အောင်မြင်မှုရရန် ဖြစ်နိုင်ချေအရှိဆုံး ရာသီခွင် (၄) ခု

အောင်မြင်ဖို့ အလားအလာ အရှိဆုံး က ဘယ်ရာသီခွင်တွေဖြစ်မလဲ။ နက္ခတ်ဗေဒင်အရကိုယ်ရည်ကိုယ်သွေးတွေကိုက်ညီပြီး အောင်မြင်မှုအတွက် အလားအလာအရှိဆုံးရာသီခွင်တွေကိုဖော်ပြပေးချင်ပါတယ်။ ဒါကို ဖျော်ဖြေရေးအနေနဲ့သာ ဖတ်ဖို့နဲ့ Serious မထားဖို့အကြံ ပေးချင်ပါတယ်။

Aries – March 21-April 19

ဒီရာသီဖွားတွေက သူတို့ရဲ့မကြောက်ရွံ့တတ်တဲ့စိတ်ကြောင့် လူသိများပါတယ်။ သူတို့တွေကခေါင်းဆောင်ကောင်းတွေဖြစ်ကြပြီး စိန်ခေါ်မှုအသစ်အတွက် အမြဲတမ်းလက်ခံဖို့အဆင်သင့်ပါပဲ။ သူတို့ရဲ့စိတ်အားထက်သန်မှုနဲ့ မဆုတ်မနစ်ကြိုးစားမှုတွေကအောင်မြင်ဖို့အတွက် တွန်းအားဖြစ်စေပါတယ်။ ပြိုင်ဆိုင်မှုပြင်းထန်ပြီးထူးချွန်အောင်ကြိုးစားကြပါတယ်။ ဘယ်အရာကိုမဆိုအကောင်းဆုံးဖြစ်လိုကြပါတယ်။

Taurus: April 20-May 20

ဒီရာသီဖွားတွေက ခိုင်ခံ့တဲ့ ရည်မှန်းချက်ကြောင့် အောင်မြင်ဖို့အလားအလာအရှိဆုံးရာသီခွင်တွေထဲက တခုဖြစ်လာစေပါတယ်။ သူတို့က မယုံကြည်နိုင်လောက်အောင်အလုပ်ကြိုးစားပြီး စိတ်ရှည်ကြပါတယ်။ သူတို့က ပန်းတိုင်တခုထားလိုက်တာနဲ့ဘယ်အရာကမှသူတို့ကိုမတားဆီးနိုင်တောာ့ပါဘူး။ သူတို့ရဲ့ သန္နိဋ္ဌာန်နဲ့ခိုင်မာတဲ့အလုပ်ကျင့်ဝတ်တို့ပေါင်းစပ်ပြီး အောင်မြင်မှုများဖြစ်စေပါတယ်။

Leo : July 23-August 22

လီယိုတွေက ခေါင်းဆောင်ကောင်းတွေဖြစ်ကြပါတယ်။ သူတို့က တခြားသူတွေကို စီမံခန့်ခွဲတာ၊လှုံ့ဆော်တာတွေမှာ အရမ်းထူးချွန်ကြပါတယ်။ ဒါကြောင့် နိုင်ငံရေးခေါင်းဆောင်တွေ၊စီးပွားရေးခေါင်းဆောင်တွေဖြစ်ကြပါတယ်။ လီယိုတွေကယုံကြည်ချက်နဲ့ရည်မှန်းချက်မြင့်မြင့်မားမားထားကြပါတယ်။ သူတို့ရဲ့အရည်အချင်းတွေကအောင်မြင်မှုရရှိဖို့ ကူညီပေးကြပါတယ်။ သူတို့ရဲ့ဖန်တီးမှုနဲ့ စိတ်အားထက်သန်မှုကြောင့်လူသိများကြပါတယ်။

Capricorn – December 21-January 20

မကာရရာသီခွင်တွေက စည်းကမ်းရှိတဲ့သူတွေအဖြစ် နာမည်ကြီးပါတယ်။စည်းစနစ်တကျလုပ်တတ်တာကြောင့် သူတိုက အောင်မြင်ကြသူတွေလည်းဖြစ်ပါတယ်။သူတို့ရဲ့ စည်းကမ်းနဲ့မဟာဗျူဟာရေးဆွဲတာတွေအတွက် လူသိများပါတယ်။သူတို့ရဲ့ရှင်းလင်းပြတ်သားတဲ့ပန်း တိုင်တွေက သူတို့ကိုအောင်မြင်မှုဖြစ်စေပါတယ်။စိန်ခေါ်မှုများနဲ့ ရင်ဆိုင်ရတဲ့အခါ စိတ်ရှည်မှု၊ ဇွဲလုံ့လတွေကြောင့်အောင်မြင်မှုလမ်း ကြောင်းပေါ်မှာ ရှိနေတတ်ပါတယ်။ သူတို့ရဲ့နောက်ထပ်ထူးခြားချက်ကလက်တွေ့ဆန်တာပါ။ လက်တွေ့ကျတဲ့နည်းလမ်းတွေနဲ့ အောင်မြင်မှုအခွင့်အလမ်းတွေကိုသေချာစေပါတယ်။

MYit

zawgyi


Aries – March 21-April 19


Taurus: April 20-May 20


Leo : July 23-August 22




MYit

Be the first to comment

Leave a Reply

Your email address will not be published.


*