မင်းသား Park Seo Joon ရဲ့ အေဂျင်စီက Lauren Tsai နဲ့ တွဲတယ်ဆိုတဲ့အချက်အပေါ် ဘယ်လိုမှတ်ချက်ပေးခဲ့သလဲ

မင်းသား Park Seo Joon ရဲ့အေဂျင်စီက မင်းသားနဲ့ချိန်းတွေ့တယ်ဆိုတဲ့ ကောလဟာလတွေကိုခပ်တိုတိုပဲတုန့်ပြန်ခဲ့ပါတယ်။Park Seo Joon က Lauren Tsai နဲ့ ဂျပန်နိုင်ငံမှာ အတူတွဲတွေ့ပြီး တစ်နေရာတည်းမှာရိုက်ကူးထားတဲ့ Instagram ပို့စ်တွေကိုလည်း မျှဝေခဲ့ပြီးနောက် အမေရိကန်ကြယ်ပွင့်နဲ့ဒိတ်နေကြပြီဆိုတဲ့ ကောလဟာလတွေ မကြာသေးမီက ထွက်ပေါ်ခဲ့ပါတယ်။ဒီသတင်းတွေကို တုံ့ပြန်တဲ့အနေနဲ့ Park Seo Joon ရဲ့အေဂျင်စီ Awesome ENT က“Park Seo Joon ဟာ မကြာသေးမီက brand event တခုကို တက်ရောက်ဖို့အတွက်သွားခဲ့တာဖြစ်ပြီး၊ အဲဒီပွဲမှာ နယ်ပယ်အသီးသီးက အနုပညာရှင်တွေနဲ့ နယ်ပယ်အသီးသီးကအနုပညာရှင်တွေကိုလည်း ဖိတ်ကြားထားပါတယ်။

မင်းသားရဲ့တရားဝင်လုပ်ဆောင်မှုများနဲ့ပတ်သက်တဲ့ အချက်အလက်များကိုကျော်လွန်ပြီး သူ့ရဲ့ကိုယ်ရေးကိုယ်တာဘဝကိုတော့ ဘယ်လိုရှုထောင့်ကနေမှ အတည်ပြုချက်မပေးနိုင်တာကိုနားလည်နိုင်ဖို့ ကျွန်ုပ်တို့ တောင်းဆိုပါတယ်”မင်းသားနဲ့ Dating သတင်းထွက်ခဲ့ အမေရိကန်ကြယ်ပွင့်ကတော့ ၁၉၉၈ခုနှစ်မှာ မွေးဖွားခဲ့ပြီး Terrace House: Aloha State" နဲ့ "Legion" အပါအဝင်ရှိုးများမှာ လူသိများတဲ့အမေရိကန်သရုပ်ဆောင်၊ အနုပညာရှင်တဦးဖြစ်ပါတယ်။မင်းသား Park Seo Joon ကတော့ မကြာသေးမီက “Gyeongseong Creature” မှာပါဝင်သရုပ်ဆောင်ခဲ့ပြီး ဒုတိယ Season “Jinny's Kitchen 2” ဇာတ်လမ်းတွဲအတွက်ပြင်ဆင်နေပါတယ်။

MYit

zawgyi



MYit

Be the first to comment

Leave a Reply

Your email address will not be published.


*