစ္ေနၾကၿပီဆိုတဲ့သတင္းေတြက ပ်ံ႕ႏွံ႔ေနခဲ့ပါတယ္။မင္းသား Nam Goong Min နဲ႔တြဲေနပါတယ္လို႔သတင္းေတြထြက္လာတဲ့အေပၚ မင္းသမီး Ahn Eun Jin က This Week’s News ကေနအခုလိုေျဖၾကားခဲ့တာပါ။ သူမဟာ You Tube က သတင္းအတုေတြကိုအဓိကေျဖရွင္းခ်င္ခဲ့တာျဖစ္တယ္လို႔ဆိုပါတယ္။ “ဒီလိုဇာတ္လမ္းအတူတြဲ႐ိုက္တိုင္းခ်စ္သူေတြျဖစ္ရေတာ့မွာလားလို႔ကြၽန္မက သူတို႔ကိုေမးခ်င္ပါတယ္။ အေမကေတာင္ကြၽန္မကိုအဲဒီေကာလာဟလအေၾကာင္းေမးလာတယ္။ ကြၽန္မကေတာ့ အဲဒီသတင္းေတြအေပၚစိတ္ဆိုးမိ၊စိတ္ပ်က္မိတာမ်ိဳးေတာ့မရွိပါဘူး။

ဒါဟာကြၽန္မတို႔ဇာတ္ေကာင္စ႐ိုက္အတိုင္း အပီျပင္ဆုံးပုံေဖာ္ႏိုင္လို႔အတြဲညီလြန္းလို႔ဒီလိုသတင္းေတြထြက္လာခဲ့တာလို႔ ယူဆပါတယ္” ဆိုၿပီးသူမကေျပာျပခဲ့တာျဖစ္ပါတယ္။“အရင္တုန္းက ကြၽန္မလည္း ဒရာမာေတြၾကည့္ရင္၊ဇာတ္ကားထဲမွာတကယ္ကိုခ်စ္ၾကတဲ့အတြဲေတြကိုျမင္ရင္အျပင္မွာသူတို႔တကယ္ခ်စ္သူေတြျဖစ္ေနလားဆိုၿပီးထင္ခဲ့ဖူးပါတယ္။အခုကိုယ္တိုင္သ႐ုပ္ေဆာင္ျဖစ္လာေတာ့မွ ဒါကအလုပ္လုပ္ေနၾကတာပဲ၊အလုပ္သက္သက္ပဲဆိုတာကိုသိလာခဲ့တယ္” ဆိုၿပီး သူမကေျဖၾကားခဲ့တာပါ။Ahn Eun Jin နဲ႔ Nam Goong Min တို႔ဟာ My Dearest ထဲမွာအတြဲညီညီသ႐ုပ္ေဆာင္ႏိုင္ခဲ့တဲ့အတြက္ MBC Drama Awards ကခ်ီးျမႇင့္တဲ့ Best Couple Award ကိုတြဲဖက္ရရွိခဲ့ၾကပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*