တပတ်မှာ လေးရက်အလုပ်လုပ်ရတာရဲ့ အားသာချက်နဲ့ အားနည်းချက်များ

နိုင်ငံတကာလုပ်ငန်းခွင်တချို့မှာ တပတ်လေးရက်နဲ့ အလုပ်ခွင်တွေစတင်လာကြပါတယ်။အဲဒီတပတ်လေးရက်နဲ့ လုပ်ငန်းခွင်တွေရဲ့ အားသာချက်နဲ့ အားနည်းချက်တွေကဘာတွေများဖြစ်မလဲ။ ဒီအချက်တွေကို ဒီနေ့မှာ မျှဝေပေးသွားချင်ပါတယ်။

အားသာချက်များ

တပတ်လေးရက်အလုပ်လုပ်တာရဲ့ အားသာချက်တခုကတော့ ကုန်ထုတ်စွမ်းအားတိုးစေတာပါ။လူတယောက်က အလုပ်ကောင်းကောင်းလုပ်ဖို့အတွက်အားလပ်ရက်ကောင်းကောင်းရှိဖို့လိုပါတယ်။ အရင်က လုပ်ငန်းခွင်တွေကတပတ်ကိုတရက်နားရက်ပေးတာကနေ တပတ်ကိုနှစ်ရက် နားရက်ပေးပါတယ်။နောက်ဆုံးမှာတော့ တပတ်ကိုသုံးရက်နားရက်ပေးလာကြပါတယ်။အကြောင်းပြချက်တွေကတော့ ဝန် ထမ်းတွေရဲ့ ကုန်ထုတ်စွမ်းအားတွေ၊စိတ်အားတက်ကြွမှုတွေရဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။နောက်တချက်ကတော့ Facility ကုန်ကျစရိတ်ကို လျှော့ချပေးတာပါ။ လုပ်ငန်းခွင်မှာရက်များလေလေ ကုန်ကျစရိတ်များလေလေပါ။ အလုပ်တက်ရက်နည်းသွားတဲ့အတွက်အဲဒီကုန် ကျစရိတ်ကို ချွေတာရာရောက်ပါတယ်။ ဥပမာ မီတာခသက်သာသွားမယ်။ကော်ဖီဖိုးအပါအဝင် စားသောက်စရိတ်သက်သာသွားမယ်။ သန့်ရှင်းရေးခသက်သာသွားမယ်။ခရီးသွားလ စရိတ်သက်သာသွားမယ်။ တခြားကုန်ကျစရိတ်တွေလည်း ဒီအတိုင်းပါပဲ။အလုပ်တက်ရတဲ့ရက်နည်းလေလေ ဒီကုန်ကျစရိတ်တွေက ပိုမိုသက်သာလေပါပဲ။နောက်ထပ်အားသာချက်တခုကတော့ ဝန်ထမ်းတွေရဲ့ စိတ်ကိုမြှင့်တင်ပေးနိုင်တာပါ။အလုပ်ပိတ်ရက်များများရတဲ့ ဝန်ထမ်းနဲ့အလုပ်ပိတ်ရက်နည်းနည်းရတဲ့ ဝန်ထမ်း ဘယ်သူကစိတ်အားထက်သန်မှု၊ စိတ် ဓာတ်တက်ကြွမှု ပိုများမလဲဆိုတာ သင်ခန့်မှန်းမိပါသလား။ဟုတ်ပါတယ်။ အလုပ်ပိတ်ရက်များများရတဲ့ဝန်ထမ်းက ပျော်ရွှင်မှုတွေ၊ စိတ် ကျေနပ်မှုတွေ၊တက်ကြွမှုတွေအပြည့်နဲ့ အလုပ်ကိုလာနိုင်ပါတယ်။

အားနည်းချက်များ

တပတ်လေးရက်လုပ်ငန်းခွင်က လုပ်ငန်းအားလုံးနဲ့တော့ တွက်ချေမကိုက်ပါဘူး။တချို့အလုပ်တွေလည်း ဒီလေးရက်ပိတ်တာကိုစမ်းသပ်ပြီးတဲ့နောက်မှာတွက်ချေမကိုက်တဲ့အတွက် ဖျက်သိမ်းလိုက်ရတာတွေရှိပါတယ်။ ဒီအချက်ကတော့လုပ်ငန်းသဘောသဘာဝနဲ့အများကြီးသက်ဆိုင်နေပါတယ်။လစာကိုလျှော့ချလိုက်တာမဟုတ်ဘဲ အလုပ်ချိန်ကိုလျှော့ချလိုက်ရတာကြောင့်တချို့အလုပ်တွေက ဝန်ထမ်းတွေပိုများများခန့်ထားလာရပါတယ်။ အဲဒီကုန်ကျစရိတ်တွေကရရှိမယ့်အမြတ်တွေကို ထိခိုက်လာစေနိုင်ပါတယ်။

ကာစတန်မာတွေစိတ်ကျေနပ်မှုမရရှိတာ

ဒီအချက်ကလည်းထည့်သွင်းစဉ်းစားရမယ့်အချက်ဖြစ်ပါတယ်။ ကိုယ့်ရဲ့အလုပ်ကဝန်ဆောင်မှုပေးရတဲ့အလုပ်ဖြစ်နေရင် ပိုဂရုစိုက်ရပါမယ်။ ဝန်ထမ်းအားလုံးကို တပြိုင်နက်ပိတ်ရက်ပေးလိုက်တာ ပုံမှန်ကာစတန်မာတွေအတွက် အခက်တွေ့စေနိုင်ပါတယ်။ ဥပမာသောကြာ နေ့လိုမျိုးမှာ လာတတ်တဲ့ ကာစမာတွေ အဆင်မပြေတာမျိုးဖြစ်နိုင်ပါတယ်။ဒါကြောင့် ဒီနေရာမှာ ဝန်ထမ်းတွေကို ပုံမှန်ပိတ်ရက်မျိုးမ ဟုတ်ဘဲ အဆိုင်းနဲ့အလှည့်ကျနားစေတာမျိုးဆိုရင်တော့ ပိုပြီးအဆင်ပြေနိုင်ပါလိမ့်ပါမယ်။

အလုပ်ချိန်ကိုဖိသိပ်ထည့်လာတာ

ပုံမှန်တပတ်နှစ်ရက်နားအလုပ်တွေက တနေ့အလုပ်ချိန် ၈နာရီဆိုရင် တပတ်ငါးရက်မှာနာရီပေါင်း ၄၀ အလုပ်လုပ်ရပါတယ်။ အဲဒီနာရီလေးဆယ်ကို ၄ရက်အတွင်းပြည့်မီအောင်လုပ်ရတာက တနေ့ကိုအလုပ်ချိန် ၁၀နာရီဖြစ်သွားစေပါတယ်။ဒီလိုမျိုးဆိုရင်လည်း ဝန်ထမ်းတွေအတွက် ပင်ပန်းနွမ်းနယ်မှုတွေနဲ့အတူစိတ်ဖိစီးလာစေနိုင်ပါတယ်။

ဒီအချက်တွေကတော့ တပတ်ကို လေးရက်အလုပ်လုပ်ရခြင်းရဲ့ အားသာချက်အားနည်းချက်တွေပဲဖြစ်ပါတယ်။ ကိုယ့်ရဲ့အလုပ်သဘော သဘာဝအပေါ်မှာမူတည်ပြီးခေါင်းဆောင်တွေအနေနဲ့ စဉ်းစားဆုံးဖြတ်လို့ရပါတယ်။

MYit

zawgyi

ႏိုင္ငံတကာလုပ္ငန္းခြင္တခ်ိဳ႕မွာ တပတ္ေလးရက္နဲ႔ အလုပ္ခြင္ေတြစတင္လာၾကပါတယ္။အဲဒီတပတ္ေလးရက္နဲ႔ လုပ္ငန္းခြင္ေတြရဲ႕ အားသာခ်က္နဲ႔ အားနည္းခ်က္ေတြကဘာေတြမ်ားျဖစ္မလဲ။ ဒီအခ်က္ေတြကို ဒီေန႔မွာ မွ်ေဝေပးသြားခ်င္ပါတယ္။

အားသာခ်က္မ်ား

တပတ္ေလးရက္အလုပ္လုပ္တာရဲ႕ အားသာခ်က္တခုကေတာ့ ကုန္ထုတ္စြမ္းအားတိုးေစတာပါ။လူတေယာက္က အလုပ္ေကာင္းေကာင္းလုပ္ဖို႔အတြက္အားလပ္ရက္ေကာင္းေကာင္းရွိဖို႔လိုပါတယ္။ အရင္က လုပ္ငန္းခြင္ေတြကတပတ္ကိုတရက္နားရက္ေပးတာကေန တပတ္ကိုႏွစ္ရက္ နားရက္ေပးပါတယ္။ေနာက္ဆုံးမွာေတာ့ တပတ္ကိုသုံးရက္နားရက္ေပးလာၾကပါတယ္။အေၾကာင္းျပခ်က္ေတြကေတာ့ ဝန္ ထမ္းေတြရဲ႕ ကုန္ထုတ္စြမ္းအားေတြ၊စိတ္အားတက္ႂကြမႈေတြရဖို႔ဆိုတဲ့ ရည္႐ြယ္ခ်က္နဲ႔ပါ။ေနာက္တခ်က္ကေတာ့ Facility ကုန္က်စရိတ္ကို ေလွ်ာ့ခ်ေပးတာပါ။ လုပ္ငန္းခြင္မွာရက္မ်ားေလေလ ကုန္က်စရိတ္မ်ားေလေလပါ။ အလုပ္တက္ရက္နည္းသြားတဲ့အတြက္အဲဒီကုန္ က်စရိတ္ကို ေခြၽတာရာေရာက္ပါတယ္။ ဥပမာ မီတာခသက္သာသြားမယ္။ေကာ္ဖီဖိုးအပါအဝင္ စားေသာက္စရိတ္သက္သာသြားမယ္။ သန႔္ရွင္းေရးခသက္သာသြားမယ္။ခရီးသြားလ စရိတ္သက္သာသြားမယ္။ တျခားကုန္က်စရိတ္ေတြလည္း ဒီအတိုင္းပါပဲ။အလုပ္တက္ရတဲ့ရက္နည္းေလေလ ဒီကုန္က်စရိတ္ေတြက ပိုမိုသက္သာေလပါပဲ။ေနာက္ထပ္အားသာခ်က္တခုကေတာ့ ဝန္ထမ္းေတြရဲ႕ စိတ္ကိုျမႇင့္တင္ေပးႏိုင္တာပါ။အလုပ္ပိတ္ရက္မ်ားမ်ားရတဲ့ ဝန္ထမ္းနဲ႔အလုပ္ပိတ္ရက္နည္းနည္းရတဲ့ ဝန္ထမ္း ဘယ္သူကစိတ္အားထက္သန္မႈ၊ စိတ္ ဓာတ္တက္ႂကြမႈ ပိုမ်ားမလဲဆိုတာ သင္ခန႔္မွန္းမိပါသလား။ဟုတ္ပါတယ္။ အလုပ္ပိတ္ရက္မ်ားမ်ားရတဲ့ဝန္ထမ္းက ေပ်ာ္႐ႊင္မႈေတြ၊ စိတ္ ေက်နပ္မႈေတြ၊တက္ႂကြမႈေတြအျပည့္နဲ႔ အလုပ္ကိုလာႏိုင္ပါတယ္။

အားနည္းခ်က္မ်ား

တပတ္ေလးရက္လုပ္ငန္းခြင္က လုပ္ငန္းအားလုံးနဲ႔ေတာ့ တြက္ေခ်မကိုက္ပါဘူး။တခ်ိဳ႕အလုပ္ေတြလည္း ဒီေလးရက္ပိတ္တာကိုစမ္းသပ္ၿပီးတဲ့ေနာက္မွာတြက္ေခ်မကိုက္တဲ့အတြက္ ဖ်က္သိမ္းလိုက္ရတာေတြရွိပါတယ္။ ဒီအခ်က္ကေတာ့လုပ္ငန္းသေဘာသဘာဝနဲ႔အမ်ားႀကီးသက္ဆိုင္ေနပါတယ္။လစာကိုေလွ်ာ့ခ်လိုက္တာမဟုတ္ဘဲ အလုပ္ခ်ိန္ကိုေလွ်ာ့ခ်လိုက္ရတာေၾကာင့္တခ်ိဳ႕အလုပ္ေတြက ဝန္ထမ္းေတြပိုမ်ားမ်ားခန႔္ထားလာရပါတယ္။ အဲဒီကုန္က်စရိတ္ေတြကရရွိမယ့္အျမတ္ေတြကို ထိခိုက္လာေစႏိုင္ပါတယ္။

ကာစတန္မာေတြစိတ္ေက်နပ္မႈမရရွိတာ

ဒီအခ်က္ကလည္းထည့္သြင္းစဥ္းစားရမယ့္အခ်က္ျဖစ္ပါတယ္။ ကိုယ့္ရဲ႕အလုပ္ကဝန္ေဆာင္မႈေပးရတဲ့အလုပ္ျဖစ္ေနရင္ ပိုဂ႐ုစိုက္ရပါမယ္။ ဝန္ထမ္းအားလုံးကို တၿပိဳင္နက္ပိတ္ရက္ေပးလိုက္တာ ပုံမွန္ကာစတန္မာေတြအတြက္ အခက္ေတြ႕ေစႏိုင္ပါတယ္။ ဥပမာေသာၾကာ ေန႔လိုမ်ိဳးမွာ လာတတ္တဲ့ ကာစမာေတြ အဆင္မေျပတာမ်ိဳးျဖစ္ႏိုင္ပါတယ္။ဒါေၾကာင့္ ဒီေနရာမွာ ဝန္ထမ္းေတြကို ပုံမွန္ပိတ္ရက္မ်ိဳးမ ဟုတ္ဘဲ အဆိုင္းနဲ႔အလွည့္က်နားေစတာမ်ိဳးဆိုရင္ေတာ့ ပိုၿပီးအဆင္ေျပႏိုင္ပါလိမ့္ပါမယ္။

အလုပ္ခ်ိန္ကိုဖိသိပ္ထည့္လာတာ

ပုံမွန္တပတ္ႏွစ္ရက္နားအလုပ္ေတြက တေန႔အလုပ္ခ်ိန္ ၈နာရီဆိုရင္ တပတ္ငါးရက္မွာနာရီေပါင္း ၄၀ အလုပ္လုပ္ရပါတယ္။ အဲဒီနာရီေလးဆယ္ကို ၄ရက္အတြင္းျပည့္မီေအာင္လုပ္ရတာက တေန႔ကိုအလုပ္ခ်ိန္ ၁၀နာရီျဖစ္သြားေစပါတယ္။ဒီလိုမ်ိဳးဆိုရင္လည္း ဝန္ထမ္းေတြအတြက္ ပင္ပန္းႏြမ္းနယ္မႈေတြနဲ႔အတူစိတ္ဖိစီးလာေစႏိုင္ပါတယ္။

ဒီအခ်က္ေတြကေတာ့ တပတ္ကို ေလးရက္အလုပ္လုပ္ရျခင္းရဲ႕ အားသာခ်က္အားနည္းခ်က္ေတြပဲျဖစ္ပါတယ္။ ကိုယ့္ရဲ႕အလုပ္သေဘာ သဘာဝအေပၚမွာမူတည္ၿပီးေခါင္းေဆာင္ေတြအေနနဲ႔ စဥ္းစားဆုံးျဖတ္လို႔ရပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*