The Notebook သရုပ်ဆောင် Gena Rowlands ကွယ်လွန်
The Notebook သရုပ်ဆောင် Gena Rowlands က ဩဂုတ်လ ၁၅ရက်နေ့မှာကွယ်လွန်ခဲ့ပါတယ်။ သူမကွယ်လွန်ချိန်မှာ အသက် ၉၄နှစ်ရှိပါပြီ။ The NoteBook မှာ အယ်လ်ဇိုင်းမားရောဂါသည်အဖြစ် သရုပ်ဆောင်ခဲ့တဲ့မင်းသမီးကြီးကွယ်လွန်ခဲ့ ကြောင်းကို သားဖြစ်သူ ဒါရိုက်တာ Nick Cassavetes က New York Times နဲ့ CNN သတင်းဌာနတွေကို အတည်ပြုခဲ့ပေမဲ့ သေဆုံးရတဲ့အကြောင်းအရင်းကိုတော့မထုတ်ပြန်သေးပါဘူး။မင်းသမီးကြီးက လွန်ခဲ့သောငါးနှစ်က အယ်လ်ဇိုင်းမားရောဂါရှိနေတာကိုစစ်ဆေးတွေ့ရှိခဲ့ပါတယ်။
သူမ အကယ်ဒမီဆုအပြင် A Woman Under the Influence နဲ့ Gloria တို့အတွက်အော်စကာဆု နှစ်ကြိမ် လျာထားခံခဲ့ရပါတယ်။ နောက်ပြီး Golden Globe Awards ရှစ်ဆုအတွက် ဆန်ခါတင်စာရင်းဝင်ခဲ့ပြီး နှစ်ဆုနဲ့ Primetime Emmy Awards ၃ ဆုအပြင်
Daytime Emmy နဲ့ အခြားဝေဖန်ရေးဆရာများရဲ့ ဆုများစွာကိုလည်း ရရှိခဲ့ပါတယ်။။ Rowlands က John Cassavetes နဲ့ တစ်ကြိမ်လက်ထပ်ခဲ့ပါတယ်။ သားဖြစ်သူဒါရိုက်တာ Nick နဲ့အတူ သမီးများဖြစ်ကြတဲ့ Cassavetesနဲ့ Alexandra နဲ့ Zoe တို့ နှစ်ဦးစလုံးကလည်း
သရုပ်ဆောင်နဲ့ ဒါရိုက်တာများဖြစ်ကြပါတယ်။ ၂၀၁၅ ခုနှစ်မှာ သူမက ဂုဏ်ထူးဆောင် အော်စကာဆု ရရှိခဲ့ပါတယ်။
MYit
zawgyi
MYit
Be the first to comment
Leave a Reply
Your email address will not be published.
*