အလုပ်ရှာနေချိန်မှာ ဘာကအရေးအကြီးဆုံးလဲ

အလုပ်မရှိသေးလို့ အလုပ်ရှာဖွေနေရတဲ့အချိန်မှာ ဘယ်သူမှပေါ့ပါးပျော်ရွှင်နေကြမှာတော့မဟုတ်ပါဘူး။အနည်းနဲ့အများဆိုသလို စိတ်ဖိစီးမှု၊ စိတ်ပင်ပန်းမှုကိုခံစားကြရမှာပါ။ကိုယ့်မှာငွေကြေးပြည့်စုံလို့ အလုပ်ရရင်လည်းရ မရရင်လည်းကိစ္စမရှိဆိုတဲ့သူတွေအတွက်စိတ်ဖိစီးမှုနည်းချင်နည်းနိုင်ပေမယ့်လူတိုင်းဟာကိုယ်လျှောက်တဲ့အလုပ်တစ်ခုကိုရချင်ကြတာချည်းပဲဖြစ်ပါတယ်။ငွေကြေးအတွက်မဟုတ်ရင်တောင် ကိုယ့် passion အတွက်၊ ကိုယ့်ပျော်ရွှင်မှုအတွက်၊ဂုဏ်ပုဒ်တစ်ခုအတွက် စတဲ့စတဲ့ရည်ရွယ်ချက်မျိုးစုံနဲ့ အလုပ်တစ်ခုကိုလိုချင်ကြပါတယ်။ဒါ့ကြောင့်လည်း အလုပ်ရှာဖွေတဲ့နေရာမှာ အရေးအကြီးဆုံးရှိသင့်တဲ့အရာကစိတ်ကျန်းမာနေဖို့လို့ဆိုပါတယ်။

စိတ်ကျန်းမာရေးကောင်းတယ်၊ စိတ်ကျန်းမာတယ်ဆိုတာက ငါမရူးဘူးလေ၊ကောင်းနေတာပဲလို့ဆိုလိုတာမျိုးမဟုတ်ပါဘူး။ ကိုယ့်စိတ်ဟာ အင်အားအပြည့်ရှိနေဖို့၊ ခိုင်မာနေဖို့၊စိတ်ဖိစီးမှုဒဏ်ကိုခံနိုင်ရည်ရှိဖို့၊ အလွယ်တကူစိတ်ဓာတ်မကျဖို့စတဲ့အချက်တွေနဲ့ပြည့်စုံနေဖို့ကိုဆိုလိုတာဖြစ်ပါတယ်။အလုပ်စလျှောက်ပြီဆိုကတည်းက ‘ငါ့မှာဒီအလုပ်ကိုရနိုင်တဲ့အရည်အချင်းအပြည့်အဝရှိတယ်’ ဆိုတဲ့ယုံကြည်ချက်မျိုးရှိဖို့လိုပါတယ်။ ဒီစိတ်စွမ်းအားကပဲကိုယ့်ကိုတကယ့်ရလဒ်ဆီအရောက်ပို့ဆောင်မှာဖြစ်သလို အင်တာဗျူးဝင်တဲ့အချိန်မှာလည်းယုံ ကြည်ချက်အပြည့်နဲ့ဖြေဆိုနိုင်မှာဖြစ်ပါတယ်။အစကတည်းက ‘ငါဒီအလုပ်နဲ့အလှမ်းဝေးပါတယ်။ လျှောက်သာလျှောက်လိုက်ရတယ်၊ရမှာမဟုတ်ဘူး’ လို့တွေးထားရင် တကယ်ပဲရနိုင်ဖို့ခက်ခဲတတ်ပါတယ်။ကိုယ်ကယုံကြည်မှုနည်းနေပေမယ့် ကိုယ်တည်ဆောက်ထားတဲ့အ ရည်အချင်းတွေကောင်းနေရင်တော့ရသွားတတ်ပါတယ်။

ကိုယ့်စိတ်မကျန်းမာတဲ့အချိန်မှာ အလုပ်ရှာဖွေမိရင်၊အလုပ်ကလည်းဘာတစ်ခုမှအဆင်မပြေလာဘူးဆိုရင်အလုပ်လျှောက်ဖို့လန့်သွားတတ်တဲ့ပြဿနာဖြစ်လာနိုင်ပါတယ်။ ငါကအလုပ်ရမှာလည်းမဟုတ်ပါဘူး၊ဒီတစ်ခါအဆင်မပြေရင် ငါတော့ပိုစိတ်ထိခိုက်ရဦးမယ်ဆိုတဲ့အတွေးမျိုးတွေဝင်သွားတတ်ပါတယ်။စိတ်ဓာတ်ကျမှုကနေ အလုပ်နဲ့ပတ်သက်ပြီးကြောက်တဲ့စိတ်ဝင်သွားနိုင်တာမို့စိတ်ကျန်းမာပျော်ရွှင်နေဖို့က အဓိကအရေးကြီးတာဖြစ်ပါတယ်။ဂျာမနီမှာပြုလုပ်ခဲ့တဲ့စစ်တမ်းတစ်ခုမှာ လူတွေဟာအလုပ်လက်မဲ့ဖြစ်နေချိန်မှာ စိတ်ဒဏ်ရာရလွယ်ကြပြီးဒီစိတ်ဒဏ်ရာကြောင့် နောင် ၅ နှစ်အထိမကောင်းတဲ့အကျိုးဆက်တွေကိုဖြစ်စေတယ်လို့ဆိုထားပါတယ်။အလုပ်လက်မဲ့လူပေါင်း ၂၃၀၀၀ ကျော်ကိုလေ့လာတဲ့အခါမှာလည်း သူတို့ရဲ့သွေးထဲမှာ inflammation level အမြင့်ဆုံးဖြစ်နေတာကိုတွေ့ရတယ်လို့ လေ့ လာသူတွေကဖော်ပြကြပါတယ်။ ဒါဟာစိတ်ဖိစီးမှုလွန်ကဲခြင်းနဲ့ ဆက်စပ်နေတာဖြစ်တယ်လို့ဆိုပါတယ်။

လူတိုင်းဟာ အသက်ရှူပေါက်ရှိဖို့၊ အသက်ရှူနိုင်ဖို့လည်းလိုပါတယ်။ ဒါကြောင့်လည်း အလုပ်ကိုတစ်လဆက်တိုက်၊ နှစ်လဆက်တိုက်မရပ်မနားရှာတာထက်ကြားထဲမှာတစ်ပတ်တန်သည်၊နှစ်ပတ်တန်သည် ကိုယ့်အတွက်အသက်ရှူပေါက်ပေး၊အနားပေးပြီးရှာဖွေတာကပိုပြီးအကျိုးများပါတယ်။ဒါ့ကြောင့်လည်း အလုပ်မလျှောက်ခင် စိတ်ရော၊ ခန္ဓာကိုယ်ပါကောင်းကောင်းအနားယူပါ။ ကိုယ့်ဆီမှာ
Positive Thinking နဲ့ Growth Mindset ရှိနေအောင် အရင်တည်ဆောက်ပါ။ လိုအပ်တဲ့ Skills တွေအရင်ဖြည့်ဖို့ကြိုးစားပါ။အဆက် အသွယ်ကောင်းကောင်းတည်ဆောက်ပါ။အလုပ်ရှာဖွေဖို့ မလောစေချင်ပါဘူး။ ကိုယ့်စိတ်ကိုရော Resume ကိုပါ အကောင်းဆုံးပြင်ဆင်ပြီးမှအလုပ်လျှောက်တာက အောင်မြင်ဖို့ရာခိုင်နှုန်းအများကြီးရှိနေလို့ဖြစ်ပါတယ်။

Ju Ju

zawgyi

အလုပ္မရွိေသးလို႔ အလုပ္ရွာေဖြေနရတဲ့အခ်ိန္မွာ ဘယ္သူမွေပါ့ပါးေပ်ာ္႐ႊင္ေနၾကမွာေတာ့မဟုတ္ပါဘူး။အနည္းနဲ႔အမ်ားဆိုသလို စိတ္ဖိစီးမႈ၊ စိတ္ပင္ပန္းမႈကိုခံစားၾကရမွာပါ။ကိုယ့္မွာေငြေၾကးျပည့္စုံလို႔ အလုပ္ရရင္လည္းရ မရရင္လည္းကိစၥမရွိဆိုတဲ့သူေတြအတြက္စိတ္ဖိစီးမႈနည္းခ်င္နည္းႏိုင္ေပမယ့္လူတိုင္းဟာကိုယ္ေလွ်ာက္တဲ့အလုပ္တစ္ခုကိုရခ်င္ၾကတာခ်ည္းပဲျဖစ္ပါတယ္။ေငြေၾကးအတြက္မဟုတ္ရင္ေတာင္ ကိုယ့္ passion အတြက္၊ ကိုယ့္ေပ်ာ္႐ႊင္မႈအတြက္၊ဂုဏ္ပုဒ္တစ္ခုအတြက္ စတဲ့စတဲ့ရည္႐ြယ္ခ်က္မ်ိဳးစုံနဲ႔ အလုပ္တစ္ခုကိုလိုခ်င္ၾကပါတယ္။ဒါ့ေၾကာင့္လည္း အလုပ္ရွာေဖြတဲ့ေနရာမွာ အေရးအႀကီးဆုံးရွိသင့္တဲ့အရာကစိတ္က်န္းမာေနဖို႔လို႔ဆိုပါတယ္။

စိတ္က်န္းမာေရးေကာင္းတယ္၊ စိတ္က်န္းမာတယ္ဆိုတာက ငါမ႐ူးဘူးေလ၊ေကာင္းေနတာပဲလို႔ဆိုလိုတာမ်ိဳးမဟုတ္ပါဘူး။ ကိုယ့္စိတ္ဟာ အင္အားအျပည့္ရွိေနဖို႔၊ ခိုင္မာေနဖို႔၊စိတ္ဖိစီးမႈဒဏ္ကိုခံႏိုင္ရည္ရွိဖို႔၊ အလြယ္တကူစိတ္ဓာတ္မက်ဖို႔စတဲ့အခ်က္ေတြနဲ႔ျပည့္စုံေနဖို႔ကိုဆိုလိုတာျဖစ္ပါတယ္။အလုပ္စေလွ်ာက္ၿပီဆိုကတည္းက ‘ငါ့မွာဒီအလုပ္ကိုရႏိုင္တဲ့အရည္အခ်င္းအျပည့္အဝရွိတယ္’ ဆိုတဲ့ယုံၾကည္ခ်က္မ်ိဳးရွိဖို႔လိုပါတယ္။ ဒီစိတ္စြမ္းအားကပဲကိုယ့္ကိုတကယ့္ရလဒ္ဆီအေရာက္ပို႔ေဆာင္မွာျဖစ္သလို အင္တာဗ်ဴးဝင္တဲ့အခ်ိန္မွာလည္းယုံ ၾကည္ခ်က္အျပည့္နဲ႔ေျဖဆိုႏိုင္မွာျဖစ္ပါတယ္။အစကတည္းက ‘ငါဒီအလုပ္နဲ႔အလွမ္းေဝးပါတယ္။ ေလွ်ာက္သာေလွ်ာက္လိုက္ရတယ္၊ရမွာမဟုတ္ဘူး’ လို႔ေတြးထားရင္ တကယ္ပဲရႏိုင္ဖို႔ခက္ခဲတတ္ပါတယ္။ကိုယ္ကယုံၾကည္မႈနည္းေနေပမယ့္ ကိုယ္တည္ေဆာက္ထားတဲ့အ ရည္အခ်င္းေတြေကာင္းေနရင္ေတာ့ရသြားတတ္ပါတယ္။

ကိုယ့္စိတ္မက်န္းမာတဲ့အခ်ိန္မွာ အလုပ္ရွာေဖြမိရင္၊အလုပ္ကလည္းဘာတစ္ခုမွအဆင္မေျပလာဘူးဆိုရင္အလုပ္ေလွ်ာက္ဖို႔လန႔္သြားတတ္တဲ့ျပႆနာျဖစ္လာႏိုင္ပါတယ္။ ငါကအလုပ္ရမွာလည္းမဟုတ္ပါဘူး၊ဒီတစ္ခါအဆင္မေျပရင္ ငါေတာ့ပိုစိတ္ထိခိုက္ရဦးမယ္ဆိုတဲ့အေတြးမ်ိဳးေတြဝင္သြားတတ္ပါတယ္။စိတ္ဓာတ္က်မႈကေန အလုပ္နဲ႔ပတ္သက္ၿပီးေၾကာက္တဲ့စိတ္ဝင္သြားႏိုင္တာမို႔စိတ္က်န္းမာေပ်ာ္႐ႊင္ေနဖို႔က အဓိကအေရးႀကီးတာျဖစ္ပါတယ္။ဂ်ာမနီမွာျပဳလုပ္ခဲ့တဲ့စစ္တမ္းတစ္ခုမွာ လူေတြဟာအလုပ္လက္မဲ့ျဖစ္ေနခ်ိန္မွာ စိတ္ဒဏ္ရာရလြယ္ၾကၿပီးဒီစိတ္ဒဏ္ရာေၾကာင့္ ေနာင္ ၅ ႏွစ္အထိမေကာင္းတဲ့အက်ိဳးဆက္ေတြကိုျဖစ္ေစတယ္လို႔ဆိုထားပါတယ္။အလုပ္လက္မဲ့လူေပါင္း ၂၃၀၀၀ ေက်ာ္ကိုေလ့လာတဲ့အခါမွာလည္း သူတို႔ရဲ႕ေသြးထဲမွာ inflammation level အျမင့္ဆုံးျဖစ္ေနတာကိုေတြ႕ရတယ္လို႔ ေလ့ လာသူေတြကေဖာ္ျပၾကပါတယ္။ ဒါဟာစိတ္ဖိစီးမႈလြန္ကဲျခင္းနဲ႔ ဆက္စပ္ေနတာျဖစ္တယ္လို႔ဆိုပါတယ္။

လူတိုင္းဟာ အသက္ရႉေပါက္ရွိဖို႔၊ အသက္ရႉႏိုင္ဖို႔လည္းလိုပါတယ္။ ဒါေၾကာင့္လည္း အလုပ္ကိုတစ္လဆက္တိုက္၊ ႏွစ္လဆက္တိုက္မရပ္မနားရွာတာထက္ၾကားထဲမွာတစ္ပတ္တန္သည္၊ႏွစ္ပတ္တန္သည္ ကိုယ့္အတြက္အသက္ရႉေပါက္ေပး၊အနားေပးၿပီးရွာေဖြတာကပိုၿပီးအက်ိဳးမ်ားပါတယ္။ဒါ့ေၾကာင့္လည္း အလုပ္မေလွ်ာက္ခင္ စိတ္ေရာ၊ ခႏၶာကိုယ္ပါေကာင္းေကာင္းအနားယူပါ။ ကိုယ့္ဆီမွာ
Positive Thinking နဲ႔ Growth Mindset ရွိေနေအာင္ အရင္တည္ေဆာက္ပါ။ လိုအပ္တဲ့ Skills ေတြအရင္ျဖည့္ဖို႔ႀကိဳးစားပါ။အဆက္ အသြယ္ေကာင္းေကာင္းတည္ေဆာက္ပါ။အလုပ္ရွာေဖြဖို႔ မေလာေစခ်င္ပါဘူး။ ကိုယ့္စိတ္ကိုေရာ Resume ကိုပါ အေကာင္းဆုံးျပင္ဆင္ၿပီးမွအလုပ္ေလွ်ာက္တာက ေအာင္ျမင္ဖို႔ရာခိုင္ႏႈန္းအမ်ားႀကီးရွိေနလို႔ျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*