2024 ရွှေကမ္ဘာလုံးဆုပေးပွဲအတွက်ဆန်ခါတင်စာရင်းများထွက်လာပြီ

၂၀၂၄ ခုနစ်၊ ဇန်နဝါရီလ(၇)ရက်နေ့မှာကျင်းပမယ့် ၈၁ ကြိမ်မြောက် Golden Globes ပွဲအတွက်ရုပ်ရှင်အနုပညာကဏ္ဍပေါင်းစုံရဲ့ဆန်ခါ တင်စာရင်းတွေထွက်ရှိလာပြီဖြစ်ပါတယ်။ဒီနှစ်မှာဆုတွေသိမ်းပိုက်မယ့် ရုပ်ရှင်တွေကတော့ Barbie ၊ Oppenheimer ၊ Killers of the flower moon နဲ့ Past Lives တို့ဖြစ်နိုင်တယ်လို့ခန့်မှန်းထားကြပါတယ်။ TV Category မှာတော့ Succession ၊ The Crown နဲ့ The Bear တွေက ဆန်ခါတင်စာရင်းဝင်နေပါတယ်။ ရုပ်ရှင်ကဏ္ဍမှာ Best Picture – Drama အနေနဲ့ Oppenheimer ၊ Killers of the flower moon၊ Maestro၊ Past Lives၊ The Zone of Interest၊Anatomy of a Fall တို့ကဆန်ခါတင်ပါဝင်ပါတယ်။ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုအနေနဲ့ Lily Gladstone ၊ Carey Mulligan ၊ Sandra Huller ၊ Annette Bening ၊ Greta Lee နဲ့ Cailee Spaeny တို့ကဆန်ခါတင်စာရင်းထဲနေရာယူထားပါတယ်။

အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုဆန်ခါတင်စာရင်းမှာတော့ Bradley Cooper ၊ Leonardo DiCaprio ၊ Colman Domingo၊ Barry Keoghan ၊ Cillian Murphy နဲ့ Andrew Scott တို့ပါဝင်ပါတယ်။ဆလီနာဂိုမက်ဇ်ဟာလည်း Only Murders in the Building စီးရီးနဲ့ Best Television Actress ဆန်ခါတင်စာရင်းမှာပါဝင်နေတာကိုတွေ့ရပါတယ်။ Best Animation Film အနေနဲ့ The boy and the heron ၊ Elemental ၊ Spider-Man: Across the spider-verse ၊The super mario bros movie ၊ Suzame နဲ့ Wish တို့ကဆန်ခါ တင်စာရင်းမှာပါဝင်နေခဲ့တာဖြစ်ပါတယ်။ ဒီပွဲကြီးကို CBS ကနေတိုက်ရိုက်ထုတ်လွှင့်ပြသမှာ ဖြစ်ပါတယ်။

Ju Ju

zawgyi

၂၀၂၄ ခုနစ္၊ ဇန္နဝါရီလ(၇)ရက္ေန႔မွာက်င္းပမယ့္ ၈၁ ႀကိမ္ေျမာက္ Golden Globes ပြဲအတြက္႐ုပ္ရွင္အႏုပညာက႑ေပါင္းစုံရဲ႕ဆန္ခါ တင္စာရင္းေတြထြက္ရွိလာၿပီျဖစ္ပါတယ္။ဒီႏွစ္မွာဆုေတြသိမ္းပိုက္မယ့္ ႐ုပ္ရွင္ေတြကေတာ့ Barbie ၊ Oppenheimer ၊ Killers of the flower moon နဲ႔ Past Lives တို႔ျဖစ္ႏိုင္တယ္လို႔ခန႔္မွန္းထားၾကပါတယ္။ TV Category မွာေတာ့ Succession ၊ The Crown နဲ႔ The Bear ေတြက ဆန္ခါတင္စာရင္းဝင္ေနပါတယ္။ ႐ုပ္ရွင္က႑မွာ Best Picture – Drama အေနနဲ႔ Oppenheimer ၊ Killers of the flower moon၊ Maestro၊ Past Lives၊ The Zone of Interest၊Anatomy of a Fall တို႔ကဆန္ခါတင္ပါဝင္ပါတယ္။ အေကာင္းဆုံးအမ်ိဳးသမီးဇာတ္ေဆာင္ဆုအေနနဲ႔ Lily Gladstone ၊ Carey Mulligan ၊ Sandra Huller ၊ Annette Bening ၊ Greta Lee နဲ႔ Cailee Spaeny တို႔ကဆန္ခါတင္စာရင္းထဲေနရာယူထားပါတယ္။

အေကာင္းဆုံးအမ်ိဳးသားဇာတ္ေဆာင္ဆုဆန္ခါတင္စာရင္းမွာေတာ့ Bradley Cooper ၊ Leonardo DiCaprio ၊ Colman Domingo၊ Barry Keoghan ၊ Cillian Murphy နဲ႔ Andrew Scott တို႔ပါဝင္ပါတယ္။ဆလီနာဂိုမက္ဇ္ဟာလည္း Only Murders in the Building စီးရီးနဲ႔ Best Television Actress ဆန္ခါတင္စာရင္းမွာပါဝင္ေနတာကိုေတြ႕ရပါတယ္။ Best Animation Film အေနနဲ႔ The boy and the heron ၊ Elemental ၊ Spider-Man: Across the spider-verse ၊The super mario bros movie ၊ Suzame နဲ႔ Wish တို႔ကဆန္ခါ တင္စာရင္းမွာပါဝင္ေနခဲ့တာျဖစ္ပါတယ္။ ဒီပြဲႀကီးကို CBS ကေနတိုက္႐ိုက္ထုတ္လႊင့္ျပသမွာ ျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*