အလုပ်ကရပ်စဲခံရခြင်းရဲ့ အကြောင်းအရင်း (၄)ခု

အလုပ်ကိုလက်လွှတ်လိုက်ရတာ အလုပ်ကရပ်စဲခံရတာဘယ်လိုပဲဖြစ်ဖြစ်ဒါကအကြောင်းအရင်းတွေရှိနေတတ်ပါတယ်။ တည်ငြိမ်တဲ့
အသက်မွေးဝမ်းကြောင်းတခုတည်ဆောက်တာရဲ့ ပထမခြေလှမ်းကတော့ပရော်ဖက်ရှင်မပြေလည်မှုများရဲ့ အရင်းအမြစ်ကို ရှာဖွေဖော် ထုတ်တာပါပဲ။ပြဿနာရဲ့အရင်းအမြစ်က ဘာပါလဲ။ အလုပ်ပြုတ်တာကဒီအကြောင်းအရင်းတွေကြောင့်ဖြစ်နိုင်ပါတယ်။

လုပ်ငန်းစွမ်းဆောင်ရည်

ဒီအချက်ကတော့ အလုပ်ပြုတ်ရခြင်း၊ အလုပ်ကရပ်စဲခံရခြင်းရဲ့ပထမအဓိကကျတဲ့အချက်ဖြစ်ပါတယ်။ ကိုယ်ကအလုပ်မှာ သတ်မှတ်တာဝန်များကိုမပြီးမြောက်ဘူးလား။ ဒါက ကိုယ့်ရဲ့လုပ်ငန်းစွမ်းဆောင်ရည်နဲ့ပတ်သက်ပြီးမေးခွန်းထုတ်စရာဖြစ်နေပါတယ်။ ဒီအချက်ကြောင့် အလုပ်မှာသင့်ရဲ့ဂုဏ်သတင်းကိုထိခိုက်စေနိုင်ပြီး တိုးတက်စေဖို့ အခွင့်အလမ်းနည်းပါးစေနိုင်ပါတယ်။ဒီအချက်ကြောင့်ပဲ သင့်ရဲ့ လုပ်ငန်းခွင်လမ်းကြောင်းကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။

စိတ်ပိုင်းဆိုင်ရာ (သို့) ရုပ်ပိုင်းဆိုင်ရာ သုခချမ်းသာ

အလုပ်ထဲကို ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာပြဿနာတွေ ယူဆောင်သွားလေ့ရှိပါသလား။ဒီအချက်တွေကြောင့် အလုပ်မှာအာရုံစိုက်ဖို့ခက်ခဲတာ၊ နေ့စဉ်ပင်ပန်းနွမ်းနယ်နေတာ၊စိတ်ဖိစီးလာတာတွေကြောင့် အလုပ်မပြီးမြောက်တာ၊ အလုပ်မှာပြဿနာတွေဖြစ်ပေါ်လာစေပါတယ်။
ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကလည်းလူတဦးချင်းစီအတွက်အဓိကကျပါတယ်။ မိမိကိုယ်ကိုယ်စောင့်ရှောက်ပြီးအလုပ်မှာအကောင်းဆုံးဖြစ်ဖို့ ကြိုးစားသင့်ပါတယ်။ ဒါမှသာ ပါဆင်နယ်ဘဝမှာရော၊ပရော်ဖက်ရှင်နယ်ဘဝမှာပါ အဆင်ပြေပြေရှိနေနိုင်မှာဖြစ်ပါတယ်။

အဆင်မပြေမှု (သို့) အတွေ့အကြုံမရှိတာ

အလုပ်မှာ စွန့်စားမှုယူရတာက ရှောင်လွှဲလို့မရနိုင်ပါဘူး။ ဒါပေမဲ့ အဲဒီလိုစွန့်စားမှုယူဖို့ကိုယ့်မှာအတွေ့အကြုံတွေ၊ ကျွမ်းကျင်မှုတွေလိုအပ်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ ပိုကြီးမားတဲ့စွန့်စားမှုတခုကို အဆက်မပြတ်တွန်းအားပေးနေတာက ကိုယ့်ကိုယ်ကိုယ်အခက်တွေ့အောင်လုပ်နေသလိုပါပဲ။ အလုပ်မှာလည်း ဒီသဘောပါပဲ။ ကိုယ်နဲ့ထိုက်တန်တဲ့နေရာဖြစ်ဖို့ လိုပါတယ်။ဒီနေရာက ကိုယ်နဲ့အဆင်ပြေတဲ့နေရာလား၊ ကိုယ်နဲ့ကိုက်ညီတဲ့နေရာလားဆိုတာကိုဝေဖန်ဆန်းစစ်ဖို့လိုပါတယ်။

မှားယွင်းတဲ့ အလုပ်ပတ်ဝန်းကျင်

လိုက်လျောညီထွေရှိမှုကလည်း ဝန်ထမ်းများရဲ့ Soft skills တွေဖြစ်ပါတယ်။မင်းရဲ့လိုအပ်ချက်တွေက ဘယ်လိုပဲဖြစ်နေဖြစ်နေ အလုပ်စွမ်းဆောင်ရည်က မလိုက်နိုင်ဘူးရင်အလုပ်ခွင်မှာ ဒုက္ခတွေ့နိုင်ပါတယ်။ အကျိုးဆက်အနေနဲ့ မန်နေဂျာများကလည်းအဲဒီနေရာနဲ့ကိုက်ညီမယ့်လူကို ရှာဖွေကြပါလိမ့်မယ်။ဒါကြောင့် လုပ်ငန်းခွင်မှာ ဒီလိုအချက်တွေကကိုယ့်ကိုအားနည်းစေတဲ့အချက်တွေဖြစ်စေတယ်ဆိုတာကို သတိပြုပြီး ဂရုပြုသင့်ပါတယ်။

MYit

zawgyi

အလုပ္ကိုလက္လႊတ္လိုက္ရတာ အလုပ္ကရပ္စဲခံရတာဘယ္လိုပဲျဖစ္ျဖစ္ဒါကအေၾကာင္းအရင္းေတြရွိေနတတ္ပါတယ္။ တည္ၿငိမ္တဲ့
အသက္ေမြးဝမ္းေၾကာင္းတခုတည္ေဆာက္တာရဲ႕ ပထမေျခလွမ္းကေတာ့ပေရာ္ဖက္ရွင္မေျပလည္မႈမ်ားရဲ႕ အရင္းအျမစ္ကို ရွာေဖြေဖာ္ ထုတ္တာပါပဲ။ျပႆနာရဲ႕အရင္းအျမစ္က ဘာပါလဲ။ အလုပ္ျပဳတ္တာကဒီအေၾကာင္းအရင္းေတြေၾကာင့္ျဖစ္ႏိုင္ပါတယ္။

လုပ္ငန္းစြမ္းေဆာင္ရည္

ဒီအခ်က္ကေတာ့ အလုပ္ျပဳတ္ရျခင္း၊ အလုပ္ကရပ္စဲခံရျခင္းရဲ႕ပထမအဓိကက်တဲ့အခ်က္ျဖစ္ပါတယ္။ ကိုယ္ကအလုပ္မွာ သတ္မွတ္တာဝန္မ်ားကိုမၿပီးေျမာက္ဘူးလား။ ဒါက ကိုယ့္ရဲ႕လုပ္ငန္းစြမ္းေဆာင္ရည္နဲ႔ပတ္သက္ၿပီးေမးခြန္းထုတ္စရာျဖစ္ေနပါတယ္။ ဒီအခ်က္ေၾကာင့္ အလုပ္မွာသင့္ရဲ႕ဂုဏ္သတင္းကိုထိခိုက္ေစႏိုင္ၿပီး တိုးတက္ေစဖို႔ အခြင့္အလမ္းနည္းပါးေစႏိုင္ပါတယ္။ဒီအခ်က္ေၾကာင့္ပဲ သင့္ရဲ႕ လုပ္ငန္းခြင္လမ္းေၾကာင္းကို အေႏွာင့္အယွက္ျဖစ္ေစႏိုင္ပါတယ္။

စိတ္ပိုင္းဆိုင္ရာ (သို႔) ႐ုပ္ပိုင္းဆိုင္ရာ သုခခ်မ္းသာ

အလုပ္ထဲကို ကိုယ့္ရဲ႕ကိုယ္ေရးကိုယ္တာျပႆနာေတြ ယူေဆာင္သြားေလ့ရွိပါသလား။ဒီအခ်က္ေတြေၾကာင့္ အလုပ္မွာအာ႐ုံစိုက္ဖို႔ခက္ခဲတာ၊ ေန႔စဥ္ပင္ပန္းႏြမ္းနယ္ေနတာ၊စိတ္ဖိစီးလာတာေတြေၾကာင့္ အလုပ္မၿပီးေျမာက္တာ၊ အလုပ္မွာျပႆနာေတြျဖစ္ေပၚလာေစပါတယ္။
႐ုပ္ပိုင္းဆိုင္ရာ၊ စိတ္ပိုင္းဆိုင္ရာ က်န္းမာေရးကလည္းလူတဦးခ်င္းစီအတြက္အဓိကက်ပါတယ္။ မိမိကိုယ္ကိုယ္ေစာင့္ေရွာက္ၿပီးအလုပ္မွာအေကာင္းဆုံးျဖစ္ဖို႔ ႀကိဳးစားသင့္ပါတယ္။ ဒါမွသာ ပါဆင္နယ္ဘဝမွာေရာ၊ပေရာ္ဖက္ရွင္နယ္ဘဝမွာပါ အဆင္ေျပေျပရွိေနႏိုင္မွာျဖစ္ပါတယ္။

အဆင္မေျပမႈ (သို႔) အေတြ႕အႀကဳံမရွိတာ

အလုပ္မွာ စြန႔္စားမႈယူရတာက ေရွာင္လႊဲလို႔မရႏိုင္ပါဘူး။ ဒါေပမဲ့ အဲဒီလိုစြန႔္စားမႈယူဖို႔ကိုယ့္မွာအေတြ႕အႀကဳံေတြ၊ ကြၽမ္းက်င္မႈေတြလိုအပ္ပါတယ္။ ဒီလိုမွမဟုတ္ဘဲ ပိုႀကီးမားတဲ့စြန႔္စားမႈတခုကို အဆက္မျပတ္တြန္းအားေပးေနတာက ကိုယ့္ကိုယ္ကိုယ္အခက္ေတြ႕ေအာင္လုပ္ေနသလိုပါပဲ။ အလုပ္မွာလည္း ဒီသေဘာပါပဲ။ ကိုယ္နဲ႔ထိုက္တန္တဲ့ေနရာျဖစ္ဖို႔ လိုပါတယ္။ဒီေနရာက ကိုယ္နဲ႔အဆင္ေျပတဲ့ေနရာလား၊ ကိုယ္နဲ႔ကိုက္ညီတဲ့ေနရာလားဆိုတာကိုေဝဖန္ဆန္းစစ္ဖို႔လိုပါတယ္။

မွားယြင္းတဲ့ အလုပ္ပတ္ဝန္းက်င္

လိုက္ေလ်ာညီေထြရွိမႈကလည္း ဝန္ထမ္းမ်ားရဲ႕ Soft skills ေတြျဖစ္ပါတယ္။မင္းရဲ႕လိုအပ္ခ်က္ေတြက ဘယ္လိုပဲျဖစ္ေနျဖစ္ေန အလုပ္စြမ္းေဆာင္ရည္က မလိုက္ႏိုင္ဘူးရင္အလုပ္ခြင္မွာ ဒုကၡေတြ႕ႏိုင္ပါတယ္။ အက်ိဳးဆက္အေနနဲ႔ မန္ေနဂ်ာမ်ားကလည္းအဲဒီေနရာနဲ႔ကိုက္ညီမယ့္လူကို ရွာေဖြၾကပါလိမ့္မယ္။ဒါေၾကာင့္ လုပ္ငန္းခြင္မွာ ဒီလိုအခ်က္ေတြကကိုယ့္ကိုအားနည္းေစတဲ့အခ်က္ေတြျဖစ္ေစတယ္ဆိုတာကို သတိျပဳၿပီး ဂ႐ုျပဳသင့္ပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*