အလုပ်အကြောင်းအိပ်မက်ဆိုးတွေမမက်ရလေအောင်
တစ်နေကုန်အလုပ်လုပ်ရသူတွေ၊ စိတ်ဖိစီးမှုများတဲ့အလုပ် များသောအားဖြင့် Customer Complainတွေကိုဖြေရှင်းရတဲ့အလုပ်လုပ်ရသူတွေဟာ ညဘက်အိပ်ချိန်မှာပါ နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်တာမျိုးဖြစ်လေ့ရှိပါတယ်။အလုပ်မှာဖြေရှင်းရမယ့်ကိစ္စတွေအကြောင်းအိပ် မက်ဆိုးတွေမက်တာ၊နောက်တစ်ရက်မှာလုပ်ရမယ့်အလုပ်တွေကို အိပ်မက်ထဲမှာကြိုလုပ်နေတာ၊ Customerကိုတောင်းပန်နေရတာစတဲ့ စတဲ့အိပ်မက်တွေကြောင့်ဦးနှောက်ကလည်းအနားမရ၊လူကလည်းအိပ်ရေးမဝ၊ စိတ်ကလည်းပင်ပန်းဖြစ်နေတတ်ပါတယ်။မအိပ်ခင်မှာ တစ်နေ့တာကြုံလာသမျှဖြစ်ရပ်တွေကိုရှင်းထုတ်တတ်တယ်ဆိုရင်ကိစ္စမရှိပေမယ့်တချို့တွေကအိပ်မက်ထဲထိသယ်‌ဆောင်လာပြီး ပင်ပန်းနေတတ်ပါတယ်။ ဒါကြောင့်အဲဒီလိုမဖြစ်ရလေအောင် အောက်မှာဖော်ပြတဲ့နည်းလမ်းတွေနဲ့အိပ်မက်ဆိုးတွေကိုကာဆီးထားနိုင်ပါတယ်။
သာယာတဲ့အိပ်ရာဝင်ချိန်လေးပုံမှန်ဖန်တီးပါ
အိပ်ချင်လာမှအလုပ်ကွန်ပျူတာကိုပိတ်ပြီး ထိုးအိပ်လိုက်တာ၊မနက်ဖြန်လုပ်ရမယ့်အလုပ်တွေအကြောင်းတွေးပြီး အိပ်ချလိုက်တာက
ကိုယ့်ကိုအလုပ်နဲ့ပတ်သက်တဲ့အိပ်မက်ဆိုးတွေဆီတွန်းပို့နေမှာပဲဖြစ်ပါတယ်။ဒါကြောင့် အိပ်ချိန်မှာ 15 မိနစ်လောက်အချိန်ပေးပြီး အခန်းကိုမီးလဲ့လဲ့လေးထွန်းတာ၊မွှေးရနံ့ဖ‌ယောင်းတိုင်ထွန်းတာ ဒါမှမဟုတ် Air Diffuser လေးတွေသုံးတာမျိုးလုပ်ပေးနိုင်ပါတယ်။သာယာတဲ့သီချင်းလေးတွေနဲ့ အိပ်ရာဝင်ပုံပြင်လေးတွေနားထောင်ရင်းအိပ်တာကအလုပ်ကိစ္စတွေကိုမေ့သွားစေပါတယ်။ တစ်နေ့လုံးဘီလူးမကြီးလို အလုပ်လုပ်ခဲ့ရရင်တောင်အိပ်ခါနီးမှာတော့ ကိုယ့်ကိုယ်ကိုယ်နတ်သမီးတစ်ပါးလိုသဘောထား၊အခန်းကိုပြင်ဆင်ပြီးအိပ်ဖို့လိုပါတယ်နော်။
ကော်ဖီနဲ့အရက်လျှော့သောက်ပါ
ကဖင်းနဲ့အယ်လ်ကိုဟောက ကောင်းမွန်တဲ့အိပ်စက်ခြင်းကိုမရစေနိုင်ပါဘူး။ ကဖင်းက Stress Hormone ထွက်ရှိအောင်လှုံ့ဆော်ပေးပြီး စိတ်ကိုငြိမ်သက်စေတဲ့ဟော်မုန်းတွေကိုစုပ်ယူသွားနိုင်ပါတယ်။ ဒါ့ကြောင့်ညမှာကောင်းကောင်းအိပ်ပျော်ချင်တယ်ဆိုရင် နေ့ခင်း 2 နာရီနောက်ပိုင်း ကော်ဖီ၊ လက်ဖက်ရည်နဲ့ Energy Drink တွေသောက်တာမျိုးရှောင်သင့်ပါတယ်။ အရက်ကလည်း ကိုယ့်ကို Deep Sleep
မရစေပါဘူး။ အရက်ပုံမှန်သောက်တယ်ဆိုရင် ခန္ဓာကိုယ်ကသဘာဝအတိုင်းထွက်ရှိတဲ့ Melatonin ဟော်မုန်းထွက်ရှိမှုကိုပျက်ယွင်းစေပါတယ်။ Melatonin ဟာ ကိုယ့်ကိုပုံမှန်အိပ်စက်ဖို့၊ပုံမှန်နိုးထဖို့လုပ်ဆောင်ပေးတဲ့ သဘာဝဟော်မုန်းဖြစ်ပါတယ်။
အတွေးတွေကိုရှင်းထုတ်တတ်တဲ့ အလေ့အကျင့်ရှိပါစေ
စက်ကို Reset ချလိုက်သလိုမျိုးကိုယ့်အတွေးတွေကိုရှင်းထုတ်နိုင်မယ့်အလေ့အကျင့်တစ်ခုခုရှိထားသင့်ပါတယ်။ မအိပ်ခင်မှာ ၁၅ မိနစ်လောက်တရားထိုင်ပေးတာ၊ Meditation Music နားထောင်ပေးတာ၊ ယောဂလေ့ကျင့်တာမျိုးကိုယ်နဲ့အဆင်ပြေရာတစ်ခုခုကိုလုပ် ဆောင်ပေးသင့်ပါတယ်။ ဒီအလေ့အကျင့်တွေကကိုယ့်ရဲ့သိစိတ်နဲ့မသိစိတ်မှာစွဲထင်နေတဲ့ အာရုံတွေကိုဖယ်ရှားနိုင်ပြီး အိပ်ချိန်မှာငြိမ်သက်အေးချမ်းစွာအိပ်ပျော်သွားစေနိုင်ဖို့ သေချာပေါက်အကူအညီပေးမှာဖြစ်ပါတယ်။ဒါ့ကြောင့် အလုပ်အကြောင်းအိပ်မက်ဆိုးတွေမမက်ဘဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေနိုင်ဖို့အခုကတည်းကပြင်ဆင်လေ့ကျင့်ထားဖို့လိုပါတယ်နော်။ ဒါမှမနက်ခင်းတိုင်းကို ခွန်အားပြည့်ဝစွာလန်း ဆန်းစွာနဲ့ကျော်ဖြတ်နိုင်မှာဖြစ်ပါတယ်။
Ju Ju
zawgyi
Ju Ju
Be the first to comment
Leave a Reply
Your email address will not be published.
*