SM နဲ့ဆက်ပြီးလက်တွဲမယ့် EXO ရဲ့ D.O.

မကြာသေးခင်ကပဲ EXO ရဲ့အဖွဲ့ဝင်ဖြစ်သူ D.O. တစ်ယောက် SM Entertainment ကိုစွန့်ခွာပြီဆိုတဲ့သတင်းတွေထွက်ရှိလာခဲ့ပါတယ်။ ဒီသတင်းအပေါ် SM Entertainment ဘက်က တုံ့ပြန်ဖြေရှင်းမှုတွေပြုလုပ်လာခဲ့ပါတယ်။ “Do Kyung Soo(D.O.) နဲ့ SM ရဲ့စာချုပ်က လာမယ့်နိုဝင်ဘာလဆန်းမှာပြီးဆုံးတော့မှာဖြစ်ပါတယ်။ဒါပေမဲ့ EXO နဲ့တွဲဖက်ပြီး သူ့အလုပ်တွေကို ဆက်လုပ်သွားဦးမှာပါ။ D.O. ရဲ့သရုပ်ဆောင်ပိုင်း၊တစ်ကိုယ်တော်အနုပညာလှုပ်ရှားမှုအပိုင်းတွေကိုတော့ ကုမ္ပဏီအသစ်နဲ့လုပ်ဆောင်မှာဖြစ်ပါတယ်။ဒါကိုလည်း သူ့ရဲ့မန်နေဂျာဟောင်းနဲ့ပဲဆက်လက်လုပ်ကိုင်သွားမှာပါ” လို့ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

D.O. အနေနဲ့ SM နဲ့လက်တွဲဖြုတ်ပြီး ကိုယ်ပိုင်ကုမ္ပဏီအနေနဲ့လှုပ်ရှားမှုတွေဆက်လုပ်မယ့်အပေါ်ပရိသတ်တွေက အားပေးထောက်ခံမှုတွေလုပ်ခဲ့ကြပါတယ်။ သူ့ကိုဒရာမာဇာတ်လမ်းတွဲတွေပိုမိုရိုက်ကူးစေချင်ပြီး ဒီ့ထက်ပိုအောင်မြင်မှုတွေရစေချင်တယ်လို့ပရိသတ်တွေကမှတ်ချက်ပေးခဲ့ကြတာဖြစ်ပါတယ်။D.O. ဟာ EXO အဖွဲ့ဝင်တစ်ဦးအဖြစ် ၂၀၁၂ ခုနစ်ကစတင်ပွဲထွက်လာခဲ့တာဖြစ်ပြီး ၂၀၁၆ ခုနစ်မှာတော့ရုပ်ရှင်ကားနဲ့ ဇာတ်လမ်းတွဲတွေမှာစတင်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

Ju Ju

zawgyi

မၾကာေသးခင္ကပဲ EXO ရဲ႕အဖြဲ႕ဝင္ျဖစ္သူ D.O. တစ္ေယာက္ SM Entertainment ကိုစြန႔္ခြာၿပီဆိုတဲ့သတင္းေတြထြက္ရွိလာခဲ့ပါတယ္။ ဒီသတင္းအေပၚ SM Entertainment ဘက္က တုံ႔ျပန္ေျဖရွင္းမႈေတြျပဳလုပ္လာခဲ့ပါတယ္။ “Do Kyung Soo(D.O.) နဲ႔ SM ရဲ႕စာခ်ဳပ္က လာမယ့္ႏိုဝင္ဘာလဆန္းမွာၿပီးဆုံးေတာ့မွာျဖစ္ပါတယ္။ဒါေပမဲ့ EXO နဲ႔တြဲဖက္ၿပီး သူ႔အလုပ္ေတြကို ဆက္လုပ္သြားဦးမွာပါ။ D.O. ရဲ႕သ႐ုပ္ေဆာင္ပိုင္း၊တစ္ကိုယ္ေတာ္အႏုပညာလႈပ္ရွားမႈအပိုင္းေတြကိုေတာ့ ကုမၸဏီအသစ္နဲ႔လုပ္ေဆာင္မွာျဖစ္ပါတယ္။ဒါကိုလည္း သူ႔ရဲ႕မန္ေနဂ်ာေဟာင္းနဲ႔ပဲဆက္လက္လုပ္ကိုင္သြားမွာပါ” လို႔ထုတ္ျပန္ခဲ့တာျဖစ္ပါတယ္။

D.O. အေနနဲ႔ SM နဲ႔လက္တြဲျဖဳတ္ၿပီး ကိုယ္ပိုင္ကုမၸဏီအေနနဲ႔လႈပ္ရွားမႈေတြဆက္လုပ္မယ့္အေပၚပရိသတ္ေတြက အားေပးေထာက္ခံမႈေတြလုပ္ခဲ့ၾကပါတယ္။ သူ႔ကိုဒရာမာဇာတ္လမ္းတြဲေတြပိုမို႐ိုက္ကူးေစခ်င္ၿပီး ဒီ့ထက္ပိုေအာင္ျမင္မႈေတြရေစခ်င္တယ္လို႔ပရိသတ္ေတြကမွတ္ခ်က္ေပးခဲ့ၾကတာျဖစ္ပါတယ္။D.O. ဟာ EXO အဖြဲ႕ဝင္တစ္ဦးအျဖစ္ ၂၀၁၂ ခုနစ္ကစတင္ပြဲထြက္လာခဲ့တာျဖစ္ၿပီး ၂၀၁၆ ခုနစ္မွာေတာ့႐ုပ္ရွင္ကားနဲ႔ ဇာတ္လမ္းတြဲေတြမွာစတင္သ႐ုပ္ေဆာင္ခဲ့တာျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*