Homicide မင်းသားကြီး Andre Braugher ကွယ်လွန်ပြီ

Brooklyn Nine-Nine ရဲ့သရုပ်ဆောင်မင်းသားတစ်ယောက်ဖြစ်တဲ့ Andre Braugher ဟာ ဒီဇင်ဘာလ ၁၁ ရက်နေ့ကကွယ်လွန်သွားပြီလို့သိရပါတယ်။ သေဆုံးချိန်မှာသူဟာ အသက် ၆၁ နှစ်ရှိပြီဖြစ်ပြီးသေဆုံးရတဲ့အကြောင်းအရင်းကိုတော့ အတိအကျမသိရသေးပါဘူး။
သရုပ်ဆောင်ပညာတော်တဲ့ Andre Braugher ဟာ Emmy Awards နှစ်ဆုပိုင်ဆိုင်နိုင်ခဲ့ပြီးတခြားသောထူးချွန်ဆုတွေရဲ့ ဆန်ခါတင်စာ ရင်းမှာလည်း အကြိမ်များစွာပါဝင်ခဲ့သူဖြစ်ပါတယ်။

Brooklyn Nine-Nine ဟာသူ့ရဲ့အအောင်မြင်ဆုံးဇာတ်လမ်းတွဲတစ်ခုဖြစ်ပြီး Homicide ၊ Thief စတဲ့ဇာတ်လမ်းတွဲတွေနဲ့ Emmy Awards ကိုပိုင်ဆိုင်နိုင်ခဲ့တာဖြစ်ပါတယ်။သူမသေဆုံးခင်မှာ Netflix ရဲ့ ဇာတ်လမ်းတွဲ ‘The Residence’ အတွက်သူပါဝင်တဲ့ဇာတ်ဝင်ခန်းတော်တော်များများကိုရိုက်ကူးပြီးစီးထားတယ်လို့သိရပါတယ်။သူသေဆုံးသွားတဲ့အတွက်‘The Residence’ ဇာတ်လမ်းတွဲကိုဘယ် လိုဆက်လက်လုပ်ဆောင်မယ်ဆိုတာကိုတော့မသိရသေးပါဘူး။ Andre Braugher မှာ ဇနီးနဲ့သားသုံးယောက်ကျန်ရစ်ခဲ့တယ်လို့သိရပါတယ်။

Ju Ju

zawgyi



Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*