ပြစ်မှုကင်းရှင်းပြီးတဲ့နောက်အေဂျင်စီအသစ်နဲ့အလုပ်တွေပြန်စတော့မယ့် G Dragon

Big Bang အဖွဲ့ဝင်တစ်ယောက်အနေနဲ့ရော၊ တစ်ကိုယ်တော်အနေနဲ့ပါ အနုအညာလှုပ်ရှားမှုတွေလုပ်ခဲ့တဲ့ G Dragon ဟာ မကြာသေးခင်လတွေက မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့စွပ်စွဲခံခဲ့ရတာဖြစ်ပါတယ်။စစ်ဆေးမှုတွေပြုလုပ်ပြီးတဲ့နောက်မှာတော့ သူဟာအပြစ်ကင်းကြောင်းသက်သေပြနိုင်တဲ့အတွက်လက်ရှိမှာအေးအေးဆေးဆေးရှိနေပြီဖြစ်ပါတယ်။ YG Entertainment နဲ့ ၁၇ နှစ်ကြာလက်တွဲခဲ့တဲ့သူဟာ
လက်ရှိမှာတော့ အေဂျင်စီအသစ်ဖြစ်တဲ့ Galaxy Corporation နဲ့စာချုပ်အသစ်ချုပ်ဆိုလိုက်ပြီလို့သိရပါတယ်။

မကြာခင်မှာ G Dragon အနေနဲ့ သူ့ရဲ့ Fan တွေနဲ့တွေ့ဆုံပွဲလေးလုပ်ဖို့စီစဉ်ထားကြောင်း Galaxy Corporation ကပြောကြားခဲ့ပါတယ်။
G Dragon က “ကျွန်တော်နဲ့Fan တွေရဲ့အချစ်တွေ၊ ပေါင်းစည်းမှုအားတွေက မတရားစွပ်စွဲခံရခြင်းတွေ၊တရားမမျှတခြင်းတွေ၊ဘက် လိုက်ခြင်းတွေကို ရင်ဆိုင်တိုက်ထုတ်နိုင်ခဲ့ပါတယ်။ဒီလိုအခြေအနေတွေကိုရင်ဆိုင်ကြရတဲ့ တခြားသောအနုပညာရှင်တွေကိုလည်းကူညီပေးနိုင်ဖို့လိုပါတယ်။အနာဂတ်ရဲ့အနုပညာရှင်တွေကိုလည်း ဒီလိုတွန်းလှန်ရဲလာအောင်လုပ်ဆောင်ပေးရမယ်”လို့ရေးသားခဲ့ပါတယ်။

Ju Ju

zawgyi



Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*