ထိုင်ဝမ်မင်းသားနဲ့တွဲနေတယ်ဆိုတဲ့ (G)I-DLE Shuhua ရဲ့ သတင်းကို ကောလဟာလလို့ သူမရဲ့အေဂျင်စီက ငြင်းဆို

Shuhua ရဲ့အေဂျင်စီဖြစ်တဲ့ Cube Entertainment က တာဝန်ရှိသူတဦးက Shuhua နဲ့ထိုင်ဝမ်မင်းသား Ko Chen Tung အကြားအချစ်ရေးကို အခြေအမြစ်မရှိတဲ့သတင်းစကားတွေသာဖြစ်တယ်လို့ ဇူလိုင်လ ၁၈ရက်နေ့က တရားဝင်ငြင်းဆိုလိုက်ပါတယ်။သူတို့နှစ်ယောက်ရဲ့ အချစ်ရေးနဲ့ပတ်သက်တဲ့ ကောလဟာလတွေ ၁၆ ရက်နေ့ကထွက်ပေါ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ Shuhua က သူမရဲ့ ကိုယ်ပိုင်ချန်နယ်မှာ Hey~ I love you ဆိုတဲ့ စာနဲ့ သူမရဲ့ဓာတ်ပုံများစွာကို တင်ထားခဲ့ပါတယ်။နောက်ပိုင်းတွင် ကိုရီးယားတွင် ပရိသတ်အတော်အတန်ရရှိထားသော The Girl We Loved at That Time ဇာတ်ကားရဲ့မင်းသားဖြစ်တဲ့ Ko Chen Tung က ပြုံးနေတဲ့ အီမိုဂျီတခုကိုကွန်မန့်မန့်ခဲ့ပါတယ်။

တရုတ်အင်တာနက်သုံးစွဲသူတို့က သူတို့နှစ်ယောက်ဆက်ဆံရေးရှိနေတာမဟုတ်လားနဲ့မှတ်ချက်က ဘာအဓိပ္ပာယ်လဲဆိုတဲ့ မှတ်ချက်များရေးသားခဲ့ကြပါတယ်။ Shuhua က ဇွန်လမှာ သူမက ထိုင်ဝမ်ကိုသွားခဲ့ပြီးထိုင်ဝမ်မင်းသားရဲ့မွေးနေ့ပွဲကိုတက်ရောက်ခဲ့တာကြောင့် အာရုံ စိုက်မှုကိုခံခဲ့ရပါတယ်။အငြင်းပွားမှုများ ကြီးထွားတာတဲ့အခါမှာ မင်းသားက သူ့ရဲ့မှတ်ချက်ကို ဖျက်သွားခဲ့ပါတယ်။ဒီအတောအတွင်း (G)I-DLE က သူတို့ရဲ့ သတ္တမမြောက် မီနီအယ်လ်ဘမ် “I SWAY” ကို 8 ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။ သူတို့က Klaxon ခေါင်းစဉ်သီ ချင်းနဲ့ ပရိုမိုးရှင်းလုပ်နေပါတယ်။

MYit

zawgyi



MYit

Be the first to comment

Leave a Reply

Your email address will not be published.


*