ထူးခြားတဲ့စတိုင်လ်တစ်ခုအမြဲရှိနေတဲ့ Jenna Ortega ရဲ့ပွဲတက်ဖက်ရှင်အသစ်

Wednesday မင်းသမီးလေး Jenna Ortega က အောက်တိုဘာ ၃၀ ရက်နေ့ကပြုလုပ်ခဲ့တဲ့ဖက်ရှင်ဒီဇိုင်နာ Thom Browne ရဲ့နှစ် ၂၀ ပြည့်နှစ်ပတ်လည်အခမ်းအနားကိုပေါ့ပါးပေမယ့်သပ်ရပ်လှပနေတဲ့ဝတ်စုံနဲ့အတူ တက်ရောက်ခဲ့တာတွေ့ရပါတယ်။သူမကအထက်တန်း ကျောင်းသူပုံစံချစ်စရာကောင်းတဲ့အကျီဖြူနဲ့အတူ သပ်ရပ်တဲ့ကုတ်အကျီ၊ပိတ်စစပ်ချုပ်ထားတဲ့ပုံစံဘောင်းဘီတိုတို့ကို ဝတ်ဆင်ထားပါတယ်။ ဒီဇိုင်နာ Thom Browne ထုတ်လုပ်တဲ့အိတ်ကိုလည်း အလေးထားကိုင်ဆောင်လာခဲ့တာကိုတွေ့မြင်ရပါတယ်။

Jenna Ortega နဲ့အလိုက်ဖက်ဆုံးဖက်ရှင်တွေဟာ Thom Browne ရဲ့ဖန်တီးမှုတွေနဲ့လုံးဝထပ်တူညီပြီး Thom Browne ကလည်း သူမကို My birthday twin လို့တင်စားခေါ်ဝေါ်ခဲ့တာဖြစ်ပါတယ်။အသက် ၂၁ နှစ်သာရှိသေးတဲ့သူမက Wednesday ဇာတ်လမ်းနဲ့ကျော် ကြားမှုရလာပြီးနောက်ပိုင်း Horror/Thriller ဇာတ်ကားအများစုမှာထပ်မံပါဝင်လာဖို့ရှိနေပါသေးတယ်။ သူမကို Finestkind ၊ Scream
6 ၊ Miller’s Girl နဲ့ Wednesday Season 2 တို့မှာထပ်မံမြင်တွေ့ခွင့်ရဦိးမှာပဲဖြစ်ပါတယ်။

Ju Ju

zawgyi

Be the first to comment

Leave a Reply

Your email address will not be published.

*