Marry My Husband ထဲက Park Min Young ရဲ့ရုံးတက်ဝတ်စုံဝေဖန်ခံနေရ

လတ်တလောလူကြိုက်များနေတဲ့ Marry My Husband ဇာတ်လမ်းတွဲထဲက Park Min Young ရဲ့ရုံးတက်ဝတ်စုံဟာ လက်တွေ့ ရုံး တက်ဖက်ရှင်တွေနဲ့ကွာဟလွန်းတာမို့ ဝေဖန်ခံနေရပါတယ်။သူမက ပခုံးတစ်ဖက်ဖော်ထားတဲ့ အကျီနက်ပြာလေးကိုဝတ်ဆင်ထားခဲ့တာပါ။ဒါကို ကိုရီးယားပရိသတ်တွေက “ရုံးမှာအဲလိုဝတ်လို့ရလို့လား၊” “အဲလိုဝတ်လို့ရတဲ့ရုံးဆိုရင်တော့ တော်တော်လေးလွတ်လပ်မှုပေးတာပဲနော်” “သူက ရုံးတွေကိုရောရောက်ဖူးရဲ့လား” “တကယ်ကြီးအဲလိုဝတ်လို့ရတာလား”စသဖြင့် Comment တွေပေးပြီးဝေဖန်နေကြတာဖြစ်ပါတယ်။

Marry My Husband မှာ Park Min Young ဟာ ကင်ဆာနဲ့သေဆုံးသွားခဲ့ပေမယ့် ဖောက်ပြန်နေတဲ့ခင်ပွန်းနဲ့ သူငယ်ချင်းဖြစ်သူကိုလက်စားချေနိုင်ဖို့ မသေဆုံးခင် ၁၀ နှစ်ကာလကိုပြန်လည်သွားရောက်ခဲ့ရတာဖြစ်ပါတယ်။ဇာတ်လမ်းတွဲဟာ လက်ရှိမှာ Rating ကောင်းနေပေမယ့် မင်းသမီးရဲ့ဖက်ရှင်ရွေးချယ်မှုကတော့ ရယ်မောခံနေရတာဖြစ်ပါတယ်။

Ju Ju

zawgyi



Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*