လုပ်ငန်းခွင်မှာ သာတူညီမျှမှုဆိုတာဘာလဲ

လုပ်ငန်းခွင်မှာ သာတူညီမျှမှုရှိဖို့ဆိုတဲ့စကားက အားလုံးပြောဆိုနေကြပါတယ်။ ဒါပေမဲ့ဒါရဲ့အဓိပ္ပာယ်ကို သင်ဘယ်လိုနားလည်ထားပါသလဲ။လုပ်ငန်းခွင်တွင် သာတူညီမျှမှုဆိုတာက ဝန်ထမ်းအားလုံးကို သူတို့ရဲ့တဦးချင်းလိုအပ်ချက်အပေါ် အခြေခံပြီး တရားမျှတပြီး တန်း တူညီမျှအခွင့်အရေးများပေးဆောင်တာဖြစ်ပါတယ်။ ဝန်ထမ်းများအားလုံး တူညီတဲ့အခွင့်အလမ်းများ၊အရင်းအမြစ်များနဲ့ လုပ်ဆောင်မှုများကို လက်လှမ်းမီစေရန် သေချာစေတာပဲဖြစ်ပါတယ်။သာတူညီမျှမှုဆိုတာမှာ ဝန်ထမ်းများကို သူတို့ရဲ့ စရိုက်လက္ခဏာများထက် လုပ် ငန်းခွင်မှာသူတို့ရဲ့ ကျွမ်းကျင်မှု၊ အသိပညာနဲ့ စွမ်းများအပေါ်အခြေခံပြီး တန်ဖိုးထားတာဖြစ်ပါတယ်။လုပ်ငန်းခွင်သာတူညီမျှမှုက ဝန်ထမ်းများရဲ့စွမ်းဆောင်ရည်ကို သက်ရောက်မှုရှိတဲ့ သွယ်ဝိုက်တဲ့ဘက်လိုက်မှုများကို ဖယ်ရှားပစ်နိုင်ပါတယ်။

တန်းတူညီမျှမှုနဲ့ သာတူညီမျှမှု ကွာခြားချက်

တန်းတူညီမျှမှုနဲ့ သာတူညီမျှမှုတို့က တူညီတဲ့ သဘောတရားများ ဖြစ်ပေမဲ့ တူညီခြင်းမရှိပါဘူး။လုပ်ငန်းခွင် တန်းတူညီမျှမှုဆိုတာဝန်ထမ်း တိုင်း တူညီတဲ့ အရင်းအမြစ်များကိုရရှိခြင်းဖြစ်သည်။ လုပ်ငန်းခွင်တွင် သာတူညီမျှမှုဆိုတာက ဝန်ထမ်းများအားလုံးသူတို့ရဲ့ထူးခြားချက်များ၊ လိုအပ်ချက်များနဲ့အညီ အောင်မြင်ဖို့အတွက် လိုအပ်တဲ့သီးခြားအရင်းအမြစ်များကို ရရှိခြင်းဖြစ်ပါတယ်။လုပ်ငန်းခွင်တွင် သာတူညီ မျှမှု နမူနာများကို အနည်းငယ်ဖော်ပြပေးချင်ပါတယ်။

ဥပမာတခုကတော့ ဘွဲ့များမဟုတ်ဘဲ ကျွမ်းကျင်မှုအတွက်ငှားရမ်းတာမျိုးပါ။သူတို့ရဲ့အရည်အချင်းကို ကျွမ်းကျင်မှုနဲ့သက်သေပြနိုင်မယ်ဆိုရင်ဘွဲ့တွေမပိုင်ဆိုင်ထားရင်တောင် ငှားရမ်းတာမျိုးပါ။ ဒါက လုပ်ငန်းခွင်သာတူညီမျှမှုပါ။နောက်တချက်ကတော့ မသန်းစွမ်းသူများကိုလည်း အလုပ်ခန့်ခြင်းပါ။ သူတို့ရဲ့ကျွမ်းကျင်မှုကိုပဲကြည့်ပြီး လုပ်ငန်းခွင်မှာ သာတူညီမျှမှုကိုဦးစားပေးတာပါ။လုပ်ငန်းခွင်ရှိ သာတူညီမျှမှုပုံစံက လူတစ်ဦးနဲ့တစ်ဦး၊ ကုမ္ပဏီတစ်ခုနဲ့တစ်ခု ကွဲပြားပါတယ်။အားလုံးမှာ မတူညီမှုတွေရှိကြပြီး မတူညီတဲ့လိုအပ်ချက်တွေရှိကြပါတယ်။သာတူညီမျှလုပ်ငန်းခွင်ကိုဖော်ဆောင်လိုတဲ့ လုပ်ငန်းရှင်တွေကအဲဒီလိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်ကြပါတယ်။

MYit

zawgyi

လုပ္ငန္းခြင္မွာ သာတူညီမွ်မႈရွိဖို႔ဆိုတဲ့စကားက အားလုံးေျပာဆိုေနၾကပါတယ္။ ဒါေပမဲ့ဒါရဲ႕အဓိပၸာယ္ကို သင္ဘယ္လိုနားလည္ထားပါသလဲ။လုပ္ငန္းခြင္တြင္ သာတူညီမွ်မႈဆိုတာက ဝန္ထမ္းအားလုံးကို သူတို႔ရဲ႕တဦးခ်င္းလိုအပ္ခ်က္အေပၚ အေျခခံၿပီး တရားမွ်တၿပီး တန္း တူညီမွ်အခြင့္အေရးမ်ားေပးေဆာင္တာျဖစ္ပါတယ္။ ဝန္ထမ္းမ်ားအားလုံး တူညီတဲ့အခြင့္အလမ္းမ်ား၊အရင္းအျမစ္မ်ားနဲ႔ လုပ္ေဆာင္မႈမ်ားကို လက္လွမ္းမီေစရန္ ေသခ်ာေစတာပဲျဖစ္ပါတယ္။သာတူညီမွ်မႈဆိုတာမွာ ဝန္ထမ္းမ်ားကို သူတို႔ရဲ႕ စ႐ိုက္လကၡဏာမ်ားထက္ လုပ္ ငန္းခြင္မွာသူတို႔ရဲ႕ ကြၽမ္းက်င္မႈ၊ အသိပညာနဲ႔ စြမ္းမ်ားအေပၚအေျခခံၿပီး တန္ဖိုးထားတာျဖစ္ပါတယ္။လုပ္ငန္းခြင္သာတူညီမွ်မႈက ဝန္ထမ္းမ်ားရဲ႕စြမ္းေဆာင္ရည္ကို သက္ေရာက္မႈရွိတဲ့ သြယ္ဝိုက္တဲ့ဘက္လိုက္မႈမ်ားကို ဖယ္ရွားပစ္ႏိုင္ပါတယ္။

တန္းတူညီမွ်မႈနဲ႔ သာတူညီမွ်မႈ ကြာျခားခ်က္

တန္းတူညီမွ်မႈနဲ႔ သာတူညီမွ်မႈတို႔က တူညီတဲ့ သေဘာတရားမ်ား ျဖစ္ေပမဲ့ တူညီျခင္းမရွိပါဘူး။လုပ္ငန္းခြင္ တန္းတူညီမွ်မႈဆိုတာဝန္ထမ္း တိုင္း တူညီတဲ့ အရင္းအျမစ္မ်ားကိုရရွိျခင္းျဖစ္သည္။ လုပ္ငန္းခြင္တြင္ သာတူညီမွ်မႈဆိုတာက ဝန္ထမ္းမ်ားအားလုံးသူတို႔ရဲ႕ထူးျခားခ်က္မ်ား၊ လိုအပ္ခ်က္မ်ားနဲ႔အညီ ေအာင္ျမင္ဖို႔အတြက္ လိုအပ္တဲ့သီးျခားအရင္းအျမစ္မ်ားကို ရရွိျခင္းျဖစ္ပါတယ္။လုပ္ငန္းခြင္တြင္ သာတူညီ မွ်မႈ နမူနာမ်ားကို အနည္းငယ္ေဖာ္ျပေပးခ်င္ပါတယ္။

ဥပမာတခုကေတာ့ ဘြဲ႕မ်ားမဟုတ္ဘဲ ကြၽမ္းက်င္မႈအတြက္ငွားရမ္းတာမ်ိဳးပါ။သူတို႔ရဲ႕အရည္အခ်င္းကို ကြၽမ္းက်င္မႈနဲ႔သက္ေသျပႏိုင္မယ္ဆိုရင္ဘြဲ႕ေတြမပိုင္ဆိုင္ထားရင္ေတာင္ ငွားရမ္းတာမ်ိဳးပါ။ ဒါက လုပ္ငန္းခြင္သာတူညီမွ်မႈပါ။ေနာက္တခ်က္ကေတာ့ မသန္းစြမ္းသူမ်ားကိုလည္း အလုပ္ခန႔္ျခင္းပါ။ သူတို႔ရဲ႕ကြၽမ္းက်င္မႈကိုပဲၾကည့္ၿပီး လုပ္ငန္းခြင္မွာ သာတူညီမွ်မႈကိုဦးစားေပးတာပါ။လုပ္ငန္းခြင္ရွိ သာတူညီမွ်မႈပုံစံက လူတစ္ဦးနဲ႔တစ္ဦး၊ ကုမၸဏီတစ္ခုနဲ႔တစ္ခု ကြဲျပားပါတယ္။အားလုံးမွာ မတူညီမႈေတြရွိၾကၿပီး မတူညီတဲ့လိုအပ္ခ်က္ေတြရွိၾကပါတယ္။သာတူညီမွ်လုပ္ငန္းခြင္ကိုေဖာ္ေဆာင္လိုတဲ့ လုပ္ငန္းရွင္ေတြကအဲဒီလိုအပ္ခ်က္ေတြကိုျဖည့္ဆည္းေပးႏိုင္ၾကပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*