Job ဆိုတာခဏတာပါ Skills ကသာထာဝရပါမယ့်အရာ

ကိုယ့်အတွက်လစာရော၊ အလုပ်လုပ်ရတဲ့ပတ်ဝန်းကျင်ရောအဆင်ပြေတဲ့အလုပ်သမားအခွင့်အရေးအပြည့်အဝရတဲ့ အလုပ်မျိုးဆိုတာရှာရခက်သလိုထိန်းသိမ်းထားဖို့လည်းခက်ပါတယ်။အကြောင်းအမျိုးမျိုးကြောင့် အလုပ်နေရာတစ်ခုကိုလက်လွှတ်ဆုံးရှုံးနိုင်တာသဘာဝပါ။
ကိုဗစ်အတွင်းမှာတင် အလုပ်နားလိုက်ရသူတွေအများကြီးရှိတာဖြစ်သလို နည်းပညာခေတ်ကြောင့်ကိုယ့်အလုပ်နေရာကို ဖယ်ပေးလိုက်ရတာတွေလည်းအများကြီးပါပဲ။လေယာဉ်လိုင်းတွေ၊ ကားထုတ်လုပ်ရေးတွေကနေ အမြန်စာရောင်းတဲ့စားသောက်ဆိုင်တွေအဆုံးဝန်ထမ်းလျှော့ချပြီး ဘတ်ဂျက်ချွေတာလာကြတာကိုလည်းတွေ့ကြရမှာပါ။ဒီလိုအလုပ်လက်မဲ့ဖြစ်နေတဲ့လူတွေအများကြီးကြားထဲမှာပဲ ဘာပဲလုပ်ရလုပ်ရ၊လစာဘယ်လောက်ရရဆိုတဲ့ အလုပ်ဝင်ခါစလူငယ်လေးတွေလည်းရှိနေပါသေးတယ်။ Career တစ်ခုကိုအခြေချပြီးတဲ့လူ ကြီးတွေအနေနဲ့ ဒီဘက်ခေတ်မှာ ကုမ္ပဏီတစ်ခုရဲ့ ရာထူးကောင်း၊နေရာကောင်းဆိုတာကိုဖက်တွယ်ထားလို့မရပါဘူး။

အလုပ်တစ်ခုမှာလုပ်သက်ကြာလို့အဆင်ပြေတဲ့နေရာတစ်ခုကိုရရှိထားတယ်၊အေးအေးဆေးဆေးဝင်ငွေရနေတယ်ဆိုတဲ့အနေအထားကနေ ဝန်ထမ်းလျှော့တဲ့အထဲပါပြီးဘာလုပ်ရမှန်းမသိ ဘယ်သွားရမှန်းမသိလည်းဖြစ်သွားနိုင်ပါတယ်။ဒါ့ကြောင့် လူတစ်ယောက်ဟာ ငါကမန်နေဂျာဆိုတဲ့ရာထူးတစ်ခုကိုမှီပြီးနေတာထက်ငါ့မှာမန်နေဂျာတစ်ယောက်ရဲ့ တကယ့်အရည်အချင်းတွေရှိလား၊ ဘယ်နယ်ပယ်ကိုပဲသွားသွားမန်နေဂျာနေရာကို အေးအေးဆေးဆေးကိုင်တွယ်နိုင်သလား၊ ဘယ်ကိုသွားသွားအလုပ်ရှင်တွေကလက်ယပ်ခေါ်ချင်လောက်တဲ့ Skills တွေငါ့မှာရှိရဲ့လားဆိုတာကိုစဉ်းစားထားရမှာဖြစ်ပါတယ်။ ဒီအလုပ်တစ်ခုမှာ မန်နေဂျာဖြစ်နေရုံနဲ့ တခြားကုမ္ပဏီမှာပါမန်နေဂျာရာ ထူးတန်းရဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ကိုယ့်မှာအရည်အချင်းနဲ့ Skills တွေရှိနေရင်တော့မန်နေဂျာထက်မြင့်တဲ့ရာထူးလည်းရနိုင်မှာဖြစ်ပါတယ်။

ဒါ့ကြောင့်လည်း အလုပ်လုပ်နေသူတိုင်းဟာ ကိုယ်နဲ့အတူပါသွားနိုင်တဲ့ကျွမ်းကျင်မှု Transferable Skillsရှိဖို့ အာရုံစိုက်ရမှာဖြစ်ပါတယ်။ ဥပမာ – ဆရာကောင်းတစ်ယောက်ဟာ ဘယ်အလုပ်မှာပဲဝင်လုပ်လုပ်လူတွေကိုနားလည်အောင်ပြောနိုင်စွမ်းရှိတဲ့ လူတွေကိုလွှမ်းမိုးနိုင်တဲ့ လူအများကြီးကိုမလန့်တတ်တဲ့စွမ်းရည်တွေသူ့မှာရှိနေမှာပဲဖြစ်ပါတယ်။ Communication Skill ရှိသူတစ်ယောက်ဟာလည်း Sales
အပိုင်းမှာပဲလုပ်မလား၊ Management ပိုင်းကိုပဲဝင်လုပ်မလား၊ Marketing မှာလုပ်မလား စသဖြင့်နယ်ပယ်များစွာအတွက်အဆင်ပြေစေမှာဖြစ်ပါတယ်။ Event Planner လုပ်နိုင်တဲ့အရည်အချင်းရှိရင် Project Manager လုပ်နိုင်ဖို့အတွက်လည်း ကူးပြောင်းနိုင်မှာဖြစ်ပါတယ်။ Creativity နဲ့ Problem Solving Skill စတာတွေကလည်း ဘယ်နေရာကိုဖြစ်ဖြစ်သယ်ဆောင်သွားနိုင်တဲ့ Soft Skills တွေဖြစ်ပါတယ်။ Transferable Skills ထဲမှာ Hard Skills တွေလည်းရှိပါတယ်။ Photoshop လိုမျိုး Adobe Software တစ်ခုခုကျွမ်းကျင်သ လား၊ နိုင်ငံခြားဘာသာစကားတစ်ခုခုကိုကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်သလားစသဖြင့်ဆိုလိုပါတယ်။ ဒါတွေဟာလည်း ကိုယ်နဲ့အတူအမြဲပါသွားနိုင်မယ့် Hard Skills တွေပဲဖြစ်ပါတယ်။

အလုပ်လုပ်နေသူတိုင်းဟာ ငါဒီကနေအလုပ်ပြုတ်ခဲ့ရင်ရောငါ့အရည်အချင်းနဲ့အလုပ်သစ်ထပ်ရဖို့လွယ်သလား၊ ဘယ်ကိုဖြစ်ဖြစ်ခေါင်းမော့ပြီးသွားလို့ရတဲ့ Skill တစ်ခုခုငါ့မှာရှိနေရဲ့လားဆိုတာကို အမြဲတမ်းစဉ်းစားရမှာဖြစ်ပါတယ်။ကိုယ်ရချင်တဲ့ရာထူးနေရာအတွက် ဖြည့်ရမယ့် Skill တွေရှိရင်လည်း ကြိုဖြည့်ထားဖို့လိုပါတယ်။ဘာမှမတည်မြဲတဲ့လောကကြီးမှာ ကိုယ့်ရဲ့အရည်အချင်းအစစ်ကသာ ထာဝရတည်မြဲမယ့်အရာ၊ကိုယ့်ကိုကယ်တင်မယ့်အရာဖြစ်ပါတယ်။

Ju Ju

zawgyi

ကိုယ့္အတြက္လစာေရာ၊ အလုပ္လုပ္ရတဲ့ပတ္ဝန္းက်င္ေရာအဆင္ေျပတဲ့အလုပ္သမားအခြင့္အေရးအျပည့္အဝရတဲ့ အလုပ္မ်ိဳးဆိုတာရွာရခက္သလိုထိန္းသိမ္းထားဖို႔လည္းခက္ပါတယ္။အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အလုပ္ေနရာတစ္ခုကိုလက္လႊတ္ဆုံးရႈံးႏိုင္တာသဘာဝပါ။
ကိုဗစ္အတြင္းမွာတင္ အလုပ္နားလိုက္ရသူေတြအမ်ားႀကီးရွိတာျဖစ္သလို နည္းပညာေခတ္ေၾကာင့္ကိုယ့္အလုပ္ေနရာကို ဖယ္ေပးလိုက္ရတာေတြလည္းအမ်ားႀကီးပါပဲ။ေလယာဥ္လိုင္းေတြ၊ ကားထုတ္လုပ္ေရးေတြကေန အျမန္စာေရာင္းတဲ့စားေသာက္ဆိုင္ေတြအဆုံးဝန္ထမ္းေလွ်ာ့ခ်ၿပီး ဘတ္ဂ်က္ေခြၽတာလာၾကတာကိုလည္းေတြ႕ၾကရမွာပါ။ဒီလိုအလုပ္လက္မဲ့ျဖစ္ေနတဲ့လူေတြအမ်ားႀကီးၾကားထဲမွာပဲ ဘာပဲလုပ္ရလုပ္ရ၊လစာဘယ္ေလာက္ရရဆိုတဲ့ အလုပ္ဝင္ခါစလူငယ္ေလးေတြလည္းရွိေနပါေသးတယ္။ Career တစ္ခုကိုအေျခခ်ၿပီးတဲ့လူ ႀကီးေတြအေနနဲ႔ ဒီဘက္ေခတ္မွာ ကုမၸဏီတစ္ခုရဲ႕ ရာထူးေကာင္း၊ေနရာေကာင္းဆိုတာကိုဖက္တြယ္ထားလို႔မရပါဘူး။

အလုပ္တစ္ခုမွာလုပ္သက္ၾကာလို႔အဆင္ေျပတဲ့ေနရာတစ္ခုကိုရရွိထားတယ္၊ေအးေအးေဆးေဆးဝင္ေငြရေနတယ္ဆိုတဲ့အေနအထားကေန ဝန္ထမ္းေလွ်ာ့တဲ့အထဲပါၿပီးဘာလုပ္ရမွန္းမသိ ဘယ္သြားရမွန္းမသိလည္းျဖစ္သြားႏိုင္ပါတယ္။ဒါ့ေၾကာင့္ လူတစ္ေယာက္ဟာ ငါကမန္ေနဂ်ာဆိုတဲ့ရာထူးတစ္ခုကိုမွီၿပီးေနတာထက္ငါ့မွာမန္ေနဂ်ာတစ္ေယာက္ရဲ႕ တကယ့္အရည္အခ်င္းေတြရွိလား၊ ဘယ္နယ္ပယ္ကိုပဲသြားသြားမန္ေနဂ်ာေနရာကို ေအးေအးေဆးေဆးကိုင္တြယ္ႏိုင္သလား၊ ဘယ္ကိုသြားသြားအလုပ္ရွင္ေတြကလက္ယပ္ေခၚခ်င္ေလာက္တဲ့ Skills ေတြငါ့မွာရွိရဲ႕လားဆိုတာကိုစဥ္းစားထားရမွာျဖစ္ပါတယ္။ ဒီအလုပ္တစ္ခုမွာ မန္ေနဂ်ာျဖစ္ေန႐ုံနဲ႔ တျခားကုမၸဏီမွာပါမန္ေနဂ်ာရာ ထူးတန္းရဖို႔ဆိုတာမျဖစ္ႏိုင္ပါဘူး။ ဒါေပမဲ့ ကိုယ့္မွာအရည္အခ်င္းနဲ႔ Skills ေတြရွိေနရင္ေတာ့မန္ေနဂ်ာထက္ျမင့္တဲ့ရာထူးလည္းရႏိုင္မွာျဖစ္ပါတယ္။

ဒါ့ေၾကာင့္လည္း အလုပ္လုပ္ေနသူတိုင္းဟာ ကိုယ္နဲ႔အတူပါသြားႏိုင္တဲ့ကြၽမ္းက်င္မႈ Transferable Skillsရွိဖို႔ အာ႐ုံစိုက္ရမွာျဖစ္ပါတယ္။ ဥပမာ – ဆရာေကာင္းတစ္ေယာက္ဟာ ဘယ္အလုပ္မွာပဲဝင္လုပ္လုပ္လူေတြကိုနားလည္ေအာင္ေျပာႏိုင္စြမ္းရွိတဲ့ လူေတြကိုလႊမ္းမိုးႏိုင္တဲ့ လူအမ်ားႀကီးကိုမလန႔္တတ္တဲ့စြမ္းရည္ေတြသူ႔မွာရွိေနမွာပဲျဖစ္ပါတယ္။ Communication Skill ရွိသူတစ္ေယာက္ဟာလည္း Sales
အပိုင္းမွာပဲလုပ္မလား၊ Management ပိုင္းကိုပဲဝင္လုပ္မလား၊ Marketing မွာလုပ္မလား စသျဖင့္နယ္ပယ္မ်ားစြာအတြက္အဆင္ေျပေစမွာျဖစ္ပါတယ္။ Event Planner လုပ္ႏိုင္တဲ့အရည္အခ်င္းရွိရင္ Project Manager လုပ္ႏိုင္ဖို႔အတြက္လည္း ကူးေျပာင္းႏိုင္မွာျဖစ္ပါတယ္။ Creativity နဲ႔ Problem Solving Skill စတာေတြကလည္း ဘယ္ေနရာကိုျဖစ္ျဖစ္သယ္ေဆာင္သြားႏိုင္တဲ့ Soft Skills ေတြျဖစ္ပါတယ္။ Transferable Skills ထဲမွာ Hard Skills ေတြလည္းရွိပါတယ္။ Photoshop လိုမ်ိဳး Adobe Software တစ္ခုခုကြၽမ္းက်င္သ လား၊ ႏိုင္ငံျခားဘာသာစကားတစ္ခုခုကိုကြၽမ္းကြၽမ္းက်င္က်င္တတ္ေျမာက္သလားစသျဖင့္ဆိုလိုပါတယ္။ ဒါေတြဟာလည္း ကိုယ္နဲ႔အတူအၿမဲပါသြားႏိုင္မယ့္ Hard Skills ေတြပဲျဖစ္ပါတယ္။

အလုပ္လုပ္ေနသူတိုင္းဟာ ငါဒီကေနအလုပ္ျပဳတ္ခဲ့ရင္ေရာငါ့အရည္အခ်င္းနဲ႔အလုပ္သစ္ထပ္ရဖို႔လြယ္သလား၊ ဘယ္ကိုျဖစ္ျဖစ္ေခါင္းေမာ့ၿပီးသြားလို႔ရတဲ့ Skill တစ္ခုခုငါ့မွာရွိေနရဲ႕လားဆိုတာကို အၿမဲတမ္းစဥ္းစားရမွာျဖစ္ပါတယ္။ကိုယ္ရခ်င္တဲ့ရာထူးေနရာအတြက္ ျဖည့္ရမယ့္ Skill ေတြရွိရင္လည္း ႀကိဳျဖည့္ထားဖို႔လိုပါတယ္။ဘာမွမတည္ၿမဲတဲ့ေလာကႀကီးမွာ ကိုယ့္ရဲ႕အရည္အခ်င္းအစစ္ကသာ ထာဝရတည္ၿမဲမယ့္အရာ၊ကိုယ့္ကိုကယ္တင္မယ့္အရာျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*