IQ အမြင့်ဆုံး ရာသီခွင် (၄) ခု

တချို့ရာခွင်တွေက တခြားသူတွေထက် ဉာဏ်ရည်ထက်မြက်ကြပါတယ်။ သူတို့ရဲ့ IQ ကတခြားသူများထက်သာတယ်လို့ ‌ဗေဒင်လက္ခဏာတွေအရ သိရပါတယ်။

Aquarius
အမြော်အမြင်ရှိတဲ့ ပါရမီရှင်တွေလို့ Aquarius တွေကိုခေါ်ဆိုကြပါတယ်။ သူတို့ရဲ့ဆန်းသစ်တဲ့တွေးခေါ်မှုနဲ့ ဉာဏ်ပညာကြောင့် လူသိများပါတယ်။ သူတို့က ထက်မြက်တဲ့ဉာဏ်ရည်ဉာဏ်သွေးနဲ့ သမားရိုးကျမဟုတ်တဲ့ စိတ်ကူးစိတ်သန်းများကိုပိုင်ဆိုင်ထားကြပါတယ်။ခွဲခြမ်းစိပ်ဖြာစိတ်များနဲ့ တိုးတက်တဲ့အမြင်များကြောင့် သူတို့ရဲ့ IQ က တခြားသူများထက်သာလွန်ပါတယ်။ သူတို့က ကမ္ဘာကြီးကိုတိုးတက်ကောင်းမွန်စေဖို့အတွက် နည်းလမ်းသစ်များကိုအဆက်မပြတ်ရှာဖွေချင်သူများဖြစ်ပါတယ်။

Scorpio
နက်နဲတဲ့တွေးခေါ်ပညာရှင်လို့ ကင်းမြီးကောက်တွေကိုသတ်မှတ်ကြပါတယ်။ နက်နဲမှု၊ပြင်းထန်မှုနဲ့ လူ့သဘောသဘာဝကို လေးနက်စွာနားလည်မှုတို့ကြောင့် လူသိများပါတယ်။သူတို့က အမှန်တရားကိုဖော်ထုတ်ဖို့အတွက် မဆုတ်မနစ်တဲ့ စိတ်ပိုင်းဖြတ်မှုနဲ့အတူထက်မြက်တဲ့ဉာဏ်ပညာကိုပိုင်ဆိုင်ထားကြပါတယ်။ ဗျူဟာမြောက်တွေးခေါ်မှုနဲ့အတူစူးစမ်းမှုတွေကြောင့် ထင်ရှားကျော်ကြားတဲ့ ဉာဏ်ကောင်းသူ များဖြစ်ပါတယ်။ စိတ်ပညာ၊သုတေသနနဲ့ စုံစမ်းစစ်ဆေးခြင်းတို့လို့ နယ်ပယ်များမှာ ထူးချွန်ကြပါတယ်။

Gemini
စွယ်စုံရသူတွေလို့ ဒီရာသီခွင်တွေကို ပြောကြပါတယ်။ သူတို့တွေက ထူးချွန်ကြပါတယ်။လိုက်လျောညီထွေရှိမှုကြောင့်ထင်ရှားပါတယ်။ သူတို့က အမျိုးမျိုးအဖုံဖုံကိုပေါက်ရောက်အောင်လုပ်ဆောင်နိုင်တဲ့ ဉာဏ်ပညာရှိကြပါတယ်။ မတူညီတဲ့ဘာသာရပ်များဒါမှမဟုတ်အလုပ် များကြားမှာ လွယ်ကူစွာပြောင်းလဲနိုင်ကြပါတယ်။ သူတို့ရဲ့တက်ကြွတဲ့စူးစမ်းလိုစိတ်နဲ့ ကောင်းမွန်တဲ့ ဆက်သွယ်မှုစွမ်းရည်များကြောင့်ထင်ရှားပါတယ်။ သူတို့ကစာရေးခြင်း၊ သင်ကြားခြင်းနဲ့ မီဒီယာကဲ့သို့ နေရာမျိုးတွေမှာ ဖန်တီးနိုင်စွမ်းနဲ့ဉာဏ်ရည်ဉာဏ်သွေးပိုမို ထင်ပေါ်တတ်ကြပါတယ်။

Virgo
ခွဲခြမ်းစိတ်ဖြာပြီး ပြည်စုံသူလို့ နာမည်ကျော်ကြားတဲ့ သူတို့တွေကတော့အသေးစိတ်ခွဲခြမ်းစိပ်ဖြာနိုင်စွမ်းအတွက် ကျော်ကြားပါတယ်။ ပြဿနာများဖြေရှင်းဖို့အတွက်နည်းစနစ်ကျတဲ့ ချဉ်းကပ်မှုရှိပြီး ယုတ္တိရှိတဲ့ ခိုင်မာတဲ့သဘောရှိကြပါတယ်။ သူတို့ကတွေးခေါ်မှုစွမ်းရည်ရှိကြပြီး ဉာဏ်ထက်မြက်သူများဖြစ်ကြပါတယ်။ သူတို့တွေကိုသိပ္ပံ၊အင်ဂျင်နီယာ၊ စာရင်းကိုင်စတဲ့ အလုပ်တွေမှာ သူတို့ရဲ့တိကျမှုက ပိုပြီးထင်ပေါ်တတ်ပါတယ်။ဒီအလုပ်တွေနဲ့ ပိုပြီးကိုက်ညီကြပါတယ်။

MYit

zawgyi


Aquarius

Scorpio

Gemini

Virgo

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*