မူးယစ်ဆေးသုံးစွဲမှုနဲ့ တရားရင်ဆိုင်ရတော့မယ့် Yoo Ah In

Yoo Ah In ဟာ ရုပ်ရှင်ကားကောင်းများစွာနဲ့ ဇာတ်လမ်းတွဲတွေမှာကျရာဇာတ်ရုပ်ကိုပီပြင်အောင်သရုပ်ဆောင်နိုင်ပြီး ထူးချွန်ဆုတွေရရှိထားတဲ့မင်းသားတစ်ယောက်ပါ။ ၂၀၁၈ ခုနစ်မှာ The New York Times ကရွေးချယ်တဲ့ The Best Actors of 2018 မှာပါဝင်ခဲ့သူလည်းဖြစ်ပါတယ်။ Secret Affair ၊ Punch ၊ Veteran ၊ The Throne ၊ Six Flying Dragons နဲ့ Hellbound တို့လိုနာမည်ကြီးရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲတွေမှာသရုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။အောက်တိုဘာလ ၁၉ ရက်နေ့က မင်းသား Yoo Ah In ကို ဆိုးလ်ခရိုင်တရားရုံးက
တရားမဝင်မူးယစ်ဆေးပုံမှန်သုံးစွဲနေမှုအပါအဝင် အမှုပေါင်း ၅ ခုနဲ့တရားဝင်စွဲချက်တင်ခဲ့ပါတယ်။

Yoo Ah In ဟာ၂၀၂၀ ခုနစ်ကနေ ၂၀၂၂ အထိ ကျန်းမာရေးအရဆိုတဲ့ခေါင်းစဉ်အောက်ကနေတရားမဝင်မူးယစ်ဆေးသုံးစွဲနေခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ဒါအပြင် ၂၀၂၁ ခုနစ် မေလကနေ ၂၀၂၂ ခုနစ်ဩဂုတ်လအထိ အိပ်ဆေးအမျိုးမျိုးကို တစ်ပါးသူနာမည်နဲ့အလွဲသုံးစားလုပ်ပြီးသုံးစွဲမှု၊အမေရိကားမှာရှိစဉ်က အမျိုးသား ၅ ဦးနဲ့အတူမူးယစ်ဆေးသုံးစွဲမှု၊ မျက်မြင်သက်သေကိုချိန်းခြောက်မှု၊ထွက်ပြေးရန်ကြိုးပမ်းမှုတွေနဲ့ တရားစွဲဆိုခံရတာဖြစ်ပါတယ်။ဒီလိုစွဲချက်တွေကြောင့် သူဟာတရားရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။သူ့ရဲ့မပြီးပြတ်သေးတဲ့အမှုတွေကြောင့် နောက်ထပ်ထွက်ရှိလာမယ့် Goodbye Earth ဇာတ်လမ်းတွဲနဲ့ The Match ရုပ်ရှင်ကားတွေကို ထွက်ရှိရက်ရွှေ့ဆိုင်းထားတယ်လို့သိရပါတယ်။

Ju Ju

zawgyi

Yoo Ah In ဟာ ႐ုပ္ရွင္ကားေကာင္းမ်ားစြာနဲ႔ ဇာတ္လမ္းတြဲေတြမွာက်ရာဇာတ္႐ုပ္ကိုပီျပင္ေအာင္သ႐ုပ္ေဆာင္ႏိုင္ၿပီး ထူးခြၽန္ဆုေတြရရွိထားတဲ့မင္းသားတစ္ေယာက္ပါ။ ၂၀၁၈ ခုနစ္မွာ The New York Times ကေ႐ြးခ်ယ္တဲ့ The Best Actors of 2018 မွာပါဝင္ခဲ့သူလည္းျဖစ္ပါတယ္။ Secret Affair ၊ Punch ၊ Veteran ၊ The Throne ၊ Six Flying Dragons နဲ႔ Hellbound တို႔လိုနာမည္ႀကီး႐ုပ္ရွင္နဲ႔ ဇာတ္လမ္းတြဲေတြမွာသ႐ုပ္ေဆာင္ခဲ့သူျဖစ္ပါတယ္။ေအာက္တိုဘာလ ၁၉ ရက္ေန႔က မင္းသား Yoo Ah In ကို ဆိုးလ္ခ႐ိုင္တရား႐ုံးက
တရားမဝင္မူးယစ္ေဆးပုံမွန္သုံးစြဲေနမႈအပါအဝင္ အမႈေပါင္း ၅ ခုနဲ႔တရားဝင္စြဲခ်က္တင္ခဲ့ပါတယ္။

Yoo Ah In ဟာ၂၀၂၀ ခုနစ္ကေန ၂၀၂၂ အထိ က်န္းမာေရးအရဆိုတဲ့ေခါင္းစဥ္ေအာက္ကေနတရားမဝင္မူးယစ္ေဆးသုံးစြဲေနခဲ့တာျဖစ္တယ္လို႔သိရပါတယ္။ ဒါအျပင္ ၂၀၂၁ ခုနစ္ ေမလကေန ၂၀၂၂ ခုနစ္ဩဂုတ္လအထိ အိပ္ေဆးအမ်ိဳးမ်ိဳးကို တစ္ပါးသူနာမည္နဲ႔အလြဲသုံးစားလုပ္ၿပီးသုံးစြဲမႈ၊အေမရိကားမွာရွိစဥ္က အမ်ိဳးသား ၅ ဦးနဲ႔အတူမူးယစ္ေဆးသုံးစြဲမႈ၊ မ်က္ျမင္သက္ေသကိုခ်ိန္းေျခာက္မႈ၊ထြက္ေျပးရန္ႀကိဳးပမ္းမႈေတြနဲ႔ တရားစြဲဆိုခံရတာျဖစ္ပါတယ္။ဒီလိုစြဲခ်က္ေတြေၾကာင့္ သူဟာတရားရင္ဆိုင္ရေတာ့မွာျဖစ္ပါတယ္။သူ႔ရဲ႕မၿပီးျပတ္ေသးတဲ့အမႈေတြေၾကာင့္ ေနာက္ထပ္ထြက္ရွိလာမယ့္ Goodbye Earth ဇာတ္လမ္းတြဲနဲ႔ The Match ႐ုပ္ရွင္ကားေတြကို ထြက္ရွိရက္ေ႐ႊ႕ဆိုင္းထားတယ္လို႔သိရပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*