ဘက်ခမ်းရဲ့အချစ်ရေးကိစ္စတွေကိုသည်းခံခဲ့ကြောင်းပြောပြလာတဲ့ဗစ်တိုးရီးယားဘက်ခမ်း

ဒေးဗစ်ဘက်ခမ်းအကြောင်းရိုက်ကူးထားတဲ့ Documentary Series ‘Beckham’ ကို Netflix မှာပြသလျက်ရှိပါတယ်။ ဒီမှတ်တမ်းရုပ်ရှင်ထဲမှာတော့ ဒေးဗစ်နဲ့ဗစ်တိုးရီးယားဟာသူတို့နှုတ်ဆိတ်နေခဲ့တဲ့ အိမ်တွင်းရေးအရှုပ်အရှင်းတွေအကြောင်းကိုပွင့်ပွင့်လင်းလင်းထုတ်ဖော်လာခဲ့ပါတယ်။ဗစ်တိုးရီးယားက သူမခင်ပွန်းဟာဂျနီဖာလိုပက်ဇ်၊ ဘီယွန်ဆေးတို့နဲ့တွဲဖက်ရိုက်ကူးမှုတွေပြုတဲ့အခါအကြီးအကျယသဝန် တိုမိကြောင်းပြောပြပါတယ်။ ၂၀၀၄ ခုနစ်ဟာ သူတို့နှစ်ဦးအတွက်အဆိုးရွားဆုံးနှစ်အဖြစ် အမှတ်တရရှိနေခဲ့တယ်လို့ဆိုပါတယ်။

“၂၀၀၄ ခုနစ်ဟာကျွန်မတို့နှစ်ယောက်ရဲ့အိမ်ထောင်ရေးကိုအလှုပ်ခတ်နိုင်ဆုံးနှစ်ဖြစ်ခဲ့ပါတယ်။လူတွေကလည်းကျွန်မတို့ကိုပြောဆိုဝေဖန်နေကြတယ်။ကျွန်မတို့နှစ်ယောက်ကလည်းတစ်ယောက်နဲ့တစ်ယောက် ဆန့်ကျင်ဘက်တွေဖြစ်နေကြတယ်။ကျွန်မတို့ကအမြဲလိုလိုတစ်ယောက်အတွက်တစ်ယောက် ရှိနေပေးခဲ့ကြတာပါ။သူစပိန်ကိုပြောင်းချိန်မှာတော့ အဲလိုမဟုတ်တော့ပါဘူး” လို့ ဗစ်တိုးရီးယားကဖွင့်ဟခဲ့ပါတယ်။ဒေးဗစ်ဘက်ခမ်းဟာ ရီးယဲလ်မက်ဒရစ်ကိုပြောင်းစဉ် သူ့ရဲ့လက်ထောက်အမျိုးသမီး Rebecca Loos နဲ့မော်ဒယ်လ် Saran Marbeck တို့နဲ့ဖောက်ပြန်နေတယ်ဆိုတဲ့အကြောင်းစွပ်စွဲခံရစဉ်ကလုံးဝငြင်းဆန်ခဲ့ဖူးပါတယ်။ဒါပေမဲ့ခုချိန်မှာတော့ ဒါတွေဟာမှန်ကန်ကြောင်းဖွင့်ဟလာခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့သူတို့နှစ်ဦးဟာ အိမ်ထောင်သက် ၂၄ နှစ်ရှိပြီဖြစ်ပါတယ်။

Ju Ju

zawgyi

ေဒးဗစ္ဘက္ခမ္းအေၾကာင္း႐ိုက္ကူးထားတဲ့ Documentary Series ‘Beckham’ ကို Netflix မွာျပသလ်က္ရွိပါတယ္။ ဒီမွတ္တမ္း႐ုပ္ရွင္ထဲမွာေတာ့ ေဒးဗစ္နဲ႔ဗစ္တိုးရီးယားဟာသူတို႔ႏႈတ္ဆိတ္ေနခဲ့တဲ့ အိမ္တြင္းေရးအရႈပ္အရွင္းေတြအေၾကာင္းကိုပြင့္ပြင့္လင္းလင္းထုတ္ေဖာ္လာခဲ့ပါတယ္။ဗစ္တိုးရီးယားက သူမခင္ပြန္းဟာဂ်နီဖာလိုပက္ဇ္၊ ဘီယြန္ေဆးတို႔နဲ႔တြဲဖက္႐ိုက္ကူးမႈေတြျပဳတဲ့အခါအႀကီးအက်ယသဝန္ တိုမိေၾကာင္းေျပာျပပါတယ္။ ၂၀၀၄ ခုနစ္ဟာ သူတို႔ႏွစ္ဦးအတြက္အဆိုး႐ြားဆုံးႏွစ္အျဖစ္ အမွတ္တရရွိေနခဲ့တယ္လို႔ဆိုပါတယ္။

“၂၀၀၄ ခုနစ္ဟာကြၽန္မတို႔ႏွစ္ေယာက္ရဲ႕အိမ္ေထာင္ေရးကိုအလႈပ္ခတ္ႏိုင္ဆုံးႏွစ္ျဖစ္ခဲ့ပါတယ္။လူေတြကလည္းကြၽန္မတို႔ကိုေျပာဆိုေဝဖန္ေနၾကတယ္။ကြၽန္မတို႔ႏွစ္ေယာက္ကလည္းတစ္ေယာက္နဲ႔တစ္ေယာက္ ဆန႔္က်င္ဘက္ေတြျဖစ္ေနၾကတယ္။ကြၽန္မတို႔ကအၿမဲလိုလိုတစ္ေယာက္အတြက္တစ္ေယာက္ ရွိေနေပးခဲ့ၾကတာပါ။သူစပိန္ကိုေျပာင္းခ်ိန္မွာေတာ့ အဲလိုမဟုတ္ေတာ့ပါဘူး” လို႔ ဗစ္တိုးရီးယားကဖြင့္ဟခဲ့ပါတယ္။ေဒးဗစ္ဘက္ခမ္းဟာ ရီးယဲလ္မက္ဒရစ္ကိုေျပာင္းစဥ္ သူ႔ရဲ႕လက္ေထာက္အမ်ိဳးသမီး Rebecca Loos နဲ႔ေမာ္ဒယ္လ္ Saran Marbeck တို႔နဲ႔ေဖာက္ျပန္ေနတယ္ဆိုတဲ့အေၾကာင္းစြပ္စြဲခံရစဥ္ကလုံးဝျငင္းဆန္ခဲ့ဖူးပါတယ္။ဒါေပမဲ့ခုခ်ိန္မွာေတာ့ ဒါေတြဟာမွန္ကန္ေၾကာင္းဖြင့္ဟလာခဲ့တာျဖစ္ပါတယ္။ လက္ရွိမွာေတာ့သူတို႔ႏွစ္ဦးဟာ အိမ္ေထာင္သက္ ၂၄ ႏွစ္ရွိၿပီျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*